နယ္သာလန္အသင္းကို ၂၀၁၀ကမၻာ့ဖလားမွာ မထင္မွတ္ထားေလာက္ေအာင္ ေကာင္းမြန္တ့ဲေျခစြမ္းေတြကိုရ႐ွိကာ ကမၻာ့ဖလားဗိုလ္လုပြဲအထိ ေရာက္႐ွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တဲ့ ကြင္းလယ္ကစားသမား ဆႏိုက္ဒါကိုေတာ့ မသိသူမ႐ွိေလာက္ဘူး ထင္ပါတယ္။ တစ္ဦးခ်င္းျဖတ္ေက်ာ္မႈစြမ္းရည္ေတြ ၊ ေကာင္းမြန္တဲ့ ေဘာလံုးအျမင္ေတြ ၊ အံ့အားသင့္စရာေကာင္းလွတဲ့ ျဖတ္တင္ေဘာေတြနဲ႔ ေနရာေပါင္းစံုကေန ဂိုးသြင္းယူႏိုင္မႈေတြက သူ႔ေခတ္သူ႔အခါမွာေတာ့ ဆႏိုက္ဒါကို ကမၻာ့အေကာင္းဆံုး ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္သုိ႔ တြန္းပို႔ေပးႏိုင္ခဲ့ပါတယ္။

Photo Credit: Daily Mirror.com

ေအဂ်က္အသင္းရဲ႕ လူငယ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ဆႏိုက္ဒါဟာ သူ႔ရဲ႕ ကစားသမားဘဝမွာ ေအဂ်က္ ၊ ရီးရဲလ္မက္ဒရစ္ ၊ အင္တာမီလန္အသင္း ၊ ဂါလာတာစာေရးအသင္းတို႔လို နာမည္ႀကီးအသင္းေတြမွာ ကစားခဲ့ဖူးသူျဖစ္ၿပီး သူ႔ရဲ႕ကစားသမားဘဝ ေနာက္ဆံုးအသင္းကေတာ့ အယ္လ္ခါရာဖာအသင္းပဲ ျဖစ္ပါတယ္။ ဆႏိုက္ဒါရဲ႕ကစားသမားဘဝအစကေတာ့ ေမြးရပ္ေျမအသင္းျဖစ္တဲ့ ေအဂ်က္အသင္းမွာပဲ စတင္ခဲ့တာျဖစ္ၿပီး ထိပ္တန္းအဆင့္ေျခစြမ္းကို ပိုင္ဆိုင္ထားတဲ့သူဟာ ေအဂ်က္အသင္းရဲ႕ အဓိကကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရတ့ဲသူပါ။

Photo Credit: Daily Mirror.com

၂၀၀၇-၂၀၀၈ေဘာလံုးရာသီမွာေတာ့ ဆႏိုက္ဒါဟာ စပိန္ထိပ္သီးကလပ္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းထံကို တျခားနယ္သာလန္ကစားသမားေတြျဖစ္တဲ့ ဒရန္သီ ၊ ေရာ္ဘင္တို႔နဲ႔အတူေျပာင္းေရႊ႕ခဲ့ၿပီး ေဒးဗစ္ဘက္ခမ္းဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၂၃ကိုရယူခဲ့ပါတယ္။ လူငယ္ကစားသမားမွာကတည္းက ေျခစြမ္းေကာင္းေတြထုတ္ျပႏိုင္ခဲ့တဲ့ ဆႏိုက္ဒါဟာ ရီးရဲလ္မက္ဒရစ္အသင္းကိုေရာက္႐ွိၿပီး မၾကာခင္မွာပဲ အသင္းရဲ႕အဓိကကြင္းလယ္ကစားသမားျဖစ္လာခဲ့ၿပီး အသင္းကိုသူ႔ရဲ႕ေျခစြမ္းေကာင္းေတြနဲ႔ ေမာင္းႏွင္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဆႏိုက္ဒါရဲ႕ ရီးရဲလ္မက္ဒရစ္ကစားသမားဘဝဟာ ႏွစ္ရာသီသာၾကာျမင့္ခဲ့ၿပီး အေၾကာင္းကေတာ့ သူ႔ရဲ႕ဒဏ္ရာျပသာနာေတြေၾကာင့္ပါပဲ။

