မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားဟာ လက်ရှိမှာတော့ ဆွီဒင် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့အတွက် ဆွီဒင် ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

အသက် (၅၀)အရွယ်ရှိ နော်ဝေလူမျိုး ဘောလုံးနည်းပြ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီးချိန်ကနေ လက်ရှိ အချိန်ထိ ဘောလုံးလောကနဲ့ အဆက်ပြတ်သွားခဲ့ပြီး အသင်းတချို့နဲ့သာ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေတက်ပါတယ်။

Photo Credit : Life in Norway

ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် ယူနိုက်တက် လူငယ်အသင်းရဲ့ နည်းပြတစ်ဦးအဖြစ် စတင် ဆောင်ရွက်ရင်း နော်ဝေကလပ် မိုလ်ဒီ ၊ ဝေးလ်စ် အခြေစိုက် အင်္ဂလန်ကလပ် ကာဒစ်တို့ကို ဆက်လက် ကိုင်တွယ်ရင်း ယူနိုက်တက်အသင်းကိုလည်း ဆက်လက် ကိုင်တွယ်ဖြစ်ခဲ့ပါသေးတယ်။

တကယ်တော့ ဆိုးလ်ရှားဟာ နည်းပြ အတွေ့အကြုံကောင်းတွေ သိပ်မပြည့်ဝသေးသူ ဖြစ်တာကြောင့် ယူနိုက်တက်ဘက်ကလည်း သူ့ကို အချိန်ထပ်မပေးနိုင်တော့ပဲ လမ်းခွဲဖြစ်လိုက်ပါတယ်။ ဆိုးလ်ရှားလည်း အဲ့ဒီအချိန်ကနေ စတင်ပြီး အခုလက်ရှိအထိ အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

Photo Credit :  Reddit

ဒါပေမယ့် နည်းပြ လိုအပ်နေတဲ့ အသင်းတွေကတော့ ဆိုးလ်ရှားကို ဆက်သွယ်မှုတွေ လုပ်ဆောင်လျက် ရှိနေပြီး လက်ရှိမှာတော့ သူ့ကို ဆွီဒင် ဘောလုံးအဖွဲ့ချုပ်က ဆွီဒင်လက်ရွေးစင်အသင်းကို ကိုင်တွယ်ပေးဖို့အတွက် ကမ်းလှမ်းထားခဲ့ပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားက လက်ရွေးစင်အသင်း တစ်သင်းကိုမှ ကိုင်တွယ်ဖူးခြင်း မရှိသေးတဲ့အပြင် သူရဲ့ နည်းပြ အတွေ့အကြုံဟာလည်း အရမ်းနုနယ်သေးတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ဆိုးလ်ရှားအနေနဲ့ ဆွီဒင်အသင်းကို ကိုင်တွယ်ဖြစ်ရင်တောင် အောင်မြင်မှု ရနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ချင်စရာ ဖြစ်နေပါလိမ့်မယ်။