မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွေ့က ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို လက်ရှိအချိန်အထိ စတင်မှု အလွန် ကောင်းပါတယ်လို့ ချီးကျူးခဲ့ပြီး မန်ယူအသင်းက လူတိုင်းကိုလည်း အဆင့် ပိုမြင့်တင်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပေါ်တူဂီနိုင်ငံက စပို့တင်း လစ္စဘွန်အသင်းကနေ ခေါ်ယူခဲ့စဉ်ကတည်းက ကြီးမားတဲ့ အကျိုးရလဒ် နဲ့ ကောင်းမွန်တဲ့ ရလဒ်ကို ရရှိလာခဲ့ကြတာ ဖြစ်ပါတယ။

 

 

Photo Credit: Goal

မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပေါင် သန်း (၅၀) နဲ့ ခေါ်ယူသွားခဲ့တာ ဖြစ်ပြီး ကွင်းလယ်လူ ဖာနန်ဒက်စ်ကတော့ ကွင်းတွင်း စွမ်းဆောင်ရည်တွေနဲ့ သူ့ရဲ့ အပြောင်းအရွေ့ တန်ကြေးထက် ပိုပြီး ထိုက်တန်တယ် ဆိုတာကို အလျှင်အမြန် သက်သေပြသသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူပြီးနောက် နောက်ဆုံး ကစားသွားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၆) ပွဲဆက် ရှုံးပွဲ မရှိသေးတာ ဖြစ်ပြီး မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ကွင်းလယ်လူ ဖာနန်ဒက်စ်က မန်ယူအသင်းက လူတိုင်းကို အဆင့် ပိုမြင့်တင်ခဲ့တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Goal

သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ဆိုးလ်ရှားက “ဒါက နှစ်ဖက်စလုံးအတွက် ကောင်းတယ်လို့ပဲ ကျွန်တော် မြင်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က မန်ယူအသင်းကို ရောက်ရှိလာခဲ့တယ်။ သူက မန်ယူအသင်းမှာ ကစားသမားကောင်း များစွာကို မြင်ခဲ့ရပါတယ်။ နောက်ပြီး ကျွန်တော်တို့က သူ့ကို ကူညီပေးခဲ့တယ်။ သူကလည်း ပေးဆပ်ကစားတယ်။ ဒါက ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့က သူ့ကို ပိုကောင်းအောင် ကူညီပေးခဲ့တယ် ဆိုတာကိုလည်း သူကိုယ်တိုင် ခံစားရနိုင်ပါတယ်။ သူက မန်ယူအသင်းကို ရောက်ရှိလာခဲ့ပြီး မန်ယူအသင်းက လူတိုင်းကို အဆင့် ပိုပြီး မြင့်တင်ခဲ့ပါတယ်။ အခုအချိန်အထိ သူ့ရဲ့ အစပြုမှုက အလွန်း၊ အလွန် ကောင်းနေပါတယ်”လို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။