လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့ နည္းျပဘဝ ေနာက္ဆုံးအခိုက္အတန႔္ တစ္ခုကို ေရာက္ေနၿပီလို႔ ေျပာဆိုျခင္းခံေနရတဲ့ နည္းၿပ ဆိုးလ္ရွားကေတာ့ သူ႔ရဲ့အနာဂတ္ အေၾကာင္းကို စိတ္ပူျခင္းမရွိေၾကာင္းနဲ႔ သူ ထုတ္ပယ္ခံရရင္ေတာင္မွ အသင္းရဲ့ ဒုတိယ ဥကၠဌျဖစ္သူ အက္ဝုဒ္ဝက္ကို အျပစ္တင္သြားမွာ မဟုတ္ဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။

Photo Credit: Express.com

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ အသင္းရဲ့ အဓိက ကစားသမား အေတာ္မ်ားမ်ားကို ဒဏ္ရာျပႆနာေၾကာင့္ လက္လႊတ္ထားရတာျဖစ္ၿပီး အသင္းရဲ့ ကစားသမားအင္အားပိုင္းဟာ တျခားအသင္းေတြနဲ႔ ယွဥ္ပါက အားနည္းေနတဲ့ အေနအထားမွာ ရွိလို႔ေနကာ ယူနိုက္တက္ပရိသတ္ေတြနဲ႔ ေဘာလုံးသုံးသပ္သူေတြကေတာ့ ဒီျပႆနာဟာ အသင္းရဲ့ ကစားသမားဝယ္ယူမွုကို ခ်ဳပ္ကိုင္ထားတဲ့ အက္ဝုဒ္ဝက္ေၾကာင့္လို႔ ေဝဖန္သုံးသပ္ထားၾကပါတယ္။

Photo Credit: Express.com

ယူနိုက္တက္အသင္းရဲ့ နည္းျပေဟာင္းေတြ ျဖစ္ၾကတဲ့ ေမာ္ရင္ဟိုနဲ႔ ဗန္ဟားတို႔ကလည္း အသင္းကေန ထြက္ခြာၿပီးခ်ိန္မွာ အက္ဝုဒ္ဝက္ ကို ေဘာလုံးအေၾကာင္းနားမလည္သူလို႔ ေဝဖန္ ေျပာဆိုခဲ့ၾကေပမယ့္ ဆိုးလ္ရွားကေတာ့ သူသာ အသင္းကေန ထုတ္ပယ္ခံရမယ္ဆိုရင္လည္း အျခားသူေတြကို အျပစ္တင္သြားမွာ မဟုတ္ဘူး ဆိုၿပီး အက္ဝုဒ္ဝက္ကို အျပစ္တင္သင့္ေၾကာင္း ေျပာဆိုမွုေတြကို ပယ္ခ်သြားခဲ့ပါတယ္။

Photo Credit: Express.com

ဆိုးလ္ရွားက ” ခင္ဗ်ားက တစ္ခါတေလမွာ ကိုယ့္ရဲ့အရည္အေသြးအတြက္ ကိုယ့္ကိုကိုယ္ မွန္ထဲမွာ ျပန္ၾကည့္ဖို႔ လိုအပ္ပါတယ္။ တျခားသူေတြကို လိုက္ၿပီး ျပစ္တင္ေဝဖန္ေနစရာ မလိုပါဘူး။ တျခားသူေတြကေတာ့ တစ္စုံတစ္ေယာက္ ကို ေဝဖန္ျပစ္တင္ေလ့ရွိၾကပါတယ္။ အဲ့ဒီလို လူေတြထက္ေတာ့ ကၽြန္ေတာ္တို႔က ပိုၿပီးေတာ့ ေကာင္းပါတယ္။ ကၽြန္ေတာ္ကေတာ့ လက္ရွိ လုပ္ကိုင္ေနရတဲ့ အေနအထားကို ေက်နပ္မွုရွိပါတယ္ ” လို႔ ေျပာဆိုသြားခဲ့တာပါ။

လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဘဝ နောက်ဆုံးအခိုက်အတန့် တစ်ခုကို ရောက်နေပြီလို့ ပြောဆိုခြင်းခံနေရတဲ့ နည်းပြ ဆိုးလ်ရှားကတော့ သူ့ရဲ့အနာဂတ် အကြောင်းကို စိတ်ပူခြင်းမရှိကြောင်းနဲ့ သူ ထုတ်ပယ်ခံရရင်တောင်မှ အသင်းရဲ့ ဒုတိယ ဥက္ကဌဖြစ်သူ အက်ဝုဒ်ဝက်ကို အပြစ်တင်သွားမှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express.com

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အသင်းရဲ့ အဓိက ကစားသမား အတော်များများကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ထားရတာဖြစ်ပြီး အသင်းရဲ့ ကစားသမားအင်အားပိုင်းဟာ တခြားအသင်းတွေနဲ့ ယှဉ်ပါက အားနည်းနေတဲ့ အနေအထားမှာ ရှိလို့နေကာ ယူနိုက်တက်ပရိသတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေကတော့ ဒီပြဿနာဟာ အသင်းရဲ့ ကစားသမားဝယ်ယူမှုကို ချုပ်ကိုင်ထားတဲ့ အက်ဝုဒ်ဝက်ကြောင့်လို့ ဝေဖန်သုံးသပ်ထားကြပါတယ်။

Photo Credit: Express.com

ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်းတွေ ဖြစ်ကြတဲ့ မော်ရင်ဟိုနဲ့ ဗန်ဟားတို့ကလည်း အသင်းကနေ ထွက်ခွာပြီးချိန်မှာ အက်ဝုဒ်ဝက် ကို ဘောလုံးအကြောင်းနားမလည်သူလို့ ဝေဖန် ပြောဆိုခဲ့ကြပေမယ့် ဆိုးလ်ရှားကတော့ သူသာ အသင်းကနေ ထုတ်ပယ်ခံရမယ်ဆိုရင်လည်း အခြားသူတွေကို အပြစ်တင်သွားမှာ မဟုတ်ဘူး ဆိုပြီး အက်ဝုဒ်ဝက်ကို အပြစ်တင်သင့်ကြောင်း ပြောဆိုမှုတွေကို ပယ်ချသွားခဲ့ပါတယ်။

Photo Credit: Express.com

ဆိုးလ်ရှားက ” ခင်ဗျားက တစ်ခါတလေမှာ ကိုယ့်ရဲ့အရည်အသွေးအတွက် ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။ တခြားသူတွေကို လိုက်ပြီး ပြစ်တင်ဝေဖန်နေစရာ မလိုပါဘူး။ တခြားသူတွေကတော့ တစ်စုံတစ်ယောက် ကို ဝေဖန်ပြစ်တင်လေ့ရှိကြပါတယ်။ အဲ့ဒီလို လူတွေထက်တော့ ကျွန်တော်တို့က ပိုပြီးတော့ ကောင်းပါတယ်။ ကျွန်တော်ကတော့ လက်ရှိ လုပ်ကိုင်နေရတဲ့ အနေအထားကို ကျေနပ်မှုရှိပါတယ် ” လို့ ပြောဆိုသွားခဲ့တာပါ။