နည်းပြဘဝကနေ အနားယူသွားခဲ့ပေမယ့်လည်း အသင်းအပေါ် ချစ်မြတ်နိုးတဲ့စိတ်ကြောင့်ပဲ အသင်းရဲ့ပွဲတိုင်းနီးပါးကို လိုက်လံအားပေးလေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ရဲ့ခါရာဘောင်းလိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ယူနိုက်တက်ရဲ့ကစားပိုင်းကစားပုံကို မျက်ဝါးထင်ထင် ကြည့်ရှုခဲ့ရတဲ့ ဖာဂူဆန်ဟာ အတော်လေးကို စိတ်ပျက်သွားခဲ့ရတယ်လို့ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။
အသင်းအတွက် အောင်မြင်မှုတွေများစွာကို ရယူထားပေးနိုင်ခဲ့တဲ့ နည်းပြကြီးဖာဂူဆန်က အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ အသင်းရဲ့ကစားပုံကြည့်ပြီး ရှက်ဖို့ကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်လာခဲ့လို့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ စကားစမြည်ပြောဆိုခြင်းမရှိပဲ သူရဲ့ရုံးခန်းဆီကိုပဲ တန်းတန်းပြန်သွားခဲ့ပြီး ဝိုင်တစ်ခွက်ကိုပဲ သောက်သုံးခဲ့တယ်လို့ Metro သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အဲ့ဒီပွဲစဉ်အတွင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ပထမပိုင်းမှာပဲ သွင်းဂိုး၃ဂိုးလုံး ခွင့်ပြုပေးခဲ့ရသလို အသင်းရဲ့ကစားဟန်ကလည်း စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်ခဲ့ရပါတယ်။
(Unicode)
မန်ချက်စတာဒါဘီအတွင်း အသင်းရဲ့ပထမပိုင်းကစားပုံကြောင့် စိတ်ပျက်ခဲ့ရတဲ့ ဖာဂူဆန်
နည်းပြဘဝကနေ အနားယူသွားခဲ့ပေမယ့်လည်း အသင်းအပေါ် ချစ်မြတ်နိုးတဲ့စိတ်ကြောင့်ပဲ အသင်းရဲ့ပွဲဲတိုင်းနီးပါးကို လိုက်လံအားပေးလေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ရဲ့ခါရာဘောင်းလိဂ်ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ယူနိုက်တက်ရဲဲ့ကစားပိုင်းကစားပုံကို မျက်ဝါးထင်ထင် ကြည့်ရှုခဲ့ရတဲဲ့ ဖာဂူဆန်ဟာ အတော်လေးကို စိတ်ပျက်သွားခဲ့ရတယ်လို့ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။
Photo Credit : Sportbible
အသင်းအတွက် အောင်မြင်မှုတွေများစွာကို ရယူထားပေးနိုင်ခဲ့တဲ့ နည်းပြကြီးဖာဂူဆန်က အိုးထရက်ဖိုဒ့်ကွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ အသင်းရဲ့ကစားပုံကြည့်ပြီး ရှက်ဖို့ကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်လာခဲ့လို့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ စကားစမြည်ပြောဆိုခြင်းမရှိပဲ သူရဲ့ရုံးခန်းဆီကိုပဲ တန်းတန်းပြန်သွားခဲ့ပြီး ဝိုင်တစ်ခွက်ကုုိပဲ သောက်သုံးခဲဲ့တယ်လို့ Metro သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ အဲ့ဒီပွဲစဉ်အတွင်းမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ပထမပိုင်းမှာပဲ သွင်းဂိုး၃ဂိုးလုံး ခွင့်ပြုပေးခဲ့ရသလို အသင်းရဲဲ့ကစားဟန်ကလည်း စိတ်ပျက်စရာကောင်းလောက်အောင် ဖြစ်ခဲ့ရပါတယ်။
Photo Credit : Getty Images
ပထမပိုင်းပွဲကစားချိန်တွေအတွင်း ဘောလုံးပိုင်ဆိုင်မှု ဂိုးပေါက်ခြိမ်းခြောက်မှုတွေမှာ ဧည့်သည်မန်စီးတီးအသင်းက အိမ်ရှင်ထက် အကုန်အသာစီးရယူနိုင်ခဲ့ပြီး ယူနိုက်တက်က ဂိုးပေါက်တည့်ကန်ချက်တောင်မရှိခဲ့ပဲ ပထမပိုင်းမှာ ဘာနာဒိုဆေးဗား မာရက်ဇ်နဲ့ ပါရဲရားတို့ရဲဲ့ကိုယ်ဂိုးကိုယ်သွင်းယူမှုတွေနဲ့ ရှံးနိမ့်ခဲ့ရကာ ဒုတိယပိုင်းမှာတော့ ရပ်ဖိုဒ့်က အသင်းအတွက် အရှက်ပြေချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပထမပိုင်းစွမ်းဆောင်ရည်တွေက ယခုနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းရဲဲ့အဆိုးရွှားဆုံးဖြစ်တယ်လို့လည်း နည်းပြဆိုးလ်ရှားက မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဆိုးလ်ရှားက “အသင်းရဲ့ပထမပိုင်းခြေစွမ်းက ဒီရာသီမှာ အဆိုးရွှားဆုံးပါပဲ။ အဖွင့်ဂိုးပေးလိုက်ရချိန်ကနေ ပထမပိုင်းအပြီးထိ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်တွေက လုံးဝကို တည်ငြိမ်မှုမရှိတော့ပါဘူး။ မလုပ်သင့်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်မိသေးတယ်။ ဒီပွဲကနေ ကျွန်တော်တို့အတွက် သင်ခန်းစာတွေ များစွာပိုင်ဆိုင်နိုင်ခဲဲ့ရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။