မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ နည္းၿပ ဆိုးလ္ရွားကေတာ့ အာဆင္နယ္အသင္းကို ႏွစ္ဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ ရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ သူ႔ကို ေဝဖန္ခဲ့တဲ့ အသင္းရဲ့ကစားသမားေဟာင္း ဗန္ပါစီကို ခပ္မာမာ ျပန္လည္ တုံ႔ျပန္သြားခဲ့ပါတယ္။ ဗန္ပါစီဟာ ဆိုးလ္ရွားကို အသင္းရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး အင္တာဗ်ဴးမွာ ျပဳံးရယ္ေနတာနဲ႔ ပတ္သတ္ကာ ေဝဖန္ျပစ္တင္ခဲ့တာလည္း ျဖစ္ပါတယ္။

Photo Credit: Metro.com

အာဆင္နယ္အသင္းနဲ႔ပြဲစဥ္အၿပီးမွာ ဗန္ပါစီက ဆိုးလ္ရွားအေပၚ ” အိုေလ(ဆိုးလ္ရွား)ေျပာတဲ့ စကားေတြကို ကၽြန္ေတာ္နားေထာင္ၾကည့္တဲ့အခါ သူ႔ရဲ့စကားေတြက လူႀကီးလူေကာင္းတစ္ဦးနဲ႔ တူေနပါတယ္။ ဒါေပမယ့္ ဒီလိုမ်ိဳးအခ်ိန္မွာ သူ႔အေနနဲ႔ ဒီထက္ပိုတဲ့ ခံစားခ်က္ေတြကို ထုတ္ျပသင့္ပါတယ္။ ဒီလိုရွုံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ သူ ျပဳံးေနတာကို ကၽြန္ေတာ္ ေတြ႕ခဲ့ပါတယ္။ ဒါက ျပဳံးေနရမယ့္အခ်ိန္မဟုတ္ပါဘူး ” လို႔ ေဝဖန္ခဲ့တာပါ။

Photo Credit: Metro.com

လက္ရွိမွာေတာ့ ဆိုးလ္ရွားဟာ ဗန္ပါစီရဲ့ ေဝဖန္မွုအေပၚ ျပန္လည္တုံ႔ျပန္သြားခဲ့ၿပီး ဗန္ပါစီနဲ႔သူဟာ တစ္ဦးနဲ႔တစ္ဦး မသိသူမ်ားျဖစ္ကာ ဗန္ပါစီအေနနဲ႔ ယူနိုက္တက္မွာ မိမိရဲ့ ေက်ာနံပါတ္ကို ရယူခဲ့႐ုံသာရွိေၾကာင္း ၊ ဒါ့အျပင္ သူ႔ရဲ့ စီမံခန႔္ခြဲမွုအေပၚလည္း ဗန္ပါစီက ေဝဖန္ခြင့္မရွိဘူးလို႔ ခပ္မာမာ ျပန္လည္ တုံ႔ျပန္သြားခဲ့ပါတယ္။

Photo Credit: Metro.com

ဗန္ပါစီနဲ႔ပတ္သတ္ၿပီး ဆိုးလ္ရွားက ” ကၽြန္ေတာ္က ေရာ္ဘင္(ဗန္ပါစီ)ကို မသိသလို ၊ ဗန္ပါစီကလည္း ကၽြန္ေတာ့္ကို မသိပါဘူး။ သူ႔မွာ ကၽြန္ေတာ့္ရဲ့ အသင္းကို စီမံခန႔္ခြဲေနတဲ့ ပုံစံကို ေဝဖန္ဖို႔ လုပ္ပိုင္ခြင့္မရွိသလို ကၽြန္ေတာ္ကလည္း သူေဝဖန္႐ုံနဲ႔ ကၽြန္ေတာ့္ရဲ့ နည္းစနစ္ကို ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး​။ ဒါက ကြဲျပားပါတယ္။ သူဟာ အသင္းမွာ ကၽြန္ေတာ့္ရဲ့ ေက်ာနံပါတ္ကို ဆက္ခံ႐ုံပဲ ရွိခဲ့တာပါ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားကတော့ အာဆင်နယ်အသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူ့ကို ဝေဖန်ခဲ့တဲ့ အသင်းရဲ့ကစားသမားဟောင်း ဗန်ပါစီကို ခပ်မာမာ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ဗန်ပါစီဟာ ဆိုးလ်ရှားကို အသင်းရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ ပြုံးရယ်နေတာနဲ့ ပတ်သတ်ကာ ဝေဖန်ပြစ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

အာဆင်နယ်အသင်းနဲ့ပွဲစဉ်အပြီးမှာ ဗန်ပါစီက ဆိုးလ်ရှားအပေါ် ” အိုလေ(ဆိုးလ်ရှား)ပြောတဲ့ စကားတွေကို ကျွန်တော်နားထောင်ကြည့်တဲ့အခါ သူ့ရဲ့စကားတွေက လူကြီးလူကောင်းတစ်ဦးနဲ့ တူနေပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအချိန်မှာ သူ့အနေနဲ့ ဒီထက်ပိုတဲ့ ခံစားချက်တွေကို ထုတ်ပြသင့်ပါတယ်။ ဒီလိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူ ပြုံးနေတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါက ပြုံးနေရမယ့်အချိန်မဟုတ်ပါဘူး ” လို့ ဝေဖန်ခဲ့တာပါ။

Photo Credit: Metro.com

လက်ရှိမှာတော့ ဆိုးလ်ရှားဟာ ဗန်ပါစီရဲ့ ဝေဖန်မှုအပေါ် ပြန်လည်တုံ့ပြန်သွားခဲ့ပြီး ဗန်ပါစီနဲ့သူဟာ တစ်ဦးနဲ့တစ်ဦး မသိသူများဖြစ်ကာ ဗန်ပါစီအနေနဲ့ ယူနိုက်တက်မှာ မိမိရဲ့ ကျောနံပါတ်ကို ရယူခဲ့ရုံသာရှိကြောင်း ၊ ဒါ့အပြင် သူ့ရဲ့ စီမံခန့်ခွဲမှုအပေါ်လည်း ဗန်ပါစီက ဝေဖန်ခွင့်မရှိဘူးလို့ ခပ်မာမာ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit: Metro.com

ဗန်ပါစီနဲ့ပတ်သတ်ပြီး ဆိုးလ်ရှားက ” ကျွန်တော်က ရော်ဘင်(ဗန်ပါစီ)ကို မသိသလို ၊ ဗန်ပါစီကလည်း ကျွန်တော့်ကို မသိပါဘူး။ သူ့မှာ ကျွန်တော့်ရဲ့ အသင်းကို စီမံခန့်ခွဲနေတဲ့ ပုံစံကို ဝေဖန်ဖို့ လုပ်ပိုင်ခွင့်မရှိသလို ကျွန်တော်ကလည်း သူဝေဖန်ရုံနဲ့ ကျွန်တော့်ရဲ့ နည်းစနစ်ကို ပြောင်းလဲသွားမှာ မဟုတ်ပါဘူး​။ ဒါက ကွဲပြားပါတယ်။ သူဟာ အသင်းမှာ ကျွန်တော့်ရဲ့ ကျောနံပါတ်ကို ဆက်ခံရုံပဲ ရှိခဲ့တာပါ ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။