အရပ်အမောင်း အတိုင်းအတာက ဘောလုံးသမားတွေဆိုရင် အရေးပါတဲဲ့ ကိစ္စရပ်တစ်ခုလို့တောင် သတ်မှတ်ရမှာဖြစ်ပြီး အရပ်မြင့်တဲဲ့ ဘောလုံးသမားက အမြင့်ဘောတွေကနေ အခွင့်အရေးရနိုင်သလို အရပ်ပုတဲ့ ကစားသမားကြတော့လည်း အရပ်မြင့်မားတဲ့ ကစားသမားတွေထက် ပြေးလွှားမှုတွေနဲ့ အတိုးအလှုပ်တွေမှာ ပိုမိုစွမ်းဆောင်နိုင်တတ်ကြပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်တွေကတော့ အရပ်ရှည်တဲ့ဒိုင်လူကြီးထက် အရပ်ပုတဲ့ဒိုင်တွေက ကစားသမားတွေကို အဝါကတ်တွေ အနီကတ်တွေ ပိုမိုပြတတ်လေ့ရှိကြောင်း လေ့လာချက်တွေအရ သိရှိခဲ့ရပါတယ်။

Photo Credit : The US Sun

နော်တန်ဘရီယာတက္ကသိုလ်ရဲ့လေ့လာချက်တွေအရ အင်္ဂလန်ဘောလုံးပြိုင်ပွဲတွေဖြစ်တဲ့ ပရီးမီးယားလိဂ် ချန်ပီယံရှစ် လိဂ်ဝမ်းနဲ့ လိဂ်တူးပြိုင်ပွဲတွေအတွင်းမှာ တာဝန်ယူဆောင်ရွှက်လေ့ရှိနေတဲ့ ကွင်းလယ်ဒိုင်တွေအားလုံးထဲကမှ အရပ်ပုတဲဲ့ဒိုင်တွေ အထူးသဖြင့် အရပ်၆ပေအောက်သာရှိနေတဲ့ ဒိုင်တွေက ကစားသမားတွေပေါ်မှာ ပြစ်ဒဏ်တွေ ပိုမိုချမှတ်လေ့ရှိတယ်လို့ သိရှိ်ရပါတယ်။ အဆိုပါတက္ကသိုလ်ရဲဲ့အကြီးအကဲဖြစ်သူ ပြောဆိုချက်အရ အင်္ဂလန်အမှတ်ပေးလိဂ် အောက်တန်းလိဂ်တွေက ဒိုင်တွေထဲမှာ အရပ်ပုတဲ့ ကွင်းလယ်ဒိုင်တွေက အနီကတ်တွေနဲ့ ပင်နယ်တီသတ်မှတ်ချက်မှုတွေကို ပိုမိုချမှတ်လေ့ရှိတယ်လို့ သိရပါတယ်။

Photo Credit : SPORTBIBLE

ဒါပေမယ့်လည်း လိဂ်ဝမ်းနဲ့လိဂ်ဝမ်းပြိုင်ပွဲတွေမှာပဲ အရပ်ပုတဲဲ့ဒိုင်တွေက အဝါကတ်တွေ အနီကတ်တွေကို ပိုမိုပြသလေ့ရှိတာဖြစ်ကာ ပရီးမီးယားလိဂ်မှာဆိုရင်တော့ အရပ်မြင့်မားတဲ့ ကွင်းလယ်ဒိုင်တွေက အနီကတ်ပြသမှုများတယ်လို့ သိရပါတယ်။ ဒီလိုမျိုး အရပ်ပုတဲ့ဒိုင်တွေက အရပ်ရှည်တဲ့ဒိုင်တွေထက် ကစားသမားတွေအပေါ် သက်ညှာခြင်းသိပ်မရှိရတာက လူပုစိတ်တိုဆိုတဲ့ စကားအတိုင်း အရပ်ပုတဲ့ အမျိုးသားတွေအများစုက အရပ်ရှည်တဲ့ အမျိုးသားတွေထက် လူမှုဆက်ဆံရေး အားနည်းသလို စိတ်ရှည်သည်းခံနိုင်မှုမှာလည်း အားနည်းတတ်တာကြောင့် ဖြစ်နိုင်သလို အရပ်အမောင်းကြောင့် ကစားသမားတွေရဲ့မတော်တဆမှုတွေကို ရှင်းရှင်းလင်းလင်း မမြင်ရခြင်းကြောင့်လည်း ဖြစ်နိုင်တယ်လို့ နော်တန်ဘရီယာတက္ကသိုလ်ကနေ ဖော်ပြထားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲအတွင်းမှာတော့ နာမည်ကျော်ကွင်းလယ်ဒိုင်မိုက်ဒင်းက အနီကတ်၄ကတ်နဲ့ အဝါကတ်၈၇ကြိမ်အထိ ပြသထားခဲ့လို့ ဒီရာသီရဲဲ့ပြစ်ဒဏ်ချမှတ်မှုအများဆုံး ဒိုင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပါတယ်။