MySport Myanmar

FA Cup မှာ ချန်ပီယံ ဖြစ်လာခဲ့ရင်တောင် တန်ဟက်ဂ် အထုတ်ခံရလိမ်မယ်လို့ ရှီးယား သုံးသပ်

မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီရာသီမှာ FA Cup ချန်ပီယံ ဖြစ်လာခဲ့မယ်ဆိုရင်တောင်မှ အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို နည်းပြရာထူးကနေ ထုတ်ပယ်သွားလိမ့်မယ်လို့ ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားဟောင်းကြီး အလန် ရှီးယားက သုံးသပ် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ယူနိုက်တက်အသင်းကို စတင် ကိုင်တွယ်ခဲ့တဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်ဟာ သူရဲ့ ပထမဆုံးရာသီမှာပဲ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရယူပေးနိုင်ခဲ့သလို (၂)ရာသီဆက်တိုက် အက်ဖ်အေဖလား ဖိုင်နယ်အဆင့်ဆီကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : United in Focus

ဒါပေမယ့်လည်း တန်ဟက်ဂ်လက်ထက်မှာ အသင်းက အရမ်းကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တဲ့ ပွဲစဉ်တွေက လက်ချိုးရေတွက်လို့ ရနိုင်တဲ့ အခြေအနေမှာ ရှိခဲ့သလို ပွဲတစ်ပွဲအပေါ် ချဉ်းကပ်မှုတွေ နည်းစနစ် အသုံးပြုမှုတွေ လူစားပြောင်းလဲမှုတွေနဲ့ man management ပိုင်း လိုအပ်ချက်တွေလည်း ရှိနေခဲ့ရပါတယ်။ဒ

ဒါကြောင့် တန်ဟက်ဂ်က ယူနိုက်တက်အတွက် FA ဖလား ရယူပေးနိုင်ခဲ့ရင်တောင်မှ အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ရှီးယားက မှတ်ချက်ပြုသွားခဲ့ပါတယ်။ “မန်ချက်စတာ ယူနိုက်တက် နည်းပြရဲ့ အနာဂတ်အတွက်ကိုတော့ ဆုံးဖြတ်ပြီးသားလို့ ကျွန်တော် ထင်မိပါတယ်။ တကယ်လို့ သူတို့အသင်းက FA Cup မှာ ချန်ပီယံ ဖြစ်ခဲ့ရင်တောင်မှ ဒီနည်းပြကတော့ အသင်းကနေ ထွက်ခွာရပါလိမ့်မယ်။”

Photo Credit : The Sun

“FA Cup ဖလားကလည်း သူရဲ့ အနာဂတ်အတွက် ဘာမှ အရေးမကြီးတော့ဘူးလို့ ထင်ပါတယ်။ ဒါက ဝမ်းနည်းစရာလည်း ဖြစ်နိုင်သလို အမှားတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် FA Cup ကို ရယူနိုင်ခဲ့မယ်ဆိုရင်တောင် သူ့အတွက် လုံလောက်မှု မရှိနိုင်တော့ဘူးလို့ပဲ ကျွန်တော် ခံစားမိပါတယ်။”

“ဒီလို အသင်းက ဆုံးဖြတ်ချက် ချပြီးသားဆိုတာကို ကျွန်တော် အချက်အလက်နဲ့ သိတာမျိုး မဟုတ်ပါဘူး။ မှန်းဆချက်တစ်ခုသာ ဖြစ်ပါတယ်။ ဒါကလည်း သူတို့အသင်းမှာက အသင်းပိုင်ရှင်သစ်တွေ ဘောလုံးဒါရိုက်တာသစ်တွေ ရောက်လာချိန် နည်းပြသစ်ပါ ရောက်လာနိုင်တယ်လို့ ခံစားမိတာကြောင့်ပါပဲ။” လို့ ရှီးယားက သုံးသပ်သွားခဲ့ပါတယ်။

Exit mobile version