Photo Credit: Daily Mirror.com

အင္တာမီလန္အသင္းကို ေရာက္႐ွိခဲ့တဲ့ ပထမဦးဆံုးေဘာလံုးရာသီကေတာ့ ဆႏိုက္ဒါရဲ႕ ကစားသမားဘဝမွာ အေကာင္းဆံုးေဘာလံုးရာသီအျဖစ္ သတ္မွတ္လို႔ရတဲ့ ေဘာလုံးရာသီပါပဲ။ ဆႏိုက္ဒါဟာ အင္တာမီလန္အသင္းနဲ႔ ပထမဦးဆံုးေဘာလံုးရာသီျဖစ္တဲ့ ၂၀၀၉-၂၀၁၀ေဘာလံုးရာသီမွာ စီးရီးေအဖလား ၊ ကိုပါအီတာလီယာဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို ရယူႏိုင္ခဲ့တာျဖစ္ၿပီး နယ္သာလန္အသင္းနဲ႔အတူလည္း ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဒုတိယဆုကိုရယူႏိုင္ခဲ့ပါတယ္။ ဆႏိုက္ဒါဟာ အဆိုပါေဘာလံုးရာသီမွာ ယူအီးအက္ဖ္ေအရဲ႕အေကာင္းဆံုးကြင္းလယ္ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီး ကမၻာ့ဖလားမွာလည္း ေငြေဘာလံုးဆုကိုရယူႏိုင္ခဲ့ပါတယ္။

Photo Credit: Daily Mirror.com

ဆႏိုက္ဒါရဲ႕ပရိသတ္ေတြနဲ႔ မက္ဆီရဲ႕ပရိသတ္ေတြၾကားထဲမွာ အျငင္းပြားဖြယ္ရာပံုျပင္တစ္ပုဒ္လည္း ႐ွိခဲ့ပါေသးတယ္။ အဲ့ဒါကေတာ့ ၂၀၁၀အတြက္ ကမၻာ့အေကာင္းဆံုးေဘာလံုးသမားဆုကို လီယြန္နယ္မက္ဆီက ဆြတ္ခူးႏိုင္ခဲ့တဲ့ ကိစၥပဲ ျဖစ္ပါတယ္။ ဆႏိုက္ဒါရဲ႕ပရိသတ္ေတြနဲ႔ နယ္သာလန္ႏိုင္ငံသားေတြဟာ အဆိုပါႏွစ္ရဲ႕အေကာင္းဆံုုးကစားသမားဟာ ဆႏိုက္ဒါျဖစ္သင့္ေၾကာင္းနဲ႔ မက္ဆီဟာ ဆႏိုက္ဒါရဲ႕ ဆုကိုခိုးယူခဲ့တာျဖစ္ေၾကာင္း စြပ္စြဲခဲ့ၾကၿပီး ဘာစီလိုနာအသင္းပရိသတ္ေတြကေတာ့ မက္ဆီရဲ႕ေျခစြမ္းဟာ ကမၻာ့အေကာင္းဆံုးဆုနဲ႔ထိုက္တန္ေၾကာင္း ျပန္လည္တံု႔ျပန္ခဲ့ၾကပါေသးတယ္။

ဆႏိုက္ဒါတစ္ေယာက္ ကစားသမားဘဝ အဆံုးသတ္ၿပီးတ့ဲေနာက္မွာ ေအာင္ျမင္တဲ့ဘဝတစ္ခုကိုပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း…..။

နယ်သာလန်အသင်းကို ၂၀၁၀ကမ္ဘာ့ဖလားမှာ မထင်မှတ်ထားလောက်အောင် ကောင်းမွန်တဲ့ခြေစွမ်းတွေကိုရရှိကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဆနိုက်ဒါကိုတော့ မသိသူမရှိလောက်ဘူး ထင်ပါတယ်။ တစ်ဦးချင်းဖြတ်ကျော်မှုစွမ်းရည်တွေ ၊ ကောင်းမွန်တဲ့ ဘောလုံးအမြင်တွေ ၊ အံ့အားသင့်စရာကောင်းလှတဲ့ ဖြတ်တင်ဘောတွေနဲ့ နေရာပေါင်းစုံကနေ ဂိုးသွင်းယူနိုင်မှုတွေက သူ့ခေတ်သူ့အခါမှာတော့ ဆနိုက်ဒါကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်သို့ တွန်းပို့ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mirror.com

