မန်စီးတီးအသင်းရဲ့ ကွင်းလယ် ကစားသမား ဒေးဗစ် ဆေးလ်ဗားကတော့ လက်ရှိရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်သွားတော့မှာကြောင့် မန်စီးတီး ကစားသမားဘဝ အကြောင်း ပြောပြခဲ့တဲ့ အချိန်မှာ ပရိသတ်တွေရဲ့ ချစ်ခြင်းကို သတိရနေမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားဟာ (၂၀၁၀) ခုနှစ်မှာ ဗလန်စီယာအသင်းကနေ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၁၁-၁၂) ရာသီက မန်စီးတီးအသင်း ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိခဲ့တဲ့ အချိန်မှာလည်း အသင်းအတွက် ကစားခဲ့ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၃၃) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၇၇) ဂိုး သွင်းယူခဲ့ပြီး မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလား (၄) ကြိမ် ရရှိမှုမှာ အဓိက အခန်းကနေ ပါဝင်နေခဲ့တဲ့ ကစားသမားကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဆေးလ်ဗားဟာ လက်ရှိရာသီကုန်မှာ မန်စီးတီးအသင်းကနေ ထွက်သွားတော့မှာကြောင့် သူ့ရဲ့ မန်စီးတီး ကစားသမားဘဝအကြောင်း ပြောပြခဲ့တဲ့ အချိန်မှာ ပရိသတ်တွေရဲ့ ချစ်ခြင်းကို သတိရနေမှာ ဖြစ်ပါတယ်လို့ သတင်းထောက်တွေကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

DAZN သတင်းမှာ ဒေးဗစ် ဆေးလ်ဗားက “ကျွန်တော့်အတွက်ကတော့ ဒီမှာ ပြီးပြည့်စုခဲ့ပါတယ်။ ကျွန်တော် ဒီအသင်းကို ရောက်လာတဲ့ အချိန်မှာ ဒီအသင်းမှာ အချိန်အကြာကြီး ကစားရမယ်လို့ မထင်ခဲ့ဘူး။ ဘောလုံး၊ ဆုဖလား နဲ့ အရာအားလုံး အပြင် ကျွန်တော် ပရိသတ်တွေရဲ့ ချစ်ခြင်းကို သတိရနေမှာပါ။ ပရိသတ်တွေရဲ့ချစ်ခြင်းကတော့ အရေးကြီးဆုံး ဖြစ်ခဲ့တယ်။ မန်စီးတီးအသင်းနဲ့ စာချုပ်ချုပ်ခဲ့တာက ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော် ဒီအသင်းမှာ တကယ် ပျော်ရွှင်ခဲ့လို့ပါပဲ။ ကျွန်တော်ရော ကျွန်တော့်ရဲ့ မိသားစုရော ဒီအသင်းမှာ အများကြီး ပျော်ရွင်ခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံ မဟုတ်တဲ့ နေရာမှာ သူတို့က ကျွန်တော့်ကို ဆက်ဆံမှုက တကယ်ကို ရခဲပါတယ်”လို့ ပြောသွားခဲ့ပါတယ်။