မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဝါရင့်တောင်ပံကစားသမားကြီး အက်ရှ်လေယန်းကတော့ သူရဲ့ပွဲဦးထွက် စီးရီးအေပွဲစဉ်မှာ အင်တာအသင်းအတွက် မာတီနက်ဇ်ရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းရဲ့ရလဒ်က စိတ်ကျေနပ်စရာမရှိပေမယ့် ယန်းရဲ့ပွဲဦးထွက်ကတော့ ကျေနပ်စရာကောင်းလောက်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ ဒီလိုပါပဲ ယူနိုက်တက်ကစားသမားဟောင်း ခရစ်စမောလင်းကလည်း ဒီတစ်ပတ် စီးရီးအေပွဲစဉ်မှာ ရိုးမားအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၃၀အရွှယ်ရှိပြီဖြစ်တဲ့ ယူနိုက်တက်နောက်ခံကစားသမား စမောလင်းဟာ အသင်းကို ဟယ်ရီမက်ဂွိုင်းယား ရောက်ရှိလာခဲ့ပြီးနောက် နေရာပျောက်ဆုံးတော့မယ်ဆိုတာ သေချာနေပြီဖြစ်လို့ အသင်းကနေ ရိုးမားအသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားခဲဲ့တာဖြစ်ကာ အခုဆိုရင် ရိုးမားရဲ့ခံစစ်မှာ ပုံမှန်နေရာရနေတဲ့ နောက်ခံလူတစ်ယောက် ဖြစ်နေခဲဲ့ရပါတယ်။ အင်္ဂလန်နောက်ခံလူ စမောလင်းက ဒီရာသီမှာ ရိုးမားအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း၂၁ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်ပါ လုပ်ဆောင်ခဲ့တာကြောင့် ရိုးမားအသင်းက ရာသီအကုန်မှာ ယူနိုက်တက်အသင်းကနေ အပြီးသတ်ခေါ်ယူဖွယ်တောင် ရှိလို့နေပါတယ်။

Photo Credit : The Sun

အခုလည်း စမောလင်းဟာ ရိုးမားအသင်းနဲ့အတူ ရောမဒါဘီပွဲမှာ ပါဝင်ဆင်နွဲခဲ့ရင်းနဲ့ လာဇီယိုအသင်းရဲ့အဓိကတိုက်စစ်ကစားသမားလည်းဖြစ် ဒီရာသီ စီးရီးအေရဲ့ဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်တဲ့ အင်မိုဘီလီကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲဲ့ပြီး ခံစစ်မှာ တာဝန်ကျေပွန်အောင် ကစားပြနိုင်ခဲ့ပါတယ်။ စမောလင်းက သူစီးရီးအေကို စရောက်ချင်းမှာ ရောမဒါဘီ ပထမအကျော့ပွဲဲစဉ်ကို လွဲချော်ခဲ့ရပြီး အခုမှသာ ရောမဒါဘီကို ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ရတာဖြစ်ကာ စီးရီးအေမှာ နိုင်ပွဲဆက်လို့နေတဲ့ လာဇီယိုအသင်းရဲ့တိုက်စစ်အတွက် အဟန့်အတားဖြစ်အောင် ကစားပြနိုင်ခဲ့သလို တစ်ပွဲဲလုံးစွမ်းဆောင်ရည်မှာဆိုလည်း Rating 7.4 အထိတောင် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလို ခြေစွမ်းမျိုးရှိနေတဲ့ စမောလင်းကို ရိုးမားက အပြီးသတ်ခေါ်ယူနိုင်အောင် ကြိုးပမ်းနေပေမယ့်လည်း ယူနိုက်တက်ပရိသတ်တွေကတော့ ဒီလိုကစားသမားမျိုးကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားသင့်တယ်လို့ တိုက်တွန်းထားပြီး ယူနိုက်တက်မှာကလည်း ခံစစ်ပိုင်းအားနည်းမှုတွေ ရှိနေတာကြောင့် ဘယ်လိုဆုံးဖြတ်ချက်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

(Zawgyi)

ေရာမဒါဘီပြဲစဥ္အတြင္း ခံစစ္ပုိင္းမွာ ေျခစြမ္းျပသႏုိင္ခဲ႔တဲ႔ ရုိးမားေနာက္ခံလူ စေမာလင္း

