အသက်လက်တီမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီဟာ သူ့အသင်းရဲဲ့ တိုက်စစ်ပိုင်းမှာ တိုက်စစ်မှူးအဲဗာရိုမိုရာတာနဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒီယေဂိုကော်စတာတို့နှစ်ယောက်ကို တွဲဖက်အသုံးမပြုနိုင်ရခြင်း အကြောင်းအရင်းနဲ့ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ ပွဲစဉ်အတွင်းမှာ အတော်လေးကို ခြေစွမ်းပြသသွားခဲ့တဲ့ ကွင်းလယ်ကစားသမား မားကို့စ်လော်ရန်တေးကို လာမယ့်လာလီဂါပွဲစဉ်တွေအတွင်း ပွဲထွက်လူစာရင်းမှာ ထည့်သုံးသွားဖွယ်ရှိကြောင်းတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

ဆီမြွန်နီဟာ ဒီနေ့ညနေ(၆)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘီလ်ဘာအိုနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ စပိန်လာလီဂါ ပွဲစဉ်(၂၈)မှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် မိုရာတာနဲ့ ဒီယေဂိုကော်စတာတို့ တိုက်စစ်မှူးနှစ်ယောက်ကို တွဲဖက်အသုံးပြုနိုင်မှာမဟုတ်ကြောင်းကို ရှင်းပြသွားခဲ့ပါတယ်။ ဆီမြွန်နီက “အခုအချိန်မှာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကော်စတာနဲ့ မိုရာတာတို့နှစ်ယောက်ကို တွဲဖက်အသုံးပြုဖို့ဆိုတာကတော့ မဖြစ်နိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုင်တွယ်နေတဲ့ အသင်းကိုက တိုက်စစ်မှူးနှစ်ယောက်နဲ့ တည်ထားတဲ့ပုံစံမျိုးမဟုတ်လို့ သူတို့နှစ်ယောက်လုံးကို တပြိုင်နက်တည်း မသုံးနိုင်ပါဘူး”

Photo Credit : AllFootball

“သူတို့ကို လက်ရှိမှာ တစ်ယောက်စီ ကစားစေပြီးတော့ သူတို့ရဲ့တိုက်စစ်အားတွေ ပိုကောင်းလာမယ့်အချိန်ကြမှ ပြန်လည်တွဲဖက် အသုံးပြုသွားမှာပါ။ ဒါကြောင့်မို့လို့ လက်ရှိမှာ တွဲဖက်အသုံးပြုလို့ရပေမယ့် ဒီအတိုင်း တစ်ယောက်ချင်းစီကိုပဲ အသုံးပြုချင်ရတာပါ။ မားကို့စ်လော်ရန်တေးကြောင့်တော့ ကျွန်တော်တို့တွေ အသင်းအတွက် အရေးပါတဲ့ အပြောင်းအလဲတွေကို ကိုင်တွယ်ဖြေရှင်းလာနိုင်ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း ကာရက်စ်ကို လော်ရန်တေးနဲ့ ကိုကီတို့(၃)ယောက်ကိုပါ တွဲဖက်အသုံးပြုလာနိုင်ပါတယ်။ လော်ရန်တေးကိုတော့ (၃)ဦးတန်း ကွင်းလယ်မှာ ညာခြမ်းမှာ အသုံးပြုနိုင်ပါတယ်။ သူက ကွင်းလယ်ပိုင်းမှာဆိုရင် အသင်းကို အကောင်းဆုံးမောင်းနှင်နိုင်တဲ့အပြင် သွင်းဂိုးတွေကို ရယူနိုင်စွမ်းလည်းရှိတယ်ဆိုတာ လီဗာပူးလ်နဲ့ပွဲမှာ အားလုံးမြင်တွေ့နိုင်ပါတယ်” လို့ ရှင်းလ်င်းပြောဆိုသွားခဲ့ပါတယ်။ ဒီနေ့ညနေ ဘီလ်ဘာအိုနဲ့ ကစားရမယ့် လာလီဂါပွဲစဉ်အတွင်းမှာ အသက်လက်တီကိုအသင်းက တိုက်စစ်ပိုင်းအတွင်း ဒီယေဂိုကော်စတာကိုသာ အသုံးပြုလာနိုင်ပြီး မိုရာတာကိုတော့ အရန်စာရင်းမှာပဲ ထည့်သွင်းလာနိုင်သလို လော်ရန်တေးကိုလည်း လူစာရင်းအတွင်း အသုံးပြုလာနိုင်ပါတယ်။