ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင် (၆) ယောက်ဟာ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ကနေ နှုတ်ထွက်သွားခဲ့ကြပြီး လက်ရှိ ဘာစီလိုနာအသင်း ဥက္ကဌ ဖြစ်သူ ဘာတိုဗျူးကို ဝေဖန်ခဲ့ရာမှာ ဥက္ကဌအသစ် ပြန်ရွေးမှသာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ်လို့လည်း ပြောသွားခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထဲကနေ နှုတ်ထွက်ခဲ့ကြတဲ့ (၆) ဦးဟာ အသင်းရဲ့ ဒုဥက္ကဌ (၂) ဦး နဲ့ အသင်းရဲ့ ဒါရိုက်တာ (၄) ဦး ဖြစ်ပြီး သူတို့က ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထဲကနေ နှုတ်ထွက်သွားရတဲ့ အကြောင်းအရင်းကို စာစောင်နဲ့ ထုတ်ပြန် အသိပေး သွားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: BBC

ဘုတ်အဖွဲ့ဝင် (၆) ဦးဟာ ဘာကြောင့် နှုတ်ထွက်ရတာလဲ ဆိုတာကို စာစောင်နဲ့ ထုတ်ပြန်ခဲ့ပြီး စာစောင်မှာ ရေးသားထားတာက “ကျွန်တော်တို့ ဒီအခြေအနေကို ရောက်ခဲ့တယ်။ ဘာလို့လဲ ဆိုရင် ကျွန်တော်တို့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ရတဲ့ အချိန်မှာ အသင်းရဲ့ စီမံမှုကို မကြိုက်လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ “Barcagate” လို့ လူသိများတဲ့ လူမှုကွန်ရက်အကောင့် နဲ့ ပက်သက်ပြီး ကျွန်တော်တို့ရဲ့ မကျေနပ်မှုကိုလည်း ဖော်ပြချင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ဥက္ကဌအသစ် ရွေးကောက်ပွဲကို အခြေအနေပေးရင် အမြန်ဆုံး ပြုလုပ်ကြဖို့ပါပဲ။ ဒါမှပဲ အသင်းက အကောင်းဆုံး နည်းလမ်းနဲ့ စီမံနိုင်မှာ ဖြစ်ပြီး အနာဂတ်မှာ မထင်မှတ်ထားဘဲ ရုတ်တရက် ရင်ဆိုင်လာရမယ့် အရေးကြီးတဲ့ စိန်ခေါ်မှုကို ဖြေရှင်းနိုင်မှာပါ”လို့ ဖော်ပြပါတယ်။

Photo Credit: BBC

ဘာစီလိုနာအသင်းဟာ ကိုဗစ် (၁၉) လို့ ခေါ်တဲ့ ကမ္ဘာ့ ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အသင်းရဲ့ ကစားသမားတွေကို လစာ (၇၀) ရာခိုင်နှုန်း ဖြတ်ပြီး အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ နဲ့ ဘာစီလိုနာ ဘက်စကစ်ဘောအသင်းကိုလည်း သူတို့ရဲ့ လစာကို ဖြတ်တောက်သွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လတ်တလော ကြုံတွေ့နေရတဲ့ ကိုဗစ် (၁၉) ရောဂါကို စီမံတဲ့ အခါမှာ ဘက်ပေါင်းစုံ လိုအပ်မှုတွေ များစွာ ရှိခဲ့တာကြောင့် အသင်းရဲ့ ဘုတ်အဖွဲ့ဝင် (၆) ဦးကတော့ အသင်းရဲ့ စီမံမှုကို မကြိုက်တာကြောင့် နှုတ်ထွက်ခဲ့တယ်လို့ တရားဝင် ထုတ်ပြန်သွားပါတယ်။