မန္ခ်က္စတာယူႏုိက္တက္အသင္းကေန အင္တာမီလန္အသင္းဆီ ေျပာင္းေရႊ႕သြားခဲ႔တဲ႔ ဝါရင့္ေတာင္ပံကစားသမားႀကီး အက္ရွ္ေလယန္းကေတာ့ သူရဲ႕ပြဲဦးထြက္ စီးရီးေအပြဲစဥ္မွာ အင္တာအသင္းအတြက္ မာတီနက္ဇ္ရဲ႕သြင္းဂုိးကုိ ဖန္တီးေပးႏုိင္ခဲ႔ၿပီး အသင္းရဲ႕ရလဒ္က စိတ္ေက်နပ္စရာမရွိေပမယ့္ ယန္းရဲ႕ပြဲဦးထြက္ကေတာ့ ေက်နပ္စရာေကာင္းေလာက္တဲ႔ အေနအထားျဖစ္ခဲ႔ပါတယ္။ ဒီလုိပါပဲ ယူႏုိက္တက္ကစားသမားေဟာင္း ခရစ္စေမာလင္းကလည္း ဒီတစ္ပတ္ စီးရီးေအပြဲစဥ္မွာ ရုိးမားအသင္းအတြက္ ေျခစြမ္းျပသနုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၃၀အရႊယ္ရွိၿပီျဖစ္တဲ႔ ယူႏုိက္တက္ေနာက္ခံကစားသမား စေမာလင္းဟာ အသင္းကုိ ဟယ္ရီမက္ဂြိဳင္းယား ေရာက္ရွိလာခဲ႔ၿပီးေနာက္ ေနရာေပ်ာက္ဆုံးေတာ့မယ္ဆုိတာ ေသခ်ာေနၿပီျဖစ္လုိ႔ အသင္းကေန ရုိးမားအသင္းဆီကုိ တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕ကစားခဲဲ႔တာျဖစ္ကာ အခုဆုိရင္ ရုိးမားရဲ႕ခံစစ္မွာ ပုံမွန္ေနရာရေနတဲ႔ ေနာက္ခံလူတစ္ေယာက္ ျဖစ္ေနခဲဲ႔ရပါတယ္။ အဂၤလန္ေနာက္ခံလူ စေမာလင္းက ဒီရာသီမွာ ရုိးမားအသင္းအတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း၂၁ပြဲ ပါဝင္ကစားခဲ႔ၿပီး သြင္းဂုိး၂ဂုိးနဲ႔ ဂုိးဖန္တီးမႈ ၁ႀကိမ္ပါ လုပ္ေဆာင္ခဲ႔တာေၾကာင့္ ရုိးမားအသင္းက ရာသီအကုန္မွာ ယူႏုိက္တက္အသင္းကေန အၿပီးသတ္ေခၚယူဖြယ္ေတာင္ ရွိလုိ႔ေနပါတယ္။

Photo Credit : The Sun

အခုလည္း စေမာလင္းဟာ ရုိးမားအသင္းနဲ႔အတူ ေရာမဒါဘီပြဲမွာ ပါဝင္ဆင္ႏြဲခဲ႔ရင္းနဲ႔ လာဇီယုိအသင္းရဲ႕အဓိကတုိက္စစ္ကစားသမားလည္းျဖစ္ ဒီရာသီ စီးရီးေအရဲ႕ဂုိးသြင္းအမ်ားဆုံးကစားသမားလည္းျဖစ္တဲ႔ အင္မုိဘီလီကုိ အေကာင္းဆုံးထိန္းခ်ဳပ္ႏုိင္ခဲဲ႔ၿပီး ခံစစ္မွာ တာဝန္ေက်ပြန္ေအာင္ ကစားျပႏုိင္ခဲ႔ပါတယ္။ စေမာလင္းက သူစီးရီးေအကုိ စေရာက္ခ်င္းမွာ ေရာမဒါဘီ ပထမအေက်ာ့ပြဲဲစဥ္ကုိ လြဲေခ်ာ္ခဲ႔ရၿပီး အခုမွသာ ေရာမဒါဘီကုိ ပထမဆုံးအႀကိမ္အျဖစ္ ပါဝင္ခဲ႔ရတာျဖစ္ကာ စီးရီးေအမွာ ႏုိင္ပြဲဆက္လုိ႔ေနတဲ႔ လာဇီယုိအသင္းရဲ႕တုိက္စစ္အတြက္ အဟန္႔အတားျဖစ္ေအာင္ ကစားျပႏုိင္ခဲ႔သလုိ တစ္ပြဲဲလုံးစြမ္းေဆာင္ရည္မွာဆုိလည္း Rating 7.4 အထိေတာင္ သတ္မွတ္ခံခဲ႔ရပါတယ္။ ဒီလုိ ေျခစြမ္းမ်ိဳးရွိေနတဲ႔ စေမာလင္းကုိ ရုိးမားက အၿပီးသတ္ေခၚယူႏုိင္ေအာင္ ႀကိဳးပမ္းေနေပမယ့္လည္း ယူႏုိက္တက္ပရိသတ္ေတြကေတာ့ ဒီလုိကစားသမားမ်ိဳးကုိ အသင္းမွာပဲ ဆက္လက္ထိန္းသိမ္းထားသင့္တယ္လုိ႔ တုိက္တြန္းထားၿပီး ယူႏုိက္တက္မွာကလည္း ခံစစ္ပုိင္းအားနည္းမႈေတြ ရွိေနတာေၾကာင့္ ဘယ္လုိဆုံးျဖတ္ခ်က္မလဲဆုိတာ စိတ္ဝင္စားဖုိ႔ေကာင္းပါတယ္။