MySport Myanmar

ရီးယဲလ်ကို ဂိုးပြတ်တီးပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အခြေအနေကောင်းလာတဲ့ ဆိုစီဒက်

မနေ့ညက ကစားသွားခဲ့တဲ့ ရီးယဲလ်ဆိုစီဒက် နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ စပိန် လာလီဂါပွဲစဉ်မှာ အိမ်ရှင် ဆိုစီဒက်အသင်းက ရီးယဲလ် ကစားသမားဟောင်းလေး ကူဘိုရဲ့ သွင်းဂိုးနဲ့အတူ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ရင်း ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက်ပါ အခြေအနေ ပိုကောင်းလာခဲ့ရပါတယ်။

Photo Credit : Managing Madrid

ဘန်ဇီမာ(အနားပေး) ဗင်နီစီယပ်စ်(ပွဲပယ်) ကာမာဗင်ဂါ(ပွဲပယ်) အလာဘာ(ဒဏ်ရာ) မိုဒရစ်(ဒဏ်ရာ) တို့ မပါဝင်လာနိုင်တဲ့ ရီးယဲလ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှာ မာရီယာနိုဒီးယက်ဇ်ကိုပါ ပြန်လည် ပွဲထွက်ခွင့်ပြုခဲ့ရသလို ဒီးယက်ဇ်ကလည်း သူရဲ့ နဂို ခြေစွမ်းအတိုင်း အသင်းအတွက် ဘာမှကို မစွမ်းဆောင်နိုင်ပဲ ဒုတိယပိုင်းမှာ လူစားပါ လဲခဲ့ရပါတယ်။ ရီးယဲလ်အတွက် အထိနာသွားတာက မိနစ်(၆၀)ဝန်းကျင်လောက်မှာ နောက်ခံလူ ကာဗာဟယ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရပြီး ကစားသမား တစ်ယောက်လျော့နေချိန်မှာ ပြိုင်ဘက်ရဲ့ ဦးဆောင်မှုကိုပါ မချေပနိုင်တော့ပဲ နောက်ထပ် သွင်းဂိုးတစ်ဂိုးပါ ထပ်မံ ခွင့်ပြုရင်းနဲ့ အရှုံးက ပြတ်သားသွားခဲ့ရပါတယ်။

Photo Credit : the Score

ဆိုစီဒက်အတွက် ပထမဆုံးဂိုးကိုတော့ ရီးယဲလ် ကစားသမားဟောင်းလေး ကူဘိုက မီလီတာအိုရဲ့ အမှားကနေတစ်ဆင့် အကောင်းဆုံး ပိတ်သွင်းယူခဲ့ရင်း ပွဲကို စတင် ဦးဆောင်စေခဲ့ပါတယ်။ နောက်ထပ် အနိုင်ရလဒ်ကို သေချာစေမယ့် သွင်းဂိုးကိုတော့ လူစားဝင် ကစားသမား Barrenetxea က ထပ်မံ သွင်းယူခဲ့ပြီး (၃)မှတ်အပြည့် ရယူသွားနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဆိုစီဒက်ဟာ ရမှတ် (၆၁)မှတ်နဲ့ အဆင့်(၅)နေရာက ဗီလာရီးယဲလ်ကို တစ်ပွဲအသာ (၈)မှတ် ဖြတ်တောက်ထားခဲ့ပြီး အဆင့်(၃)နေရာက အသက်လက်တီကိုအသင်းကိုလည်း တစ်ပွဲအသာ (၅)မှတ်သာ ကွာဟနေပါတော့တယ်။

Photo Credit : Eurosport

ဆိုစီဒက်အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီး အခုလည်း (၁၀)နှစ်အတိ ကြာမြင့်ပြီးချိန်မှာ နောက်ထပ် တစ်ကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့ အလားအလာ အရမ်းကောင်းနေပါတယ်။ ကလပ်အသင်း သမိုင်းတစ်လျှောက်မှာ ချန်ပီယံလိဂ်ကို (၂)ကြိမ်သာ ဝင်ရောက် ဆင်နွဲဖူးတဲ့ ဆိုစီဒက်တို့ အဲ့ဒီ(၂)ကြိမ်လုံးကို (၁၀)နှစ်ကြာမှ တိုက်တိုက်ဆိုင်ဆိုင် ဆင်နွဲခွင့်ရတာကလည်း ဒီကလပ်အသင်းရဲ့ ထူးခြားချက်တစ်ခု ဖြစ်နေမှာ သေချာပါတယ်။

Exit mobile version