လတ္တေလာမွာ ပရိသတ္ေတြၾကား ေရပန္းအစားဆုံး သတင္းတစ္ခုဟာ ပရီးမီးယားလိဂ္ နာမည္ႀကီးအသင္းျဖစ္တဲ့ ယူနိုက္တက္အသင္းနဲ႔ စပို႔တင္းလစၥဘြန္းအသင္းရဲ့ ကြင္းလယ္လူ ဖာနန္ဒက္စ္တို႔ရဲ့ အေျပာင္းအေရႊ႕သတင္းပဲ ျဖစ္ပါတယ္။ ယူနိုက္တက္အသင္းဟာ ကြင္းလယ္ ကစားသမား လိုအပ္ခ်က္ရွိေနသလို စပို႔တင္းအသင္းဘက္ကလည္း ဖာနန္ဒက္စ္ကို တန္ရာတန္ေၾကးရပါက လက္လႊတ္ဖို႔ ရွိေနတာေၾကာင့္ အေျပာင္းအေရႊ႕ဟာ အေတာ္ေလးကို စိတ္ဝင္စားစရာေကာင္းေနပါတယ္။

Photo Credit: Daily Express.com

မေန႔ညကေတာ့ ဖာနန္ဒက္စ္ဟာ စပို႔တင္းအသင္းနဲ႔ ဗစ္တိုးရီးယားအသင္းတို႔ရဲ့ ပြဲစဥ္ကို ဝင္ေရာက္ကစားေပးသြားခဲ့ၿပီး သြင္းဂိုး ႏွစ္ဂိုး သြင္းယူေပးနိုင္ခဲ့သလို စပို႔တင္းအသင္းဟာ သုံးဂိုး တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ အနိုင္ရခဲ့ပါတယ္။ အဆိုပါပြဲစဥ္အၿပီး အင္တာဗ်ဴးမွာေတာ့ သတင္းေထာက္ေတြဟာ စပို႔တင္းနည္းၿပ စီလက္ကို ဖာနန္ဒက္စ္နဲ႔ ယူနိုက္တက္တို႔ရဲ့ အေျပာင္းအေရႊ႕အေၾကာင္း ေမးသြားခဲ့ၾကၿပီး စီလက္ဟာ ျငင္းဆန္ျခင္းမျပဳခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

Photo Credit: Daily Express.com

ဖာနန္ဒက္စ္ရဲ့ အေျပာင္းအေရႊ႕နဲ႔ပတ္သတ္ၿပီး စီလက္က ” ကၽြန္ေတာ္က အဲ့ဒီကိစၥေတြနဲ႔ ပတ္သတ္ၿပီး က်ိန္းေသေပါက္ ေျပာလို႔မရပါဘူး။ ကၽြန္ေတာ္က အဲ့ဒီကိစၥေတြကို ေသခ်ာ မသိရေသးပါဘူး။ ကၽြန္ေတာ္က ဘင္ဖီကာအသင္းနဲ႔ ပြဲစဥ္အေၾကာင္းပဲ ေတြးထားၿပီး ဖာနန္ဒက္စ္ကို အဲ့ဒီပြဲစဥ္မွာ အသုံးျပဳဖို႔ပဲ စဥ္းစားထားပါတယ္ ” လို႔ ေျဖဆိုသြားခဲ့တာပါ။

Photo Credit: Daily Express.com

လက္ရွိ ထြက္ေပၚေနတဲ့သတင္းေတြအရ ယူနိုက္တက္အသင္းဟာ ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ေၾကး ယူရို၆၀သန္းနဲ႔အတူ ကစားသမားတစ္ဦးကို အငွားခ်ေပးမယ္ဆိုတဲ့ ကမ္းလွမ္းခ်က္နဲ႔ စပို႔တင္းလစၥဘြန္းအသင္းထံကို ကမ္းလွမ္းမယ္လို႔ သိထားရပါတယ္။

လတ်တလောမှာ ပရိသတ်တွေကြား ရေပန်းအစားဆုံး သတင်းတစ်ခုဟာ ပရီးမီးယားလိဂ် နာမည်ကြီးအသင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်တို့ရဲ့ အပြောင်းအရွှေ့သတင်းပဲ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကွင်းလယ် ကစားသမား လိုအပ်ချက်ရှိနေသလို စပို့တင်းအသင်းဘက်ကလည်း ဖာနန်ဒက်စ်ကို တန်ရာတန်ကြေးရပါက လက်လွှတ်ဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့ဟာ အတော်လေးကို စိတ်ဝင်စားစရာကောင်းနေပါတယ်။

Photo Credit: Daily Express.com

မနေ့ညကတော့ ဖာနန်ဒက်စ်ဟာ စပို့တင်းအသင်းနဲ့ ဗစ်တိုးရီးယားအသင်းတို့ရဲ့ ပွဲစဉ်ကို ဝင်ရောက်ကစားပေးသွားခဲ့ပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့သလို စပို့တင်းအသင်းဟာ သုံးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီး အင်တာဗျူးမှာတော့ သတင်းထောက်တွေဟာ စပို့တင်းနည်းပြ စီလက်ကို ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့အကြောင်း မေးသွားခဲ့ကြပြီး စီလက်ဟာ ငြင်းဆန်ခြင်းမပြုခဲ့တာကို တွေ့ခဲ့ရပါတယ်။

Photo Credit: Daily Express.com

ဖာနန်ဒက်စ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီး စီလက်က ” ကျွန်တော်က အဲ့ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျိန်းသေပေါက် ပြောလို့မရပါဘူး။ ကျွန်တော်က အဲ့ဒီကိစ္စတွေကို သေချာ မသိရသေးပါဘူး။ ကျွန်တော်က ဘင်ဖီကာအသင်းနဲ့ ပွဲစဉ်အကြောင်းပဲ တွေးထားပြီး ဖာနန်ဒက်စ်ကို အဲ့ဒီပွဲစဉ်မှာ အသုံးပြုဖို့ပဲ စဉ်းစားထားပါတယ် ” လို့ ဖြေဆိုသွားခဲ့တာပါ။

Photo Credit: Daily Express.com

လက်ရှိ ထွက်ပေါ်နေတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ယူရို၆၀သန်းနဲ့အတူ ကစားသမားတစ်ဦးကို အငှားချပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ စပို့တင်းလစ္စဘွန်းအသင်းထံကို ကမ်းလှမ်းမယ်လို့ သိထားရပါတယ်။