ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးအချိန်မှာ တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ခြောက်လအငှားစာချုပ်နဲဲ့ ပြောင်းရွှေ့ဖြစ်ခဲဲ့တဲဲ့ နိုင်ဂျီးရိးယားလက်ရွေးစင် တိုက်စစ်ကစားသမား အီဂါလိုကတော့ မနေ့ကပဲ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကို ရောက်ရှိလာခဲဲ့တာဖြစ်ပြီး အပြောင််းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် လိုအပ်တာတွေကို လုပ်ဆောင်လျက်ရှိနေကာ အသင်းမှာ ကျောနံပါတ်၂၅ကို ဝတ်ဆင်သွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Photo Credit : Daily Mail

ရာသီအစတုန်းက လူကာကူ ဆန်းချက်ဇ်တို့ကို အသင်းကနေ လက်လွတ်ခဲ့ပြီး တိုက်စစ်အားဖြည့်တင်းမှု မလုပ်ခဲ့တဲ့အပြင် လက်ရှိမှာကလည်း အသင်းရဲဲ့အဓိကတိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်က ဒဏ်ရာရနေတာဖြစ်လို့ စျေးကွက်မပိတ်ခင်မှာပဲ အီဂါလိုကို အံ့အားသင့်စဖွယ် အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအတွက် ကစားသမားပေါင်းများစွာကို ပစ်မှတ်ထားခဲ့ပေမယ့် ကာဗာနီ ပီယွန်တက်ခ် ဂျိုရှုအာကင်းတို့က ယူနိုက်တက်နဲ့ ဆက်တိုက်သတင်းထွက်ခဲ့ပြီး ခေါ်ယူနိုင်ခြင်းမရှိတာကြောင့် နောက်ဆုံးမှာတော့ အီဂါလိုကိုပဲ ခေါ်ယူလိုက်ရတာဖြစ်ပါတယ်။

Photo Credit : Ronaldo.com

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးသစ် အီဂါလိုအတွက် ကျောနံပါတ်၂၅ကို ပေးအပ်သွားမှာဖြစ်တယ်လို့ ယူနိုက်တက်ရဲ့တရားဝင် ဆိုရှယ်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အီဂါလိုရရှိခဲ့တဲ့ ကျောနံပါတ်၂၅ကိုတော့ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ အန်တိုနီယိုဗလင်စီယာ ဝတ်ဆင်ခဲ့ဖူးတာဖြစ်ပြီး ဒီရာသီ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ ယူနိုက်တက်ကလည်း ဒီနံပါတ်ကို ဘယ်ကစားမှ မပေးအပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းက Winter Break ရှိနေတဲ့အတွက် နားရက်၁၆ရက်လောက်အထိ ရရှိနေခဲ့ပြီး ရာသီဥတုမျှတတဲ့ နေရာဒေသတစ်ခုမှာ လေ့ကျင့်ခန်းဆင်းမှာဖြစ်ပြီး အီဂါလိုအနေနဲ့ကလည်း လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းသားတွေနဲ့ ပူးပေါင်းတော့မှာဖြစ်ပါတယ်။ နားရက်ပြီးရင်တော့ အီဂါလိုဟာ ချယ်လ်ဆီးအသင်းနဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)မှာ ယူနိုက်တက်အတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားရဖွယ်ရှိနေပါတယ်။