MySport Myanmar

ကိုပင်ဟေဂင် ကြယ်ပွင့်လေးကို ယူနိုက်တက်ဆီ ခေါ်ဆောင်ပေးချင်နေတဲ့ ဆာဂျင်မ်

ဗြိတိန်ရဲ့ သူဌေးကြီးတစ်ဦးဖြစ်သူ ဆာ ဂျင်မ် ရတ်ကလစ်ဖ်က သူ့အသင်းသစ် ဖြစ်လာတော့မယ့် မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ကိုပင်ဟေဂင်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ရူနီ ဘာဒဂီကို ခေါ်ယူပေးသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆာဂျင်မ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ (၂၅)%ကို ဝယ်ယူဖို့အတွက် ဂလေဇာမိသားစုနဲ့ ဆွေးနွေးနေမှုတွေ အပြီးသတ် သဘောတူညီမှု ရရှိနိုင်တော့မယ်လို့ The Athletic က ဖော်ပြထားပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ယူနိုက်တက်ဘက်က တရားဝင် ထုတ်ပြန်ဖွယ်ပါ ရှိနေပါတယ်။

Photo Credit : talkSPORT

ဆာဂျင်မ်အနေနဲ့ကလည်း ယူနိုက်တက်ရဲ့ ရှယ်ယာရှင် ဖြစ်လာချိန်မှာ အသင်းအတွက် အားကစားပိုင်းဆိုင်ရာကိုသာ အဓိက ကိုင်တွယ်သွားမှာ ဖြစ်သလို အသင်းကိုလည်း ကစားသမားသစ်တွေ ခေါ်ယူပေးသွားဖို့ စီစဉ်လာခဲ့ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆာဂျင်မ်ဟာ ကိုပင်ဟေဂင်အသင်းရဲ့ အသက် (၁၇)နှစ်အရွယ် ဆွီဒင် တောင်ပံကစားသမားလေး ဘာဒဂီကို ခေါ်ယူသွားချင်နေပါတယ်။ ဒီကစားသမားလေးကတော့ ကိုပင်ဟေဂင် နဲ့ ယူနိုက်တက်ပွဲမှာ ကိုပင်ဟေဂင်အတွက် ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : ESPN

ကူဝိတ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဆယ်ကျော်သက် ဆွီဒင် ယူ-၂၁ ကစားသမားလေး ဘာဒဂီကို လက်ရှိမှာ ဥရောပ ကလပ်အသင်းတွေ များစွာက အပြိုင် စိတ်ဝင်စားလျက် ရှိနေချိန် ဆာဂျင်မ်ကလည်း အခြားအသင်းတွေ လက်ဦးမှု ရယူပြီး ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။

ပေါင် (၇)သန်းဝန်းကျင်လောက် တန်ကြေးရှိတဲ့ ဘာဒဂီဟာ ညာတောင်ပံနေရာမှာ အဓိက ကစားသူ ဖြစ်ပေမယ့်လည်း လိုအပ်ရင်တော့ ကွင်းလယ်တိုက်စစ် နဲ့ တိုက်စစ်နေရာတွေပါ ကစားနိုင်သူဖြစ်ပြီး သူရဲ့လက်ရှိ စာချုပ်သက်တမ်း လာမယ့် ၂၀၂၅ ဒီဇင်ဘာမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Exit mobile version