မန္စီးတီး နည္းျပ ပက္ ဂြါဒီယိုလာကေတာ့ စာခ်ဳပ္ကုန္လို႔ ရွိရင္ ေႏြရာသီမွာ အသင္းက ထြက္သြားေတာ့မွာ ျဖစ္တဲ့ ကြင္းလယ္လူ ေဒးဗစ္ ေဆးလ္ဗားကို ခ်ီးက်ဴးခဲ့ၿပီး ကမာၻ႔ အေကာင္းဆုံး ကစားသမား (၅) ဦးထဲက (၁) ဦး ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ ႏွစ္က ဝါရင္ ခံစစ္မႉး ကြန္ပါနီနဲ႔ လမ္းခြဲခဲ့ၾကၿပီး အခုတစ္လွည့္မွာေတာ့ ကြင္းလယ္လူ ေဒးဗစ္ ေဆးလ္ဗားနဲ႔ ခြဲခြာရမယ့္ အလွည့္ကို ေရာက္လာခဲ့ၿပီ ျဖစ္တာေၾကာင့္ အသင္းအတြက္ စိတ္မေကာင္းစရာ ျဖစ္ေနပါတယ္။

Photo Credit: Goal

ေဒးဗစ္ ေဆးလ္ဗားဟာ မန္စီးတီးအသင္းအတြက္ (၁၀) ႏွစ္ေျမာက္ ေပးဆပ္ကစားတဲ့ ႏွစ္ထဲကို ေရာက္လာၿပီ ျဖစ္ၿပီး မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစုံ (၄၀၀) ေက်ာ္ ကစားခဲ့ၿပီးၿပီ ျဖစ္တာေၾကာင့္ မန္စီးတီးအသင္းရဲ႕ ဂႏၲဝင္ ကစားသမား ျဖစ္ေနပါၿပီ။ သူဟာ မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ကို ခိုင္မာစြာ တည္ေဆာက္ေပးခဲ့ၿပီး မန္စီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္ ဆုဖလား အပါအဝင္ အဓိက ဆုဖလား (၁၀) ခု ရရွိခဲ့တာေၾကာင့္ နည္းျပ ပက္က သူ႔ကို အမႊမ္းတင္ ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Goal

နည္းျပ ဂြါဒီယိုလာက “ေဆးလ္ဗားအေနနဲ႔ ေဘာလုံးေလာကမွာ ရရွိခဲ့တဲ့ အရာေတြ အားလုံးအတြက္ ဂုဏ္ယူရမယ္လို႔ပဲ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္ယ။ ဘာလို႔လဲဆိုရင္ သူ ေျခစြမ္းတည္ၿငိမ္ခဲ့လို႔ပါ။ အထူးသျဖင့္ မန္စီးတီးအသင္းမွာေပါ့။ သူ႔ကို မန္စီးတီးအသင္းရဲ႕ အက်ႌကို ဝတ္တဲ့ အေကာင္းဆုံး ကစားသမားအျဖစ္ အၿမဲ သတိရေနၾကမွာပါ။ ကမာၻ႔ အေကာင္းဆုံး (၅) ဦး အေၾကာင္း ေျပာရင္ သူက တစ္ဦးပါပဲ။ ဒါကို ကြၽန္ေတာ္ ေပါ့ေပါ့ပ်က္ပ်က္ ေျပာတာ မဟုတ္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။

{Unicode}

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ စာချုပ်ကုန်လို့ ရှိရင် နွေရာသီမှာ အသင်းက ထွက်သွားတော့မှာ ဖြစ်တဲ့ ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားကို ချီးကျူးခဲ့ပြီး ကမ္ဘာ့ အကောင်းဆုံး ကစားသမား (၅) ဦးထဲက (၁) ဦး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နှစ်က ဝါရင် ခံစစ်မှူး ကွန်ပါနီနဲ့ လမ်းခွဲခဲ့ကြပြီး အခုတစ်လှည့်မှာတော့ ကွင်းလယ်လူ ဒေးဗစ် ဆေးလ်ဗားနဲ့ ခွဲခွာရမယ့် အလှည့်ကို ရောက်လာခဲ့ပြီ ဖြစ်တာကြောင့် အသင်းအတွက် စိတ်မကောင်းစရာ ဖြစ်နေပါတယ်။

Photo Credit: Goal

ဒေးဗစ် ဆေးလ်ဗားဟာ မန်စီးတီးအသင်းအတွက် (၁၀) နှစ်မြောက် ပေးဆပ်ကစားတဲ့ နှစ်ထဲကို ရောက်လာပြီ ဖြစ်ပြီး မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၀၀) ကျော် ကစားခဲ့ပြီးပြီ ဖြစ်တာကြောင့် မန်စီးတီးအသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်နေပါပြီ။ သူဟာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကို ခိုင်မာစွာ တည်ဆောက်ပေးခဲ့ပြီး မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဆုဖလား အပါအဝင် အဓိက ဆုဖလား (၁၀) ခု ရရှိခဲ့တာကြောင့် နည်းပြ ပက်က သူ့ကို အမွှမ်းတင် ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာက “ဆေးလ်ဗားအနေနဲ့ ဘောလုံးလောကမှာ ရရှိခဲ့တဲ့ အရာတွေ အားလုံးအတွက် ဂုဏ်ယူရမယ်လို့ပဲ ကျွန်တော် ပြောချင်ပါတယ်ယ။ ဘာလို့လဲဆိုရင် သူ ခြေစွမ်းတည်ငြိမ်ခဲ့လို့ပါ။ အထူးသဖြင့် မန်စီးတီးအသင်းမှာပေါ့။ သူ့ကို မန်စီးတီးအသင်းရဲ့ အင်္ကျီကို ဝတ်တဲ့ အကောင်းဆုံး ကစားသမားအဖြစ် အမြဲ သတိရနေကြမှာပါ။ ကမ္ဘာ့ အကောင်းဆုံး (၅) ဦး အကြောင်း ပြောရင် သူက တစ်ဦးပါပဲ။ ဒါကို ကျွန်တော် ပေါ့ပေါ့ပျက်ပျက် ပြောတာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။