မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ ဒီရာသီမွာ အေတာ္ေလးကုိ ဆုိးရႊားေနတဲ႔ ရလဒ္ေတြနဲ႔အတူ အခုဆုိရင္ ပရီးမီးယားလိဂ္ရဲ႕ အမွတ္ေပးဇယားမွာ အဆင့္၁၂ေနရာထိကုိေတာင္ ေရာက္ရွိေနရၿပီျဖစ္ပါတယ္။ ဒီအေျခအေနက ယူနုိက္တက္အသင္းအတြက္ ႏွစ္ေပါင္း၃၀အတြင္းမွာ အဆုိးရႊားဆုံးေသာ ရာသီသစ္စတင္မႈအျဖစ္ မွတ္တမ္းဝင္သြားေစခဲ႔ၿပီး အသင္းရဲ႕ရလဒ္ေတြနဲ႔ တုိက္ရုိ္က္ပတ္သက္လုိ႔ေနတဲ႔ နည္းျပျဖစ္သူ အုိေလဂန္နာဆုိးလ္ရွားရဲ႕ အနာဂတ္မွာလည္း အေတာ္ေလးကုိ လႈပ္ခတ္လ်က္ရွိေနၿပီး လာမယ့္လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာ ထပ္မံအေရးနိမ့္ခဲ႔မယ္ဆုိရင္ေတာ့ ဆုိးလ္ရွားကုိ လက္တြဲျဖဳတ္ဖြယ္ရွိေနပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အသင္းဟာ မႏွစ္က ေဘာလုံးရာသီအတြင္း ဒီဇင္ဘာလ ၁၆ရက္ေန႔မွာ လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ကုိ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အိမ္ရွင္လီဗာပူးလ္အသင္းက ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ယူကစားခဲ႔ကာ အဲ႔ဒီေနာက္မွာပဲ ယူႏုိက္တက္အသင္းက သူတုိ႔ရဲ႕ နည္းျပျဖစ္သူ ဟုိေဆးေမာ္ရင္ဟုိကုိ နည္းျပရာထူးကေန ထုတ္ပယ္ခဲ႔ၿပီး သိပ္မၾကာခင္မွာပဲ ယူႏုိက္တက္အသင္းဟာ လစ္လပ္ေနတဲ႔ နည္းျပရာထူးေနရာအတြက္ အသင္းရဲ႕ ကစားသမားေဟာင္းဆုိးလ္ရွားကုိ ယာယီနည္းျပအျဖစ္ ခန္႔အပ္လုိက္ပါတယ္။ ဆုိးလ္ရွားက ယူႏုိက္တက္နည္းျပအျဖစ္ ယာယီကုိင္တြယ္ခဲ႔ခ်ိန္မွာ အသင္းအတြက္ ၁၉ပြဲအတြင္း ၁၄ပြဲအႏိုင္ရထားခဲ့ေပမယ့္လည္း တရားဝင္နည္းျပျဖစ္လာခ်ိန္မွာမွ ရလဒ္ေတြဆုိးရႊားလာခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္ရဲ႕ အၿမဲတမ္းနည္းျပျဖစ္လာခ်ိန္မွာေတာ့ ဆုိးလ္ရွားဟာ ပရီးမီးယားလိဂ္၁၆ပြဲ ကုိင္တြယ္ခဲ႔ၿပီးေနာက္မွာ ၄ပြဲသာအႏုိင္ရရွိခဲ႔ၿပီး ၿပိဳင္ပြဲစုံအေဝးကြင္း၁၁ပြဲဆက္တုိက္ ႏုိင္ပြဲေပ်ာက္ဆုံးခဲ႔ပါေသးတယ္။ ဒါ့အျပင္ ယူႏုိက္တက္အသင္းဟာ ေနာက္ဆုံး၅ပြဲဆက္ ကစားခဲ႔ရတဲ႔အထဲမွာလည္း ေရာ့ခ်္ေဒးလ္အသင္းနဲ႔ ကစားခဲ႔ရတဲ႔ လိဂ္ဖလားရွုံးထြက္ပြဲစဥ္တစ္ပြဲတည္းကုိပဲ အႏုိင္ရရွီထားတာျဖစ္သလုိ အဲ႔ဒီပြဲကုိေတာင္ ပင္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ကစားခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလုိအေျခအေနေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ပရိသတ္ေတြက ဆုိးလ္ရွားကုိ အသင္းကေန ထုတ္ပယ္သြားခ်င္ေနတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဆုိးလ္ရွားနဲ႔ပတ္သက္ၿပီး သတင္းေတြကေန အမ်ိဳးမ်ိဳးေဖာ္ျပေနၾကၿပီး တခ်ိဳ႕ကလည္း ဆုိးလ္ရွားအေနနဲ႔ ဂေလဇာမိသားစုဝင္ေတြ ယူႏုိက္တက္အသင္းဘုတ္အဖြဲ႔ဝင္မ်ားရဲ႕ေထာက္ခံမႈေတြကိုပါ အျပည့္အဝရရွိထားတယ္လုိ႔ ေဖာ္ျပေနၾကေပမယ့္လည္း Daily Mail နဲ႔ Mirror သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္ေတြအရေတာ့ ယူနုိက္တက္တုိ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၉)မွာ လီဗာပူးလ္အသင္းကုိ အိမ္ကြင္းအတြင္း အေရးနိမ့္ခဲ့မယ္ဆုိရင္ အသင္းနည္းျပရာထူးကေန ထုတ္ပယ္ခံရႏုိင္ၿပီး နည္းျပေဟာင္းေမာ္ရင္ဟုိလုိပဲ လီဗာပူးလ္နဲ႔ ရွုံးပြဲအၿပီးမွာ အသင္းနဲ႔ ထပ္မံလမ္းခြဲရမယ့္သူ ျဖစ္လာႏုိင္မလားဆုိတာ ေစာင့္ၾကည့္သြားရပါလိမ့္မယ္ခင္ဗ်ာ။

