မန်စီတီးအသင်းရဲ့ ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားဟာ လက်ရှိ အကောင်းဆုံး ကစားသမားက ဘယ်သူ ဖြစ်မလဲလို့ အမေးခံရတဲ့ အချိန်မှာတော့ မာနေးက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဖြစ်ပြီး မက်ဆီက ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းတွေ ဖြစ်ကြပေမဲ့လည်း သူတို့ရဲ့ ကစားသမားတွေကတော့ အချင်းချင်း အပြန်အလှန် လေးစားမှု ရှိကြပြီး ထူးချွန်တဲ့ ပြိုင်ဘက်ကစားသမားကို ချီးကျူးဖို့လည်း ဝန်မလေးလျက် ရှိကြပါတယ်။

Photo Credit: Gettyimage

မန်စီးတီး ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားဟာ မန်စီးတီးအသင်းမှာ ကစားတာ (၁၀) နှစ်ကြာ ရှိလာပြီ ဖြစ်တာကြောင့် မန်စီးတီးအသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်ခံရပြီး လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) ပွဲ ကစားထားပြီးရာမှာ သွင်းဂိုး (၃) ဂိုးအထိ သွင်းယူထားပါတယ်။ စပိန် လူမျိုး ဒေးဗစ် ဆေးလ်ဗားဟာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား စာရင်းဝင် ကစားသမား တစ်ယောက် ဖြစ်ပြီး လက်ရှိ အကောင်းဆုံး ကစားသမားက ဘယ်သူ ဖြစ်မလဲလို့ အမေးခံရတဲ့ အချိန်မှာ ပြိုင်ဘက် ကစားသမား မာနေး နဲ့ မက်ဆီ ဖြစ်တယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားဟာ တွဲမကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲက လက်ရှိ အကောင်းဆုံး ကစားသမား ဘယ်သူ ဖြစ်မလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကမ္ဘာမှာ ဆိုရင်တော့ ပြောရတာ လွယ်ပြီး မက်ဆီက ကမ္ဘာ့ အကောင်းဆုံး ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆိုရင် လီဗာပူးလ်အသင်းက ဆာဒီယို မာနေး ဖြစ်ပါတယ်။ သူ ကောင်းမွန်စွာ ကစားနေပါတယ်”လို့ Reddit သတင်းနဲ့ အမေးအဖြေ ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ မန်စီးတီးအသင်းမှာ (၁၀) နှစ်ကြာ ကစားစဉ်အတွင်း တွဲကစားခဲ့တဲ့ ကစားသမားတွေမှာ ဘယ်သူက အကောင်းဆုံးလဲလို့ အမေးခံရတဲ့ အချိန်မှာ “ဒီဘရှိုင်း”လို့လည်း ဖြေသွားပါတယ်။