မန်ယူအသင်းရဲ့ နည်းပြ ဆိုးလ်ရှားကတော့ ကစားသမားသစ် တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းကြတဲ့ အချိန်မှာ မန်ယူအသင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခြင်း နဲ့ ကစားသမားရဲ့ ကောင်းမွန်ခြင်းတွေကို ကြည့်တာကြောင့် ရွေးချယ်စရာ ကစားသမားတွေ နည်းပါတယ်လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီ အပြောင်းအရွေ့မှာ ကစားသမားတွေ များစွာကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် ကွင်းလယ်လူ ဗန်ဒီဘီကိုသာ ခေါ်ယူနိုင်ခဲ့ပြီး လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ တောင်ပံလူ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အလွန် ကြိုးစားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိ အသင်းရဲ့ ကစားသမားတွေနဲ့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) နေရာကို ရရှိခဲ့ပေမယ့်လည်း ဆီမီး ဖိုင်နယ် ပွဲစဉ် (၃) ပွဲကို တက်လှမ်းခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီကို ဆုဖလား လက်မဲ့ ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ယနေ့ည၊ စနေနေ့ည၊ (၁၁း၀၀) အချိန်မှာတော့ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားမှာ ဖြစ်ပြီး မန်ယူ နည်းပြ ဆိုးလ်ရှားက လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ လူသစ် မခေါ်ယူခဲ့တာက ရွေးချယ်စရာ နည်းလို့ပါလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “အပြောင်းအရွေ့က အခြားအသင်းတွေလို ကြီးမားတဲ့ ရွေးချယ်စရာ မရှိဘူး။ ဘာလို့လဲဆိုရင် မန်ယူအသင်းရဲ့ တစ်တစ်တစ်ပိုင်း ဖြစ်ခြင်း နဲ့ ကစားပုံ ကောင်းမွန်ခြင်းတို့တွေက လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီတော့ အခြား အသင်းတွေက အဲဒီလို အရည်အချင်းတွေ ရှိတဲ့ ကစားသမားတွေ ဆိုရင် ထိန်းထားချင်ကြပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အာရုံစိုက်မှု ကျွန်တော်တို့ရဲ့ အသင်းပါ။ ကျွန်တော်တို့ ထိုင်ပြီး ဆွေးနွေးတယ်၊ အစီအစဉ် ရှိတယ်။ ဒါပေမယ့် တစ်ခါတစ်လေ စီစဉ်ထားတဲ့ အတိုင်း မဖြစ်လာနိုင်ပါဘူး။ ဘဝက ဒီမှာ မျဉ်းဖြောင့်မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဒါမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော် အမြဲ ပြောခဲ့သလို၊ ဒီကစားသမားတွေနဲ့ အလုပ်တွဲလုပ်ရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ သူတို့ဆီကလည်း ဘာမှ ယူမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က ဒီရာသီကို ပြီးခဲ့တဲ့ ရာသီကုန်ခါနီးကလို ယုံကြည်မှုနဲ့ ကစားသွားပါမယ်”လို့ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ပြောသွားခဲ့ပါတယ်။