မနေ့ကပဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ကားလို့စ်တဲဲဗက်ဇ်ကို အခုဆောင်းရာသီစျေးကွက်အတွင်းမှာ ကာလတိုအငှားစာချုပ်နဲ့ အံ့အားသင့်စဖွယ် ကမ်းလှမ်းလာနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့လို့ ဒီသတင်းကို ယူနိုက်တက်ပရိသတ်တွေ တော်တော်များများက ယုံကြည်မှုမရှိခဲ့ကြပေမယ့်လည်း ယူနိုက်တက်ရဲ့ကစားသမားဟောင်းဖြစ်သူ ဒီမီတာဘာဘာတော့ကတော့ တကယ်လို့ ဒီသတင်းတွေဟာ ဟုတ်မှန်ခဲ့မယ်ဆိုရင် တဲဗက်ဇ်ကို အလျင်အမြန်ခေါ်ယူသင့်တယ်လို့ အသင်းကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Photo Credit : Daily Mail
ယူနိုက်တက်အသင်းမှာ ၂ရာသီကြာ ဖြတ်သန်းခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမားကြီး တဲဗက်ဇ်ဟာ လက်ရှိမှာ အသက်၃၆နှစ်ဝန်းကျင်လောက်ကို ရောက်ရှိနေပြီဖြစ်ပြီး အာဂျင်တီးနား နာမည်ကျော်ကလပ် ဘိုကာဂျူနီယာအသင်းမှာ ပါဝင်ကစားနေသူဖြစ်ပါတယ်။ တဲဗက်ဇ်က ယူနိုက်တက်အသင်းမှာ ပါဝင်ခဲဲ့စဉ်တုန်းက ဘာဘာတော့နဲ့တွဲဖက်ကစားခဲ့ဖူးပြီး အခုလို အသင်းနဲဲ့ သတင်းထွက်နေချိန်မှာ တဲဗက်ဇ်ကို ပြန်လည်ခေါ်ဆောင်သင့်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘာဘာတော့က “ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။ ဒီအသင်းအကြောင်း ဒီအသင်းရဲ့ပရိသတ်တွေအကြောင်း ပြိုင်ပွဲအကြောင်းကို နားလည်နေတဲ့ သူ့လိုကစားသမားမျိုးကို အငှားနဲ့ခေါ်ယူမယ့်ကိစ္စက တကယ့်ကို ကောင်းမွန်ပါတယ်”
Photo Credit : The Sun
“အဝတ်လဲခန်းအတွင်းမှာဆိုရင် သူကအရမ်းတည်ငြိမ်တဲ့သူပါ။ ကျွန်တော်နဲ့ပုံစံတူလွန်းပါတယ်။ ဒါပေမယ့် ဒါက အမြဲတမ်းတော့ အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သူကွင်းအတွင်းမှာ ဘာတွေလုပ်ဆောင်နိုင်သလဲဆိုတော့ ကျွန်တော်တို့တွေ မြင်ဖူးခဲ့ကြတာပဲလေ။ ကွင်းထဲမှာ အားပါးတရ ပြေလွှားတတ်တယ်။ သွင်းဂိုးတွေအတွက် တိုက်ပွဲဝင်တတ်သူ ဖြစ်ပါတယ်။ ပွဲသိမ်းခရာမမှုတ်သေးချိန်ထိ လုံးဝကို အလျှော့မပေးတတ်သူပါ။ ဒါကြောင့်မို့ သူ့ကိုပြန်လည်ခေါ်ယူနိုင်မယ်ဆိုရင် မှန်ကန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရုန်းကန်နေခဲ့ရပြီး တိုက်စစ်ပိုင်းကလည်း အားနည်းနေတာကြောင့်မို့ အခုဆောင်းရာသီစျေးကွက် မပိတ်ခင်အတွင်းမှာ ကာဗာနီ ပီယွန်တက်ခ် ဆလီမန်နီ ဂျရှးတို့လို တိုက်စစ်ကစားသမားများစွာကို ပစ်မှတ်ထားလို့နေပြီး တိုက်စစ်မှူးတစ်ယောက်ယောက်ကိုတော့ အရခေါ်ယူဖွယ်ရှိနေပါတယ်။
(Zawgyi)
တဲဗက်ဇ်ကို အလျင်အမြန်ခေါ်ယူသင့်တယ်လို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဘာဘာတော့
မနေ့ကပဲ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ကားလို့စ်တဲဗက်ဇ်ကို အခုဆောင်းရာသီဈေးကွက်အတွင်းမှာ ကာလတိုအငှားစာချုပ်နဲ့ အံ့အားသင့်စဖွယ် ကမ်းလှမ်းလာနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့လို့ ဒီသတင်းကို ယူနိုက်တက်ပရိသတ်တွေ တော်တော်များများက ယုံကြည်မှုမရှိခဲ့ကြပေမယ့်လည်း ယူနိုက်တက်ရဲ့ကစားသမားဟောင်းဖြစ်သူ ဒီမီတာဘာဘာတော့ကတော့ တကယ်လို့ ဒီသတင်းတွေဟာ ဟုတ်မှန်ခဲ့မယ်ဆိုရင် တဲဗက်ဇ်ကို အလျင်အမြန်ခေါ်ယူသင့်တယ်လို့ အသင်းကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Photo Credit : The Sun