အက္သလက္တီကုိ နည္းျပ ဆီမြန္နီကေတာ့ ဒီေန႔ည အေစာပုိင္းက ကစားၿပီးသြားခဲ့တဲ့ ပဲြစဥ္မွာ လီဂါနက္စ္အသင္းနဲ႔ ဂုိးမရွိ သေရက်ၿပီးတဲ့ေနာက္ အသင္းပရိသတ္ေတြကုိ အေျပာနဲ႔ မဟုတ္ဘဲ အလုပ္နဲ႔ သက္ေသျပေပးမယ္လုိ႔ ကတိေပးလုိက္ပါတယ္။ အက္သလက္တီကုိအသင္းကေတာ့ ေနာက္ဆုံး ကစားသြားခဲ့တဲ့ ၿပိဳင္ပဲြစုံ ပဲြစဥ္ (၅) ပဲြမွာ၊ (၁) ပဲြႏုိင္၊ (၃) ပဲြရႈံး၊ (၁) ပဲြသေရ ရလဒ္ကုိ ရရွိခဲ့ၿပီး လာလီဂါ ပဲြစဥ္ (၂၁) ပဲြ ကစားၿပီးတဲ့ေနာက္ (၉) ပဲြရႈံး၊ (၉) ပဲြသေရ၊ (၃) ပဲြ ရႈံးခဲ့ပါတယ္။

Photo Credit: Marca

လီဂါနက္စ္ ဂိုးသမား အုိင္ဗန္ ကူးလားဟာ ဒုတိယပုိင္း (၇၆) မိနစ္မွာ ကြင္းလယ္ဒုိင္နဲ႔ ျငင္းခုံခဲ့တာအတြက္ အဝါကဒ္ အျပခံရၿပီး ပဲြခ်ိန္ (၉၃) မိနစ္မွာ အဝါကဒ္ ထပ္မံ အျပခံရတာေၾကာင့္ (၂) ဝါ၊ (၁) နီနဲ႔ အထုတ္ခံလုိက္ရတာ ျဖစ္ပါတယ္။ ပဲြၿပီး သတင္းစာ ရွင္းလင္းပဲြမွာ အက္သလက္တီကုိ နည္းျပ ဆီမြန္နီက အသင္းပရိသတ္ေတြကုိ ဘာမွ မေျပာႏုိင္ေၾကာင္း၊ ေနာက္ပိုင္း အေျပာနဲ႔သာ မဟုတ္ဘဲ အလုပ္နဲ႔ သက္ေသျပသြားမွာ ျဖစ္ေၾကာင္း အခုိင္အမာ ကတိေပးခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Marca

နည္းျပ ဆီမြန္နီက “ကြ်န္ေတာ္ အသင္းပရိသတ္ေတြကုိ ဘာမွ မေျပာႏုိင္ေတာ့ပါဘူး။ ဘာလုိ႔လဲဆုိရင္ေတာ့ ကြ်န္ေတာ္တုိ႔ အေျပာနဲ႔ မဟုတ္ေတာ့ဘဲ အလုပ္နဲ႔ သက္ေသျပေပးရမွာ ျဖစ္လုိ႔ပါပဲ။ အလုပ္နဲ႔ သက္ေသျပေပးႏုိင္မွ ကုိယ့္ကုိကုိယ္ ယုံၾကည္မႈ ျပန္ရမွာပါ။ အေျဖရွာၿပီး ဆုံးျဖတ္ခ်က္ခ်သြားပါမယ္။ နည္းျပတစ္ဦးအေနနဲ႔ အသင္းအတြက္ အေကာင္းဆံုး အေျဖကုိ ရွာေဖြသြားမွာပါ။ ကြ်န္ေတာ္တုိ႔ တည္ျငိမ္မႈ ျပန္ရႏုိင္ဖုိ႔ အေရးႀကီးတဲ့ အခ်ိန္ တစ္ပတ္ ရွိပါတယ္”လုိ႔ ေျပာပါတယ္။

(Unicode)

အက်သလက်တီကို နည်းပြ ဆီမွန်နီကတော့ ဒီနေ့ည အစောပိုင်းက ကစားပြီးသွားခဲ့တဲ့ ပွဲစဉ်မှာ လီဂါနက်စ်အသင်းနဲ့ ဂိုးမရှိ သရေကျပြီးတဲ့နောက် အသင်းပရိသတ်တွေကို အပြောနဲ့ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ အက်သလက်တီကိုအသင်းကတော့ နောက်ဆုံး ကစားသွားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၅) ပွဲမှာ၊ (၁) ပွဲနိုင်၊ (၃) ပွဲရှုံး၊ (၁) ပွဲသရေ ရလဒ်ကို ရရှိခဲ့ပြီး လာလီဂါ ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့နောက် (၉) ပွဲရှုံး၊ (၉) ပွဲသရေ၊ (၃) ပွဲ ရှုံးခဲ့ပါတယ်။

Photo Credit: Marca

လီဂါနက်စ် ဂိုးသမား အိုင်ဗန် ကူးလားဟာ ဒုတိယပိုင်း (၇၆) မိနစ်မှာ ကွင်းလယ်ဒိုင်နဲ့ ငြင်းခုံခဲ့တာအတွက် အဝါကဒ် အပြခံရပြီး ပွဲချိန် (၉၃) မိနစ်မှာ အဝါကဒ် ထပ်မံ အပြခံရတာကြောင့် (၂) ဝါ၊ (၁) နီနဲ့ အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အက်သလက်တီကို နည်းပြ ဆီမွန်နီက အသင်းပရိသတ်တွေကို ဘာမှ မပြောနိုင်ကြောင်း၊ နောက်ပိုင်း အပြောနဲ့သာ မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြသွားမှာ ဖြစ်ကြောင်း အခိုင်အမာ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Marca

နည်းပြ ဆီမွန်နီက “ကျွန်တော် အသင်းပရိသတ်တွေကို ဘာမှ မပြောနိုင်တော့ပါဘူး။ ဘာလို့လဲဆိုရင်တော့ ကျွန်တော်တို့ အပြောနဲ့ မဟုတ်တော့ဘဲ အလုပ်နဲ့ သက်သေပြပေးရမှာ ဖြစ်လို့ပါပဲ။ အလုပ်နဲ့ သက်သေပြပေးနိုင်မှ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြန်ရမှာပါ။ အဖြေရှာပြီး ဆုံးဖြတ်ချက်ချသွားပါမယ်။ နည်းပြတစ်ဦးအနေနဲ့ အသင်းအတွက် အကောင်းဆုံး အဖြေကို ရှာဖွေသွားမှာပါ။ ကျွန်တော်တို့ တည်ငြိမ်မှု ပြန်ရနိုင်ဖို့ အရေးကြီးတဲ့ အချိန် တစ်ပတ် ရှိပါတယ်”လို့ ပြောပါတယ်။