မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ နိုင်ပွဲ ရရှိဖို့ ဆိုရင် မန်ယူအသင်းအတွက် (၁၀၀) ရာခိုင်နှုန်း ပေးဆပ်ချင်တဲ့ ကစားသမားသစ်ကိုသာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောသွားပြီး သူ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကလည်း အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ထားကြပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက် ဂျိမ်း၊ ဟယ်ရီ မက်ဂွိုင်းယား၊ ဝမ်ဆစ်ဆာကာ၊ နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခေါ်ယူခဲ့ပြီး သူ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကလည်း မန်ယူအသင်းအတွက် (၁၀၀) ရာခိုင်နှုန်း ပေးဆပ်နေကြတဲ့ ကစားသမားတွေ ဖြစ်ကြပါတယ်။

Photo Credit: Dailymail

မန်ယူအသင်းဟာ မှားယွင်းတဲ့ ခေါ်ယူမှုတွေ များစွာထဲက ပြိုင်ဘက် အာဆင်နယ်အသင်းကနေ တိုက်စစ်မှူး ဆန်းချက်ကို ခေါ်ယူမှုက မှားယွင်းတဲ့ ခေါ်ယူမှု တစ်ခု ဖြစ်နေပြီး အင်တာမီလန် အသင်းကို အငှားချထားပေမယ့် ဆန်းချက်စ်ကို လုပ်အားခ အများကြီး ပေးနေရပါသေးတယ်။ နည်းပြ ဆိုးလ်ရှားကတော့ လာမယ့် အပြောင်းအရွေ့ ဈေးကွက်မှာ ကစားသမားသစ်တွေကို ခေါ်ယူမယ် ဆိုရင် အသင်းအတွက် (၁၀၀) ရာခိုင်နှုန်း ပေးဆပ်ချင်တဲ့ ကစားသမားတွေကိုပဲ ခေါ်ယူမှာ ဖြစ်တယ်လို့ Shiv Nadar Foundation မှာ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Dailymail

နည်းပြ ဆိုးလ်ရှားက “ဆိုတော့ ကျွန်တော့်အတွက်တော့ ကျွန်တော့် နဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်ကို ရောင်ပြန်ဟပ်စေနိုင်မယ့် အသင်းကို တည်ဆောင်ဖို့က အရေးကြီးတယ်။ သေချာတာပေါ့။ သတ်မှတ်ချက်စံနှုန်းတွေ ရှိတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့အသင်းက အနိုင်ရချင်လို့ပါပဲ။ ကျွန်တော်တို့က အနိုင်ရဖို့ပဲ စီးပွားရေး လုပ်မှာပါ။ မန်ယူ ကစားသမား ဖြစ်ဖို့ ပထမဆုံး အဆင့်ကတော့ ရိုးသားရမှာ ဖြစ်ပြီး ကြိုးစားဖို့ လိုအပ်တယ် ဆိုတာကို အမြဲ သိနေရပါမယ်။ ဘယ်တော့မှ အရှုံးမပေးဘဲ အမြဲတမ်း အကောင်းဆုံး ပုံစံနဲ့ ကစားရပါမယ်။ နေ့တိုင်း ရာနှုန်းပြည့် ပေးဆပ်ရပါမယ်။ ပို ကောင်းတယ်လို့ မတွေးရဘူး။ တစ်ချိန်တည်းမှာ ယုံကြည်မှု အပြည့်နဲ့ ကစားရပါမယ်။ ခြေစွမ်းတည်ငြိမ်ရပါမယ်”လို့ ပြောကြားသွားခဲ့ပါတယ်။