ရီးရဲလ်အသင်း နဲ့ အင်တာမီလန်အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း စနိုက်ဒါကတော့ အာဂျင်တီးနား လက်ရွေးစင် အသင်း နဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး မာတီနက်စ်ကို ဘာစီလိုနာအသင်း မပြောင်းဘဲ ရီးရဲလ်အသင်းကို ပြောင်းဖို့ ပြောချင်တယ်လို့ ဆိုခဲ့ပါတယ်။ ကွင်းလယ် ကစားသမားဟောင်း ရှနိုက်ဒါဟာ ရီးရဲလ် မက်ဒရစ်အသင်းမှာ လွန်ခဲ့တဲ့ (၂၀၀၇) ခုနှစ်ကနေ (၂၀၀၉) ခုနှစ်အထိ၊ (၂) ရာသီကြာ ကစားပြီးနောက် အင်တာမီလန်အသင်းကို ပြောင်းသွားခဲ့ပြီး အင်တာမီလန်အသင်းအတွက် (၄) ရာသီကြာ ကစားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: As.Com

တိုက်စစ်မှူး မာတီနက်စ်ဟာ အာဂျင်တီးနား လူမျိုး ဖြစ်တာကြောင့် ကစားသမားဘဝကိုလည်း အာဂျင်တီးနားနိုင်ငံ အခြေစိုက် ရေ့စင်းကလပ်အသင်းမှာ စတင်ခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ အင်တာမီလန်အသင်းကို ပြောင်းရွေ့ကြေး ယူရို (၂၂) သန်းနဲ့ ရောက်လာခဲ့ပါတယ်။ တိုက်စစ်မှူး မာတီနက်စ်ဟာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၆၆) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၂၅) ဂိုး သွင်းယူထားပြီး အင်တာမီလန် ကွင်းလယ် ကစားသမားဟောင်း ရှနိုက်ဒါက မာတီနက်စ်ကို ဘာစီလိုနာအသင်း မဟုတ်ဘဲ ရီးရဲလ်အသင်းကို ပြောင်းပါလို့ ပြောခဲ့ပါတယ်။

Photo Credit: As.Com

စနိုက်ဒါက “ကျွန်တော်ကတော့ ဘာစီလိုနာအသင်းကို မကြိုက်ဘူး။ ကျွန်တော်ဟာ ရီးရဲလ်အသင်းအတွက် ကစားခဲ့ပါတယ်။ ကျွန်တော်ကတော့ မာတီနစ်က်ကို ရီးရဲလ်အသင်း ပြောင်းရွေ့ဖို့ အကြံပေးချင်တယ်။ မာတီနက်စ်လို ကစားသမားက ရုပ်ဆိုင်းရော စိတ်ပိုင်းရော ကြံခိုင်တယ်။ ကျွန်တော် မာတီနက်စ်ကို ရီးရဲလ်အသင်းအတွက် ကစားကြည့်ပါလို့ပဲ ပြောနိုင်ပါတယ်။ သူ အင်တာမီလန်အသင်းအတွက် နှစ်များစွာ ကစားရဦးမှာပါ” လို့ ပြောသွားပါတယ်။ တိုက်စစ်မှူး မာတီနက်စ်ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ မက်ဆီနဲ့ တွဲကစားရပြီး အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် (၁၇) ပွဲ ကစားထားရာမှာ (၉) ဂိုး သွင်းထားပါတယ်။