နယူးကာဆယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း ဖြစ်သူ အလန်ရှီယားက မန်ယူအသင်းရဲ့ လက်ရှိ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်အနေနဲ့ (၁၂) နှစ်ကြာရင် သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး စံချိန်ကို ရိုက်ချိုးနိုင်လိမ့်မယ်လို့ BBC ရဲ့ Match of the Day မှာ ပြောသွားပါတယ်။ အလန်ရှီယားဟာ ကစားသမားဘဝ တစ်ခုလုံးကို အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲ တစ်ခုမှာသာ ကစားခဲ့တာ ဖြစ်ပြီး ကစားသမားဘဝကနေ အနားယူတဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ် သွင်းဂိုး (၂၆၀) ဂိုးနဲ့ ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် စံချိန်တင်ခဲ့ပါတယ်။

Photo Credit: Goal

(၁၈) နှစ်အရွယ် မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ဝက်စ်ဟမ်အသင်းနဲ့ (၁-၁) သရေ ကျခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုး (၁) ဂိုး သွင်းယူခဲ့တာကြောင့် တိုက်စစ်မှူး ရွန်နီ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ တစ်ရာသီ သွင်းဂိုး (၁၀) ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး လူငယ် ကစားသမား ဖြစ်သွားခဲ့ပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လက်ရှိရာသီမှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၈) ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်တဲ့ အလန်ရှီယားကတော့ ဂရင်းဝုဒ်အနေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ကို ရိုက်ချိုးနိုင်မယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

အလန်ရှီယားက “ဂရင်းဝုဒ်က စူပါစတား ဖြစ်လာနိုင်ချေရှိပါတယ်။ ကျွန်တော် သူ့ရဲ့ ရုန်းအား၊ ဘယ်ခြေ၊ ညာခြေ နဲ့ မြန်မြန် ဂိုးကန်သွင်းမှုတွေကို လေးစားတယ်။ သူက ဂိုးသမားတွေကို သူ့ကို မြင်ခွင့် မပေးပါဘူး။ ဂိုးနဲ့ နီးနီး၊ ဂိုးနဲ့ ဝေးဝေး သူက အမြန်ကန်ပါတယ်။ အရာအားလုံးက သူ့ရဲ့ ရုန်းအား၊ ပြေးအား နဲ့ အားနဲ့ ကန်တာပါပဲ။ ကျွန်တော် ဆောက်သမ်တန်မှာ ကစားခဲ့စဉ်က နည်းပြက ညာခြေမှာ အာရုံစိုက်ဖို့ နဲ့ မရပ်တန့်ဖို့ သင်ပေးခဲ့ပါတယ်။ အခု ဂရင်းဝုဒ်က ဘယ်ခြေ၊ ညာခြေ ကစားနိုင်ပါတယ်။ သူက နှစ်ခုစလုံးနဲ့ လွယ်လွယ်ကစားနိုင်ပြီး ဂိုးသမားမှာ အခွင့်အရေး မရှိပါဘူး။ (၁၂) နှစ် ဒါမှမဟုတ် (၁၃) နှစ်အကြာမှာတော့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန်ရှင် အကြောင်း ပြောကြပါလိမ့်မယ်။ သူ့ရဲ့ ကစားသမားဘဝမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သူကိုတော့ အဲဒီလောက် ကောင်းတယ်လို့ ထင်ပါတယ်”လို့ ပြောကြားသွားပါတယ်။