MySport Myanmar

(၁၄)နှစ်သားအရွှယ်မှာပဲ ဖာဂူဆန်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ဖူးတယ်ဆိုတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဝိန်းရွန်းနီက သူ့အသက်(၁၄)နှစ်အရွှယ်မှာပဲ သူ့ကို ယူနိုက်တက် ဂန္တဝင်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်က ဆက်သွယ်ခဲ့ပြီး ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဒီလိုကြိုးပမ်းလာမှုအပေါ် သူ့ဘက်ကနေ ဒေါသတကြီးနဲ့ပါ ပြန်လည်တုံ့ပြန်ခဲ့ပြီး ငြင်းဆန်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Royal Blue Mersey

လက်ရှိမှာ အသက်(၃၆)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်သလို ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ်ပါ တာဝန်ယူ ဆောင်ရွှက်နေတဲ့ ရွန်းနီက အဲဗာတန် လူငယ်အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း သူ့ကို ယူနိုက်တက်နည်းပြဟောင်းကြီး ဖာဂူဆန်ကနေ ယူနိုက်တက် လူငယ်အသင်းအတွက် ခေါ်ယူသွားဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့သေးကြောင့် ဒီကမ်းလှမ်းမှုကို သူ့ဘက်က ဒေါသတကြီး ပယ်ချသွားခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ရွန်းနီက “ဆာအဲလက်စ်ဖာဂူဆန်က ကျွန်တော့် အသက် (၁၄)နှစ်မှာ လက်မှတ်ထိုး ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူက ကျွန်တော့်အဖေနဲ့အမေတို့ဆီကို ဖုန်းပြောခဲ့တာပါ”

Photo Credit : CaughtOffside

“သူတို့က ကျွန်တော့်ကို ပြောတယ်။ အဲလက်စ်က ငါတို့နဲ့ ဖုန်းပြောတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက မင်းကို ခေါ်ယူချင်တယ်ဆိုပြီး ပြောလာတယ်။ ကျွန်တော်ကလည်း ပြန်ပြောလိုက်တယ်။ နေစမ်းပါ ကျွန်တော် အဲဗာတန်အသင်းအတွက်ကိုပဲ ကစားပေးချင်တယ်လို့ပဲ ပြန်ဖြေလိုက်တယ်။ အချိန်ကြာလာတာနဲ့အမျှ အဲလက်စ်ဖာဂူဆန်အတွက် ကစားရမယ်ဆိုတာကို ကျွန်တော် သိလာပါတယ်။ ယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆို ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကလည်း ဖာဂူဆန်ကြောင့်ပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲဗာတန် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့ပြီး အသက်(၁၆)နှစ်အရွှယ်မှာပဲ အဲဗာတန် စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ရွန်းနီဟာ ၂၀၀၄ခုနှစ်မှာပဲ အဲဗာတန်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကိုရော အဲ့ဒီချိန်က အသင်းကြီးနီးနီး ဖြစ်နေတဲ့ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကိုပါ ပယ်ချခဲ့ပြီး ဖာဂူဆန်ရဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်အသင်းအတွက် ၂၀၀၄ခုနှစ်ကနေ ၂၀၁ရခုနှစ်ထိ ဆယ်စုနှစ်ကျော်အထိ ပါဝင်ကစားခဲ့ပြီး ကလပ်အသင်း သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး Legend ကစားသမားတစ်ဦးအဖြစ်နဲ့ပါ ရပ်တည်နိုင်ခဲ့ပါတယ်။

Exit mobile version