မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ သူ့ရဲ့ မန်ယူ ကစားသမားတွေအနေနဲ့ ကိုရိုနာ ဗိုင်းရပ်ကြောင့် အိမ်မှာ နေကြတဲ့ အချိန်မှာ အိမ်ခြံဝင်းထဲကို ဆင်းပြီး သူတို့ရဲ့ ဇနီးတွေ၊ သူတို့ရဲ့ ချစ်သူတွေ ကိုယ်စီနဲ့ အတူ အဆုံးသတ် ကောင်းအောင် လေ့ကျင့်ရေး ပြုလုပ်သင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါ မဖြစ်ခင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပုံစံကောင်းတွေကို ရရှိထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၁၁) ပွဲဆက် ရှုံးပွဲ မရှိခဲ့ဘဲ နိုင်ပွဲ (၈) ပွဲ ရခဲ့တာကြောင့် ပုံစံကောင်းတွေကို ဆက်ထိန်းထားနိုင်ဖို့ လေ့ကျင့်ရေး မပြတ် ဆက်လုပ်နေရမှာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

မန်ယူအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမိးယားလိဂ် ပြိုင်ပွဲ မရပ်နားခင် လိဂ်ပွဲစဉ် (၂၉) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁၂) ပွဲနိုင်၊ (၉) ပွဲသရေ၊ (၈) ပွဲရှုံး ရလဒ်ကို ရရှိခဲ့တာကြောင့် ရမှတ် (၄၅) မှတ် ရရှိထားပြီး အမှတ်ပေး ဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ သူ့ရဲ့ တိုက်စစ်မှူး နဲ့ သူ့ရဲ့ ကစားသမားတွေကို အဆင်သင့် ဖြစ်စေချင်တာကြောင့် အိမ်မှာ အနားယူနေကြရတဲ့ လက်ရှိအချိန်မှာ ဇနီးတွေ၊ ချစ်သူတွေနဲ့ အတူ လေ့ကျင့်ရေး ဆင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။

Photo Credit: TheSun

မန်ယူ နည်းပြ ဆိုးလ်ရှားက “ကစားသမားတွေက တစ်ယောက်ချင်းစီ လေ့ကျင့်နေကြပါတယ်။ ဒါကြောင့် လက်ရှိအချိန်က သူတို့အတွက် အထူး ဖြစ်စေမယ့် အရာကို လေ့ကျင့်ဖို့ လိုပါတယ်။ ကျွန်တော် ခြံဝင်းထဲမှာ ကလေးတွေနဲ့ အတူ အဆုံးသတ်ပိုင်း ကောင်းအောင် ပြုလုပ်နေပါတယ်။ တိုက်စစ်မှူးတွေအနေနဲ့လည်း အဆုံးသတ် ကောင်းအောင် ဒါမှမဟုတ်ရင် သူတို့ရဲ့ ကစားဟန် ကောင်းအောင် ပြုလုပ်ရပါမယ်။ ကစားသမား အများစုက လေ့ကျင့်ရေး ပစ္စည်းကောင်းတွေ နဲ့ ခြံဝင်းကောင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့ရဲ့ ဇနီး နဲ့ သူတို့ရဲ့ ချစ်သူတွေက သူတို့ကို ဘောလုံး ပေးပို့မှု အချို့ ပြုလုပ်ပေးနိုင်ကြမှာပါ။ ကျွန်တော် ခြံဝင်းထဲမှာ ကလေးတွေနဲ့ အတူ အချိန် ကုန်ဆုံးပါတယ်။ ကျွန်တော် အမြင့်ဆုံး ပုံစံ ဖြစ်ဖို့ လုပ်နေပါတယ်”လို့ ပြောသွားပါတယ်။