လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် မီနာမီနိုကတော့ လီဗာပူးလ်အသင်းဟာ ပရီမီးယား လိဂ် ဖလား ရရှိဖို့ မသေချာသေးတာကြောင့် (၁၀၀) ရာခိုင်နှုန်း သေချာသွားအောင် ကူညီသွားမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဂျပန် လက်ရွေးစင် ကစားသမား မီနာမီနာကို ရက်ဘူးလ်အသင်းကနေ ပေါင် (၇.၂၅) သန်း နဲ့ ခေါ်ယူခဲ့ပြီး မီနာမီနိုဟာ ရှောင်ဘူရီအသင်းနဲ့ သရေကျသွားခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် ပွဲဦးထွက် ပွဲစဉ် ကစားခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁) ပွဲမှ မရှုံးဘဲ (၂၃) ပွဲ အနိုင်ရထားတာကြောင့်မို့ ရမှတ် (၇၀) နဲ့ ထိပ်ဆုံးကနေ ဦးဆောင်ပြီး အဆင့် (၂) နေရာက မန်စီးတီးအသင်းကို (၁၉) မှတ် ဖြတ်ထားပါတယ်။ လီဗာပူးလ်အသင်းဟာ နှစ် (၃၀) ကြာ စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ သေချာသလောက် ဖြစ်နေပြီ ဖြစ်ပေမဲ့လည်း မီနာမီနိုကတော့ မသေချာသေးတာကြောင့် သေချာအောင် ကူညီပေးမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

မီနာမီနိုက “ကျွန်တော် အသင်းကို အရင်ဆုံး ပရီးမီးယားလိဂ် ဖလား ရရှိအောင် ကူညီချင်ပါတယ်။ ဒါပေမဲ့ အဓိက ပစ်မှတ်က ပွဲထွက် ကစားရဖို့၊ ဂိုးသွင်းဖို့ နဲ့ ဂိုးဖန်တီးမှု တစ်ခုနှစ်ခု ပြုလုပ်သွားဖို့ပါ။ သေချာတာပေါ့။ ဒီအသင်းမှာ ကစားရတာ ကျွန်တော် တကယ် ပျောပါတယ်။ ဒါပေမဲ့ ပရီးမီးယား လိဂ်ဖလားကို ရရှိဖို့ မသေချာသေးပါဘူး။ ဒီတော့ ပရီးမီးယားလိဂ် ဖလား ရရှိဖို့ (၁၀၀) ရာခိုင်နှုန်း သေချာအောင် ကျွန်တော် ကူညီချင်ပါတယ်။ အသင်းကို အားဖြည့်ချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။