(Unicode)

နည်းပြဟောင်းမော်ရင်ဟိုနဲ့ အလားတူကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဒီရာသီမှာ အတော်လေးကို ဆိုးရွှားနေတဲ့ ရလဒ်တွေနဲ့အတူ အခုဆိုရင် ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ အဆင့်၁၂နေရာထိကိုတောင် ရောက်ရှိနေရပြီဖြစ်ပါတယ်။ ဒီအခြေအနေက ယူနိုက်တက်အသင်းအတွက် နှစ်ပေါင်း၃၀အတွင်းမှာ အဆိုးရွှားဆုံးသော ရာသီသစ်စတင်မှုအဖြစ် မှတ်တမ်းဝင်သွားစေခဲ့ပြီး အသင်းရဲ့ရလဒ်တွေနဲ့ တိုက်ရို်က်ပတ်သက်လို့နေတဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားရဲ့ အနာဂတ်မှာလည်း အတော်လေးကို လှုပ်ခတ်လျက်ရှိနေပြီး လာမယ့်လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ထပ်မံအရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားကို လက်တွဲဖြုတ်ဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းဟာ မနှစ်က ဘောလုံးရာသီအတွင်း ဒီဇင်ဘာလ ၁၆ရက်နေ့မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်လီဗာပူးလ်အသင်းက ၃ဂိုး၁ဂိုးနဲ့ အနိုင်ယူကစားခဲ့ကာ အဲ့ဒီနောက်မှာပဲ ယူနိုက်တက်အသင်းက သူတို့ရဲ့ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ယူနိုက်တက်အသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာအတွက် အသင်းရဲ့ ကစားသမားဟောင်းဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဆိုးလ်ရှားက ယူနိုက်တက်နည်းပြအဖြစ် ယာယီကိုင်တွယ်ခဲ့ချိန်မှာ အသင်းအတွက် ၁၉ပွဲအတွင်း ၁၄ပွဲအနိုင်ရထားခဲ့ပေမယ့်လည်း တရားဝင်နည်းပြဖြစ်လာချိန်မှာမှ ရလဒ်တွေဆိုးရွှားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြဖြစ်လာချိန်မှာတော့ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်၁၆ပွဲ ကိုင်တွယ်ခဲ့ပြီးနောက်မှာ ၄ပွဲသာအနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံအဝေးကွင်း၁၁ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းဟာ နောက်ဆုံး၅ပွဲဆက် ကစားခဲ့ရတဲ့အထဲမှာလည်း ရော့ချ်ဒေးလ်အသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားရှုံးထွက်ပွဲစဉ်တစ်ပွဲတည်းကိုပဲ အနိုင်ရရှီထားတာဖြစ်သလို အဲ့ဒီပွဲကိုတောင် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပရိသတ်တွေက ဆိုးလ်ရှားကို အသင်းကနေ ထုတ်ပယ်သွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဆိုးလ်ရှားနဲ့ပတ်သက်ပြီး သတင်းတွေကနေ အမျိုးမျိုးဖော်ပြနေကြပြီး တချို့ကလည်း ဆိုးလ်ရှားအနေနဲ့ ဂလေဇာမိသားစုဝင်တွေ ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဝင်များရဲ့ထောက်ခံမှုတွေကိုပါ အပြည့်အဝရရှိထားတယ်လို့ ဖော်ပြနေကြပေမယ့်လည်း Daily Mail နဲ့ Mirror သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရတော့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းအတွင်း အရေးနိမ့်ခဲ့မယ်ဆိုရင် အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ပြီး နည်းပြဟောင်းမော်ရင်ဟိုလိုပဲ လီဗာပူးလ်နဲ့ ရှုံးပွဲအပြီးမှာ အသင်းနဲ့ ထပ်မံလမ်းခွဲရမယ့်သူ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်ခင်ဗျာ။