ဒေါ့မွန် လူငယ် တိုက်စစ်မှူး ဟာလန်းကတော့ မိုးလ်ဒီအသင်းမှာ ကစားခဲ့စဉ်က ဗိုးလ်ဒီ နည်းပြ လက်ရှိ မန်ယူ နည်းပြ ဆိုးလ်ရှားက အဆုံးသတ် တိကျအောင် ကူညီခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဟာလန်းဟာ မိုးလ်ဒီအသင်းမှာ ကစားခဲ့စဉ်က နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ (၂) နှစ်ကြာ ကစားခဲ့ပြီး မိုးလ်ဒီအသင်းအတွက် ပွဲစဉ် (၃၉) ပွဲ ကစားခဲ့ရာမှာ (၁၄) ဂိုး သွင်းခဲ့ပါတယ်။ ဟာလန်းဟာ မိုးလ်ဒီအသင်းကနေ ရက်ဘူးလ် ဆာဘာ့ချ်အသင်းကို ပြောင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာ ဒေါ့မွန်အသင်းကို အပြီးသတ် ပြောင်းသွားခဲ့ပါတယ်။

Photo Credit: Goal

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၇) ပွဲ ကစားပြီးရာ သွင်းဂိုး (၉) ဂိုး နဲ့ ချန်ပီယံလိဂ် ပွဲစဉ် (၁) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂) ဂိုး သွင်းယူထားတာပဲ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မွန်အသင်းကို မပြောင်းခင် မိုးလ်ဒီအသင်းမှာ ကစားခဲ့စဉ်က သူ့ကို နည်းပြခဲ့ဖူးတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းကို ပြောင်းမလို့ ဖြစ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၉) နှစ်အရွယ် လူငယ် တိုက်စစ်မှူး ဟာလန်းက မိုးလ်ဒီအသင်းမှာ ကစားခဲ့စဉ်က နည်းပြ ဆိုးလ်ရှားက အဆုံးသတ် သေချာအောင် အများကြီး ကူညီခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းက “ကျွန်တော် ဆယ်ကျော်အသက်အရွယ်က မိုးလ်ဒီအသင်းမှာ ကစားခဲ့ပြီး အဲဒီအချိန်တုန်းက နည်းပြ ဆိုးလ်ရှားက ကျွန်တော့်ကို အများကြီး ကူညီခဲ့ပါတယ်။ ဆိုးလ်ရှားက ကစားသမားဘဝမှာ အဆုံးသတ် တိကျတဲ့ သူ ဖြစ်ခဲ့တော့ သူက ကျွန်တော့်ကို အဆုံးသတ်ပိုင်း အရည်အချင်း နဲ့ ခြားနားတဲ့ အဆုံးသတ် နည်းလမ်းတွေမှာ ကူညီခဲ့ပါတယ်။ ကျွန်တော် ဘောလုံးကို ဘဝတစ်ခုလုံး ကစားချင်မိပါတယ်။ ကျွန်တော် အသက် ကြီးလာရင် ကျွန်တော် ဆက်ကစားချင်ပါတယ်။ ကိုယ့်ဟာကိုယ် ကစားသမားကောင်း ဖြစ်လာမယ်ဆိုတာ အမြဲတမ်း သိခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားကောင်း ဖြစ်လာတာ မြန်ဆန်ခဲ့ပါတယ်။ အဲဒီလို မြန်ဆန်မှုကို ကျွန်တော် သဘောကျပါတယ်”လို့ FourFourTow မှာ ပြောကြားသွားခဲ့ပါတယ်။