ထရန္မဲ နည္းျပ မဲလ္လြန္က ယေန႔ည (၉း၃၀) အခ်ိန္ မန္ယူအသင္းနဲ႔ ကစားသြားရမယ့္ ပဲြစဥ္ မတုိင္ခင္ မန္ယူအသင္းကုိ သတိေပးသြားခဲ့ၿပီး မန္ယူအသင္း ရႈံးသြားရင္ သူတုိ႔ရဲ႕ အိမ္ကြင္းကုိ အျပစ္တင္လုိ႔ မရဘူးလုိ႔ ေျပာခဲ့ပါတယ္။ ထရန္မဲအသင္းဟာ အိမ္ကြင္း ပရန္တြန္ ပါ့ခ္ ကြင္းမွာ မန္ယူအသင္းကုိ ဧည့္ခံ ကစားသြားမွာ ျဖစ္ၿပီး ပရီးမီးယားလိဂ္ ကလပ္ ဝက္ဖုိ႔ဒ္အသင္းကေတာ့ ထရန္မဲအသင္းကုိ ရႈံးခဲ့တဲ့ ပဲြစဥ္မွာ ထရန္မဲအသင္းရဲ႕ အိမ္ကြင္းကို ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။
Photo Credit: Goal
ထရန္မဲအသင္းဟာ အက္ဖ္ေအ ဖလား တတိယအဆင့္ ပဲြစဥ္မွာ ဝက္ဖုိ႔ဒ္အသင္းကုိ အေဝးကြင္း ပဲြစဥ္မွာ (၃-၃) နဲ႔ သေရက်ခဲ့ၿပီး အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပဲြစဥ္မွာ (၂-၁) နဲ႔ အႏုိင္ရခဲ့တာေၾကာင့္ စတုတၳအဆင့္ ေရာက္လာခဲ့ပါတယ္။ ထရန္မဲအသင္းဟာ ယေန႔ည မန္ယူအသင္းနဲ႔ အက္ဖ္ေအ ဖလား စတုတၳအဆင့္ ပဲြစဥ္ ကစားရမွာ ျဖစ္ၿပီး ထရန္မဲ နည္းျပ မယ္လြန္က မန္ယူအသင္း ရႈံးရင္ ဝက္ဒ္ဖုိ႔အသင္းလုိ သူတုိ႔ရဲ႕ အိမ္ကြင္းကုိ အျပစ္တင္လုိ႔ မရဘူးလုိ႔ အခုိင္အမာ ေျပာသြားပါတယ္။
Photo Credit: Goal
ထရန္မဲ နည္းျပ မဲလ္လြန္က “လူေတြက မန္ယူအသင္း အျခားကြင္းမွာ ကစားရမွာပဲလုိ႔ ေတြးၿပီး ရႈပ္ေထြးၾကပါတယ္။ ကြ်န္ေတာ္တုိ႔က ကစားေနက်ကြင္းမွာ ကစားရမွာပါ။ ေလတုိက္ရင္လား။ မုိးသီးက်ရင္လား။ ကစားသမားေကာင္းေတြက ဘယ္ကြင္းမွာမဆုိ အံ့ဝင္ဂြင္က်ကစားႏုိင္တယ္။ ဒါကုိပဲ မန္ယူအသင္းဆီကေန ေမွ်ာ္လင့္ရမွာပါ။ မန္ယူအသင္းက ဘယ္လုိ ရလဒ္ထြက္လာမလဲ ဆုိတာကုိ သိၾကတယ္။ သူတုိ႔ ဒီပဲြကုိ အႏုိင္ရဖုိ႔ ႀကိဳးစားသြားၾကမွာပါ”လုိ႔ ေျပာဆုိသြားခဲ့ပါတယ္။
(Unicode)
ထရန်မဲ နည်းပြ မဲလ်လွန်က ယနေ့ည (၉း၃၀) အချိန် မန်ယူအသင်းနဲ့ ကစားသွားရမယ့် ပွဲစဉ် မတိုင်ခင် မန်ယူအသင်းကို သတိပေးသွားခဲ့ပြီး မန်ယူအသင်း ရှုံးသွားရင် သူတို့ရဲ့ အိမ်ကွင်းကို အပြစ်တင်လို့ မရဘူးလို့ ပြောခဲ့ပါတယ်။ ထရန်မဲအသင်းဟာ အိမ်ကွင်း ပရန်တွန် ပါ့ခ် ကွင်းမှာ မန်ယူအသင်းကို ဧည့်ခံ ကစားသွားမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် ဝက်ဖို့ဒ်အသင်းကတော့ ထရန်မဲအသင်းကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ ထရန်မဲအသင်းရဲ့ အိမ်ကွင်းကို ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit: Goal
ထရန်မဲအသင်းဟာ အက်ဖ်အေ ဖလား တတိယအဆင့် ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းကို အဝေးကွင်း ပွဲစဉ်မှာ (၃-၃) နဲ့ သရေကျခဲ့ပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ (၂-၁) နဲ့ အနိုင်ရခဲ့တာကြောင့် စတုတ္ထအဆင့် ရောက်လာခဲ့ပါတယ်။ ထရန်မဲအသင်းဟာ ယနေ့ည မန်ယူအသင်းနဲ့ အက်ဖ်အေ ဖလား စတုတ္ထအဆင့် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ထရန်မဲ နည်းပြ မယ်လွန်က မန်ယူအသင်း ရှုံးရင် ဝက်ဒ်ဖို့အသင်းလို သူတို့ရဲ့ အိမ်ကွင်းကို အပြစ်တင်လို့ မရဘူးလို့ အခိုင်အမာ ပြောသွားပါတယ်။
Photo Credit: Goal
ထရန်မဲ နည်းပြ မဲလ်လွန်က “လူတွေက မန်ယူအသင်း အခြားကွင်းမှာ ကစားရမှာပဲလို့ တွေးပြီး ရှုပ်ထွေးကြပါတယ်။ ကျွန်တော်တို့က ကစားနေကျကွင်းမှာ ကစားရမှာပါ။ လေတိုက်ရင်လား။ မိုးသီးကျရင်လား။ ကစားသမားကောင်းတွေက ဘယ်ကွင်းမှာမဆို အံ့ဝင်ဂွင်ကျကစားနိုင်တယ်။ ဒါကိုပဲ မန်ယူအသင်းဆီကနေ မျှော်လင့်ရမှာပါ။ မန်ယူအသင်းက ဘယ်လို ရလဒ်ထွက်လာမလဲ ဆိုတာကို သိကြတယ်။ သူတို့ ဒီပွဲကို အနိုင်ရဖို့ ကြိုးစားသွားကြမှာပါ”လို့ ပြောဆိုသွားခဲ့ပါတယ်။