မနေ့ညက အယ်တီဟတ်မှာ ကစားသွားခဲ့တဲ့ မန်စီးတီးအသင်းနဲဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ မန်ချက်စတာဒါဘီ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတော့ ဧည့်သည်ယူနိုက်တက်အသင်းကနေ မာတစ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ မန်စီးတီးက ၁ဂိုး၃ဂိုးနဲ့ အနိုင်ရထားခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ဂိုး၂ဂိုးနဲ့ မန်စီးတီးအသင်းကပဲ လိဂ်ဖလားဖိုင်နယ်ကို ထပ်မံတတ်လှမ်းနိုင်ခဲ့ရပြီး လက်စတာကို ဆီမီးဖိုင်နယ်မှာ ဖြုတ်ချလာခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်သွားရတော့မှာပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ မန်စီးတီးဘက်ကို တစ်ကြိမ်လေးပဲ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး အဲ့ဒီတစ်ကြိမ်ကနေ မာတစ်က သွင်းဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာတော့ မန်စီးတီးရဲ့တိုက်စစ်ကို လိုက်လံဟန့်တားနေရလို့ ခံစစ်မှာသာ အချိန်ကုန်နေပြီး သွင်းဂိုးရှင်မာတစ်မှာလည်း ၂ဝါ၁နီ အပြခံရပြီး ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် နောက်ထပ်သွင်းဂိုးတွေ ထပ်မံရယူနိုင်ဖို့က ယူနိုက်တက်အတွက် အတော်လေးကို ခက်ခဲသွားခဲ့ရပါတယ်။
ဒါပေမယ့် ပွဲပြီးခါနီးလောက်မှာ ဧရိယာအနားအတွင်း ဖရီးကစ်ကန်သွင်းခွင့်ကို ယူနိုက်တက်အသင်းက ပိုင်ဆိုင်ခဲဲ့ပြီး ဒီအခွင့်အရေးကို ကွင်းလယ်လူဖရက်ဒ်က ဖြုန်းတီးမိခဲ့ပါတယ်။ တကယ်ဆို ဒီလိုဖရီးကစ်မျိုးက ဟွမ်မာတာကန်သင့်တာဖြစ်ပေမယ့်လည်း အခုလို ဖရက်ဒ် ကန်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက “မာတာက ဖရီးကစ်ကန်သွင်းရမှာ အကောင်းဆုံးတစ်ယောက်ပါ။ ဒါပေမယ့်လည်း မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဖရက်ဒ်ရဲ့ဖရီးကစ်လေ့ကျင့်မှုတွေက လုံးဝကို အ့့့မခန်းပဲဆိုတာကို ဟွမ်ကကျွန်တော့်ကိုလာပြောတယ်။ ဖရက်ဒ်က ဖရီးကစ်ကနေ ၆ဂိုးရဂိုးလောက်ကုုိ သွင်းယူခဲ့တာလို့ ပြောပါတယ်။ အခု ဒီပွဲမှာ ဖရီးကစ်ကန်ဖို့ကလည်း သူတို့ဘာသာ ဆုံးဖြတ်ချက်သွားခဲ့ကြတာပါ။ ဆုံးဖြတ်ချက်ကတော့ မှန်ကောင်းမှန်ပေမယ့် တကယ်လက်တွေ့တော့ အလုပ်မဖြစ်ခဲ့ဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။
(Zawgyi)
ချေပဂိုးရနိုင်လောက်တဲ့ ဖရီးကစ်ကို ဖရက်ဒ်ကန်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ဆိုးလ်ရှားရှင်းလင်းပြောဆို
မနေ့ညက အယ်တီဟတ်မှာ ကစားသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ မန်ချက်စတာဒါဘီ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတော့ ဧည့်သည်ယူနိုက်တက်အသင်းကနေ မာတစ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ မန်စီးတီးက ၁ဂိုး၃ဂိုးနဲ့ အနိုင်ရထားခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ဂိုး၂ဂိုးနဲ့ မန်စီးတီးအသင်းကပဲ လိဂ်ဖလားဖိုင်နယ်ကို ထပ်မံတတ်လှမ်းနိုင်ခဲ့ရပြီး လက်စတာကို ဆီမီးဖိုင်နယ်မှာ ဖြုတ်ချလာခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်သွားရတော့မှာပဲဖြစ်ပါတယ်။