မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ သူတို့အသင်းရဲ့အဓိကကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ဒဏ်ရာပြသာနာတွေကြောင့် အသင်းမှာ သုံးစွဲခွင့်သိပ်မရခဲ့ပဲ အနားပေးထားခဲ့ရတာဟာဆိုရင် စုစုပေါင်း ၄ ၅လလောက်ထိကို ရှိပြီဖြစ်ပါတယ်။ အခုတော့ ပေါ့ဘာက သူရဲ့ဒဏ်ရာတွေ အားလုံးပေါက်ကင်းစပြုနေပြီဖြစ်လို့ မကြာခင်မှာပဲ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းတော့မှာဖြစ်သလို အသင်းအတွက်လည်း ပွဲထွက်ကစားပေးတော့မှာဖြစ်လို့ အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ယူနိုက်တက်နည်းပြဆိုးလ်ရှားက စိတ်လှုပ်ရှားလျက်ရှိလို့နေပါတယ်။

Photo Credit : Getty Image

အသက်၂၆နှစ်အရွှယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ စက်တင်ဘာလလောက်ကတည်းက ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေခဲ့ရာကနေ ဒီဇင်ဘာလလောက်မှာ ပြန်လည်သက်သာလို့ အသင်းနဲ့ ၂ပွဲခန့် ပါဝင်ကစားပေးခဲ့ပေမယ့် ဒဏ်ရာက အခြေအနေပြန်လည်ဆိုးရွှားလာခဲ့လို့ ခွဲစိတ်မှုခံယူခဲ့ရပြီး အခုမတ်လအထိကို ဆက်လက်အနားယူနေခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ပေါ့ဘာဟာ ဒဏ်ရာသက်သာလာခဲ့ပြီဖြစ်လို့ လာမယ့် LASK အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်လောက်မှာ ပါဝင်လာဖွယ်ရှိနေပြီး ဖရက်ဒ် မာတစ်တို့အပြင် ကစားသမားသစ်လေး ဘရူနိုဖာနန်ဒက်စ်တို့နဲ့ တွဲဖက်ကစားရဖွယ်ရှိလို့နေပါတယ်။

Photo Credit : Getty Image

ပေါ့ဘာအနေနဲ့ ဒီလိုရက်ပိုင်းများစွာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ယူနိုက်တက်က စပို့တင်းလစ္စဘွန်းကနေ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကို အသင်းဆီ ခေါ်ဆောင်ခဲ့ပြီး အခုဆိုရင် ဖာနန်ဒက်စ်ကလည်း ယူနိုက်တက်မှာ အလျင်အမြန် အထိုင်ကျခဲ့ကာ အခုဆိုရင် ပြိုင်ပွဲစုံသွင်းဂိုး၃ဂိုးတောင် ရယူပေးထားခဲ့ပါတယ်။ လက်ရှိ ယူနိုက်တက်ကွင်းလယ်မှာ ဖရက်ဒ်နဲ့ မာတစ်တို့ကလည်း ခြေစွမ်းပြနေပြီး တွမ်မီနေးကတော့ ဒဏ်ရာကနေ သက်သာခါစဖြစ်လို့ အရင်ကလောက်တော့ ခြေစွမ်းပြနိုင်သေးခြင်းမရှိတဲ့အတွက် ပေါ့ဘာသာ ပြန်ကောင်းလာမယ်ဆိုရင် ပေါ့ဘာ ဖာနန်ဒက်စ် မာတစ် ဖရက်ဒ်အတွဲကို စိန်ပွင့်ပုံစံနဲ့ အသုံးပြုလာနိုင်တယ်လို့ ဆိုးလ်ရှားက ပြောဆိုလာခဲ့ပါတယ်။ တွမ်မီနေး မာတာ တာဟစ်ချောင် လင်ဂတ်တို့အနေနဲ့ကလည်း အသင်းက အက်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေ ဆင်နွဲစရာတွေ ရှိနေသေးတာဖြစ်လို့ သူတို့အနေနဲ့ အသင်းအတွက် ရံဖန်ရံခါ ဝင်ရောက်ကစားပေးခွင့်ရမှာဖြစ်လို့ လက်ရှိမှာတော့ ယူနိုက်တက်ရဲဲ့လူစာရင်းအခြေအနေက စိတ်ကျေနပ်စရာကောင်းတဲ့ အနေအထားတစ်ခုမှာ ရှိနေမှာပါ။