အက်သလက်တီကို နောက်ခံ ကစားသမားဟောင်း ဂိုဒင်ကတော့ အက်သလက်တီကို နည်းပြ ဆီမြွန်နီဟာ လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ကနေ ဖြုတ်မယ် ဆိုတာကို ကြိုသိနေခဲ့တယ်လို့ ESPN သတင်းနဲ့ အမေးအဖြေ ပြုလုပ်သွားတဲ့ အချိန်မှာ ပြောသွားပါတယ်။ နောက်ခံလူ ဂိုဒင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ အက်သလက်တီကိုအသင်းကနေ ထွက်ပြီး အင်တာမီလန်အသင်းကို ပြောင်းသွားခဲ့တာကြောင့် လီဗာပူးလ်အသင်း နဲ့ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်တွေကို မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Marca

အက်သလက်တီကိုအသင်းဟာ နောက်ခံလူ ဂိုဒင် အင်တာမီလန်အသင်းကို ပြောင်းသွားပြီးတဲ့ အချိန်မှာ လီဗာပူးလ်အသင်းနဲ့ အိမ်ကွင်းမှာ ပထမအကျော့ ပွဲစဉ် ကစားခဲ့စဉ်က (၁-ဝ) ရလဒ်နဲ့ အနိုင်ရပြီး ဒုတိယ အကျော့ အဝေးကွင်း ပွဲစဉ်မှာလည်း (၃-၂) ရလဒ်နဲ့ အနိုင် ရရှိခဲ့ပြန်ပါတယ်။ နောက်ခံလူ ဂိုဒင်ဟာ အက်သလက်တီကိုအသင်းကနေ မထွက်သွားခင်မှာ အက်သလက်တီကို နည်းပြ ဆီမြွန်နီနဲ့ ကစားပြောခဲ့စဉ်က နည်းပြ ဆီမြွန်နီက လီဗာပူးလ်အသင်းကို အနိုင်ကစားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ဖြုတ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ ပြန်လည် ပြောပြခဲ့ပါတယ်။

Photo Credit: Marca

နောက်ခံလူ ဂိုဒင်ဟာ ESPN သတင်းနဲ့ အမေးအဖြေ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ သူက “နည်းပြ ဆီမြွန်နီက ကျွန်တော့်ကို အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို အနိုင်ရမယ်ဆိုတာ ငါ သိတယ်။ (၁-ဝ) လား၊ (၂-ဝ) လား ဒါမှမဟုတ် (၂-၁) နဲ့ အနိုင်လား ဆိုတာကိုတော့ ငါ မသိဘူး။ ဒါပေမဲ့ ငါတို့ လီဗာပူးလ်အသင်းကို အနိုင်ရမယ်။ ပြဿနာက ဒုတိယ အကျော့ ပွဲစဉ်ပါပဲ။ ဒါပေမဲ့လည်း ငါတို့ အိမ်ကွင်းမှာတော့ လီဗာပူးလ်အသင်းကို အနိုင်ရမယ် ဆိုတာ ငါ သိတယ်လို့ ကျွန်တော့်ကို ပြောခဲ့တယ်။ သူတို့ လီဗာပူးလ် အိမ်ကွင်းမှာလည်း အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့တဲ့ အချိန်မှာ ကျွန်တော် ရူးသွပ်ခဲ့တာပဲ။ အက်သလက်တီကိုအသင်းက လာလီဂါ ပြိုင်ပွဲမှာ အတက်အကျများခဲ့တယ်။ ဒီတော့ ဒီနိုင်ပွဲက သူတို့အတွက်တော့ ကောင်းတဲ့ အပြောင်းအလဲပါ။ အထူးသဖြင့် အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ အခု ကျွန်တော်က သူတို့ရဲ့ ပရိသတ်ပါ”လို့ ပြောသွားခဲ့ပါတယ်။