ေနာက္ဆုံးသုံးပြဲဆက္တိုက္ နိုင္ပြဲမရရွိခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ယခုတစ္ပတ္ကေတာ့ အေတာ္ေလးကို ခက္ခဲၾကမ္းတမ္းမယ့္သီတင္းပတ္ျဖစ္ၿပီး ငါးရက္ဆိုတဲ့ အခ်ိန္ကာလအတြင္းမွာပဲ ေတာ့တင္ဟမ္ေဟာ့စပါး ၊ မန္ခ်က္စတာစီးတီးစတဲ့ အသင္းေကာင္းေတြနဲ႔ ရင္ဆိုင္ရေတာ့မွာလည္း ျဖစ္ပါတယ္။

Photo Credit: Metro.com

လက္ရွိေဘာလုံးရာသီမွာ ဒဏ္ရာရ ကစားသမားမ်ားျပားေနတာေတြ ၊ နည္းစနစ္ပိုင္း အားနည္းခ်က္ရွိတာေတြေၾကာင့္ ရလဒ္ေတြဆိုးဝါးေနတဲ့ ယူနိုက္တက္နည္းၿပ ဆိုးလ္ရွားအတြက္ေတာ့ ယခုသီတင္းပတ္ဟာ သူ႔ရဲ့နည္းျပဘဝကို အဆုံးအျဖတ္ေပးမယ့္ ရက္သတၱပတ္တစ္ခုျဖစ္တယ္လို႔ ေဘာလုံးကၽြမ္းက်င္သူေတြကေရာ သတင္းမီဒီယာေတြကပါ ေဖာ္ျပေနၾကပါတယ္။

Photo Credit: Metro.com

ယာယီနည္းျပဘဝမွာ စြမ္းေဆာင္ရည္ေတြ ေကာင္းမြန္ခဲ့ေပမယ့္ အျမဲတမ္းနည္းျပဘဝမွာ ပရီးမီးယားလိဂ္နိုင္ပြဲရာခိုင္ႏွုန္း ၂၇.၃သာရွိတဲ့ ဆိုးလ္ရွားကို ယူနိုက္တက္ပရိသတ္ေတြကလည္း သေဘာမက်ေတာ့ပဲ ၿပိဳင္ဘက္အာဆင္နယ္အသင္းက နည္းျပအမ္မရီကို ထုတ္ပယ္ခဲ့သလို ဆိုးလ္ရွားကိုလည္း အသင္းကေန ထုတ္ပယ္သြားဖို႔ အက္စ္တြန္ဗီလာအသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ေတာင္းဆိုလာၾကပါတယ္။

Photo Credit: Metro.com

လက္ရွိထြက္ေပၚေနတဲ့သတင္းေတြအရ ယူနိုက္တက္အသင္းဘုတ္အဖြဲ႕ေတြဟာ ဆိုးလ္ရွားကို စပါးနဲ႔မန္စီးတီးပြဲစဥ္ႏွစ္ပြဲသာလၽွင္ ႀကိဳးစားဖို႔အခြင့္အေရးေပးထားေၾကာင္း သိရကာ အကယ္၍ရလဒ္ပိုင္းဆိုးဝါးမွုေတြရွိေနရင္ေတာ့ စပါးအသင္းကေန ထုတ္ပယ္ခံထားရတဲ့ ပိုခ်က္တီနိုကို နည္းျပသစ္အျဖစ္ ခန္႔အပ္သြားဖို႔ စဥ္းစားထားတယ္လို႔ သိရွိရပါတယ္ခင္ဗ်ာ….။

နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲမရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုတစ်ပတ်ကတော့ အတော်လေးကို ခက်ခဲကြမ်းတမ်းမယ့်သီတင်းပတ်ဖြစ်ပြီး ငါးရက်ဆိုတဲ့ အချိန်ကာလအတွင်းမှာပဲ တော့တင်ဟမ်ဟော့စပါး ၊ မန်ချက်စတာစီးတီးစတဲ့ အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

လက်ရှိဘောလုံးရာသီမှာ ဒဏ်ရာရ ကစားသမားများပြားနေတာတွေ ၊ နည်းစနစ်ပိုင်း အားနည်းချက်ရှိတာတွေကြောင့် ရလဒ်တွေးဆိုးဝါးနေတဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက်တော့ ယခုသီတင်းပတ်ဟာ သူ့ရဲ့နည်းပြဘဝကို အဆုံးအဖြတ်ပေးမယ့် ရက်သတ္တပတ်တစ်ခုဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေကရော သတင်းမီဒီယာတွေကပါ ဖော်ပြနေကြပါတယ်။

Photo Credit: Metro.com

ယာယီနည်းပြဘဝမှာ စွမ်းဆောင်ရည်တွေ ကောင်းမွန်ခဲ့ပေမယ့် အမြဲတမ်းနည်းပြဘဝမှာ ပရီးမီးယားလိဂ်နိုင်ပွဲရာခိုင်နှုန်း ၂၇.၃သာရှိတဲ့ ဆိုးလ်ရှားကို ယူနိုက်တက်ပရိသတ်တွေကလည်း သဘောမကျတော့ပဲ ပြိုင်ဘက်အာဆင်နယ်အသင်းက နည်းပြအမ်မရီကို ထုတ်ပယ်ခဲ့သလို ဆိုးလ်ရှားကိုလည်း အသင်းကနေ ထုတ်ပယ်သွားဖို့ အက်စ်တွန်ဗီလာအသင်းနဲ့ သရေကျခဲ့တဲ့ပွဲစဥ်အပြီးမှာ တောင်းဆိုလာကြပါတယ်။

Photo Credit: Metro.com

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဘုတ်အဖွဲ့တွေဟာ ဆိုးလ်ရှားကို စပါးနဲ့မန်စီးတီးပွဲစဥ်နှစ်ပွဲသာလျှင် ကြိုးစားဖို့အခွင့်အရေးပေးထားကြောင်း သိရကာ အကယ်၍ရလဒ်ပိုင်းဆိုးဝါးမှုတွေရှိနေရင်တော့ စပါးအသင်းကနေ ထုတ်ပယ်ခံထားရတဲ့ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စဥ်းစားထားတယ်လို့ သိရှိရပါတယ်ခင်ဗျာ….။