မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ကလီဘာဆန်ကတော့ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကို ထိပ်သီး အသင်း တစ်သင်း ပြန်ဖြစ်လာအောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ဖလား ရယူပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဘရာဇီး လူမျိုး ကလီဘာဆန်ဟာ မန်ယူအသင်းမှာ (၂၀၀၄) ခုနှစ်ကနေ (၂၀၀၅) ခုနှစ်အထိ ကစားခဲ့တဲ့ အချိန်မှာ မန်ယူအသင်းနဲ့ အတူ အက်ဖ်အေ ဖလား တစ်ခုတည်း ရရှိခဲ့ပြီး ဘရာဇီး လက်ရွေးစင် အသင်းနဲ့ကတော့ (၂၀၀၂) ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူ ကွင်းလယ် ကစားသမားဟောင်း ကလီဘာဆန်ကတော့ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ နည်းပြ ဖာဂူဆန်ရဲ့ လက်အောက်မှာ ကစားခဲ့စဉ်က နည်းပြ ဖာဂူဆန်ဆီကနေ စီမံမှု ပညာကို အများကြီး ရရှိခဲ့ပြီး မန်ယူအသင်းကို ထိပ်သီးအသင်း ပြန်ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ကလီဘာဆန်ဟာ လက်ရှိမှာတော့ အမေရိကန်နိုင်ငံက Philadelphia အကယ်ဒမီအသင်းကို နည်းပြနေပြီး မန်ယူအသင်းမှာ ကစားခဲ့စဉ်က အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ လက်ရှိ မန်ယူ နည်းပြ ဆိုးလ်ရှားအနေနဲ့ ပရီးမီးယားလိဂ် ဖလား ရရှိနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ကလီဘာဆန်က “ဆိုးလ်ရှား မန်ယူအသင်းမှာ နည်းပြနေတာကို မြင်ရတဲ့ အချိန်မှာ ကျွန်တော် သူ့အတွက် အလွန် ပျော်ပါတယ်။ သူ့မှာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိပြီး အလွန်ကို အကောင်းမြင်စိတ် ရှိပါတယ်။ မိမိကိုယ်ကိုယုံကြည်မှု ရှိတယ်။ သူက သူ ဘာလိုချင်လဲဆိုတာ သူ သိတယ်။ သူက မန်ယူ နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဆီက စီမံမှု နည်းပညာကို အများကြီး ရခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ သူ လုပ်နေတဲ့ ဘယ်အရာမှာ မဆို အလွန် ထူးချွန်ပါတယ်။ မကြာသေးခင်က မန်ယူအသင်းမှာ အများကြီး ပြောင်းလဲမှု ဖြစ်သွားခဲ့တယ်။ သူတို့က လူငယ် ကစားသမားတွေကို ရှာပြီး ဒါက ကြီးမားတဲ့ ပြောင်းလဲမှုပါပဲ။ ကျွန်တော် သေချာ ပြောနိုင်တာကတော့ ဆိုးလ်ရှားက မန်ယူအသင်းကို ထိပ်သီးအသင်း ဖြစ်အောင် ပြန်လုပ်ပေးမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဆုဖလား ရယူပေးနိုင်ပါတယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။