ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီးအသင္းျဖစ္တ​ဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းကေတာ့ ယေန႔မနက္မွာ ကာရာေဘာင္းဖလား ဒုတိယ အေက်ာ့အျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ ကစားခဲ့ရၿပီး တစ္ဂိုး ဂိုးမရွိဆိုတဲ့ရလဒ္နဲ႔ အနိုင္ရလဒ္ကို ရရွိခဲ့ေပမယ့္ ႏွစ္ေက်ာ့ေပါင္းရလဒ္မွာေတာ့ သုံးဂိုး ႏွစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ ရွုံးနိမ့္ကာ ဆီမီးဖိုင္နယ္ အဆင့္ကပဲ လွည့္ျပန္ခဲ့ရပါတယ္။

Photo Credit: Metro.com

အေဝးကြင္းမွာ ၿမိဳ႕ခံၿပိဳင္ဘက္ကို အနိုင္ရရွိခဲ့တာေၾကာင့္ ၿပိဳင္ပြဲကေန ထြက္ခဲ့ရေပမယ့္ အနည္းငယ္ ေျဖသာစရာျဖစ္ခဲ့ၿပီး အဆိုပါပြဲမွာ ယူနိုက္တက္နည္းၿပ ဆိုးလ္ရွားရဲ့ အျပဳအမူ တစ္ခုဟာ ပရိသတ္ေတြရဲ့ ခ်ီးက်ဴးမွုကို ခံေနရပါတယ္။ အဲ့ဒါကေတာ့ ဆိုးလ္ရွားဟာ ပြဲခ်ိန္အတြင္းမွာ ေဘာလုံးပ်က္မွုေတြ မ်ားျပားေနတဲ့ ကြင္းလယ္တိုက္စစ္ကစားသမား လင္ဂတ္ကို ဆူပူႀကိမ္းေမာင္းခဲ့တဲ့ အျပဳအမူပါပဲ။

Photo Credit: Metro.com

ယူနိုက္တက္အသင္းမွာ ေျခစြမ္းျပနိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ လင္ဂတ္ဟာ အသင္းပရိသတ္ေတြရဲ့ အျမင္မၾကည္မွုေတြကို ခံေနရသူျဖစ္ၿပီး နည္းျပဆိုးလ္ရွားဟာလည္း လင္ဂတ္ကို ပြဲကစားခြင့္ ေပးေနမွုေၾကာင့္ မၾကာခဏဆိုသလို ေဝဖန္ခံေနရသူပါ။ မန္စီးတီးနဲ႔ပြဲမွာေတာ့ ဆိုးလ္ရွားဟာ ေဘာလုံးမၾကာခဏပ်က္ေနတဲ့ လင္ဂတ္ကို ပြဲကစားခ်ိန္ ၆၀မိနစ္မွာ ” ေနာက္တစ္ခါ ေဘာလုံးထပ္ပ်က္ရင္ မင္း ထြက္သြားေတာ့ ” လို႔ ဆူပူႀကိမ္းေမာင္းခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Metro.com

အဲ့ဒီေနာက္မွာေတာ့ လင္ဂတ္ဟာ ေဘာလုံး ထပ္မံပ်က္ခဲ့ၿပီး ဆိုးလ္ရွားဟာ လင္ဂတ္ ကို ပြဲကစားခ်ိန္ ၆၅မိနစ္မွာ ပါရဲယားနဲ႔ လူစားလဲကာသူ႔ရဲ့စကားအတိုင္း လုပ္မယ္ဆိုတာကို သက္ေသျပသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ယူနိုက္တက္ပရိသတ္ေတြဟာ အဆိုပါအျပဳအမူအေပၚ သေဘာက်ေနၾကၿပီး အသင္းရဲ့ ကစားသမားေတြကို ေခ်ာ့တစ္ခါ ၊ ေျခာက္တစ္လွည့္နဲ႔ ကိုင္တြယ္သင့္ေၾကာင္း ေထာက္ျပေျပာဆိုခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တ​ဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ယနေ့မနက်မှာ ကာရာဘောင်းဖလား ဒုတိယ အကျော့အဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ကစားခဲ့ရပြီး တစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ်မှာတော့ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ် အဆင့်ကပဲ လှည့်ပြန်ခဲ့ရပါတယ်။

Photo Credit: Metro.com

အဝေးကွင်းမှာ မြို့ခံပြိုင်ဘက်ကို အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် အနည်းငယ် ဖြေသာစရာဖြစ်ခဲ့ပြီး အဆိုပါပွဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ အပြုအမူ တစ်ခုဟာ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံနေရပါတယ်။ အဲ့ဒါကတော့ ဆိုးလ်ရှားဟာ ပွဲချိန်အတွင်းမှာ ဘောလုံးပျက်မှုတွေ များပြားနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ကို ဆူပူကြိမ်းမောင်းခဲ့တဲ့ အပြုအမူပါပဲ။

Photo Credit: Metro.com

ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ လင်ဂတ်ဟာ အသင်းပရိသတ်တွေရဲ့ အမြင်မကြည်မှုတွေကို ခံနေရသူဖြစ်ပြီး နည်းပြဆိုးလ်ရှားဟာလည်း လင်ဂတ်ကို ပွဲကစားခွင့် ပေးနေမှုကြောင့် မကြာခဏဆိုသလို ဝေဖန်ခံနေရသူပါ။ မန်စီးတီးနဲ့ပွဲမှာတော့ ဆိုးလ်ရှားဟာ ဘောလုံးမကြာခဏပျက်နေတဲ့ လင်ဂတ်ကို ပွဲကစားချိန် ၆၀မိနစ်မှာ ” နောက်တစ်ခါ ဘောလုံးထပ်ပျက်ရင် မင်း ထွက်သွားတော့ ” လို့ ဆူပူကြိမ်းမောင်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

အဲ့ဒီနောက်မှာတော့ လင်ဂတ်ဟာ ဘောလုံး ထပ်မံပျက်ခဲ့ပြီး ဆိုးလ်ရှားဟာ လင်ဂတ် ကို ပွဲကစားချိန် ၆၅မိနစ်မှာ ပါရဲယားနဲ့ လူစားလဲကာသူ့ရဲ့စကားအတိုင်း လုပ်မယ်ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ပရိသတ်တွေဟာ အဆိုပါအပြုအမူအပေါ် သဘောကျနေကြပြီး အသင်းရဲ့ ကစားသမားတွေကို ချော့တစ်ခါ ၊ ခြောက်တစ်လှည့်နဲ့ ကိုင်တွယ်သင့်ကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။