အေဂျက်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဆနိုက်ဒါဟာ သူ့ရဲ့ ကစားသမားဘဝမှာ အေဂျက် ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန်အသင်း ၊ ဂါလာတာစာရေးအသင်းတို့လို နာမည်ကြီးအသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအသင်းကတော့ အယ်လ်ခါရာဖာအသင်းပဲ ဖြစ်ပါတယ်။ ဆနိုက်ဒါရဲ့ကစားသမားဘဝအစကတော့ မွေးရပ်မြေအသင်းဖြစ်တဲ့ အေဂျက်အသင်းမှာပဲ စတင်ခဲ့တာဖြစ်ပြီး ထိပ်တန်းအဆင့်ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့သူဟာ အေဂျက်အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့သူပါ။

Photo Credit: Daily Mirror.com

၂၀၀၇-၂၀၀၈ဘောလုံးရာသီမှာတော့ ဆနိုက်ဒါဟာ စပိန်ထိပ်သီးကလပ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းထံကို တခြားနယ်သာလန်ကစားသမားတွေဖြစ်တဲ့ ဒရန်သီ ၊ ရော်ဘင်တို့နဲ့အတူပြောင်းရွှေ့ခဲ့ပြီး ဒေးဗစ်ဘက်ခမ်းဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၃ကိုရယူခဲ့ပါတယ်။ လူငယ်ကစားသမားမှာကတည်းက ခြေစွမ်းကောင်းတွေထုတ်ပြနိုင်ခဲ့တဲ့ ဆနိုက်ဒါဟာ ရီးရဲလ်မက်ဒရစ်အသင်းကိုရောက်ရှိပြီး မကြာခင်မှာပဲ အသင်းရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်လာခဲ့ပြီး အသင်းကိုသူ့ရဲ့ခြေစွမ်းကောင်းတွေနဲ့ မောင်းနှင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆနိုက်ဒါရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝဟာ နှစ်ရာသီသာကြာမြင့်ခဲ့ပြီး အကြောင်းကတော့ သူ့ရဲ့ဒဏ်ရာပြသာနာတွေကြောင့်ပါပဲ။

Photo Credit: Daily Mirror.com

အင်တာမီလန်အသင်းကို ရောက်ရှိခဲ့တဲ့ ပထမဦးဆုံးဘောလုံးရာသီကတော့ ဆနိုက်ဒါရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးဘောလုံးရာသီအဖြစ် သတ်မှတ်လို့ရတဲ့ ဘောလုံးရာသီပါပဲ။ ဆနိုက်ဒါဟာ အင်တာမီလန်အသင်းနဲ့ ပထမဦးဆုံးဘောလုံးရာသီဖြစ်တဲ့ ၂၀၀၉-၂၀၁၀ဘောလုံးရာသီမှာ စီးရီးအေဖလား ၊ ကိုပါအီတာလီယာဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပြီး နယ်သာလန်အသင်းနဲ့အတူလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယဆုကိုရယူနိုင်ခဲ့ပါတယ်။ ဆနိုက်ဒါဟာ အဆိုပါဘောလုံးရာသီမှာ ယူအီးအက်ဖ်အေရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ကမ္ဘာ့ဖလားမှာလည်း ငွေဘောလုံးဆုကိုရယူနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mirror.com

ဆနိုက်ဒါရဲ့ပရိသတ်တွေနဲ့ မက်ဆီရဲ့ပရိသတ်တွေကြားထဲမှာ အငြင်းပွားဖွယ်ရာပုံပြင်တစ်ပုဒ်လည်း ရှိခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ၂၀၁၀အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လီယွန်နယ်မက်ဆီက ဆွတ်ခူးနိုင်ခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဆနိုက်ဒါရဲ့ပရိသတ်တွေနဲ့ နယ်သာလန်နိုင်ငံသားတွေဟာ အဆိုပါနှစ်ရဲ့အကောင်းဆုုံးကစားသမားဟာ ဆနိုက်ဒါဖြစ်သင့်ကြောင်းနဲ့ မက်ဆီဟာ ဆနိုက်ဒါရဲ့ ဆုကိုခိုးယူခဲ့တာဖြစ်ကြောင်း စွပ်စွဲခဲ့ကြပြီး ဘာစီလိုနာအသင်းပရိသတ်တွေကတော့ မက်ဆီရဲ့ခြေစွမ်းဟာ ကမ္ဘာ့အကောင်းဆုံးဆုနဲ့ထိုက်တန်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ကြပါသေးတယ်။

ဆနိုက်ဒါတစ်ယောက် ကစားသမားဘဝ အဆုံးသတ်ပြီးတဲ့နောက်မှာ အောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း…..။