မန်ယူ နောက်ခံ ကစားသမား လုရှော့ခ်ကတော့ မန်ယူအသင်းဖော် တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီမှာ ရပ်တန့်လို့ မရသူ ဖြစ်ပြီး တစ်နေ့နေ့မှာ ဘလွန်းဒီအော်ဆုကို ရရှိနိုင်တယ်လို့ မန်ယူအသင်းရဲ့ တရားဝင် ဝက်ဆိုဒ်ကနေ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ မန်ယူ တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ကတော့ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး မန်ယူ ပထမ အသင်းအတွက် ကစားတာ (၅) နှစ်ကြာပြီ ဖြစ်တာကြောင့် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၀၁) ပွဲ ကစားထားပြီးရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၆၄) ဂိုးအထိလည်း သွင်းယူထားပြီးပြီ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ရက်ချ်ဖို့ဒ်ဟာ လက်ရှိရာသီ (၂၀၁၉-၂၀) ရာသီမှာတော့ ကိုရိုနာ ဗိုင်းရပ် မဖြစ်ခင် ဒဏ်ရာ ရရှိခဲ့တာကြောင့် မန်ယူအသင်းအတွက် ပွဲကစားချိန် နည်းပါးခဲ့ပြီး လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မန်ယူ နောက်ခံလူ လုရှော့ခ်ဟာ ရက်ချ်ဖို့ဒ်အနေနဲ့ တစ်နေ့ ဘလွန်းဒီအော်ဆုကို ရနိုင်မလားလို့ မန်ယူ ပရိသတ် တစ်ဦးက မေးတဲ့ အချိန်မှာ ရရှိနိုင်တယ်လို့ ဖြေသွားခဲ့ပြီး ရက်ချ်ဖို့ဒ်က လက်ရှိ ရာသီမှာ ရပ်တန်လို့ မရသူ တစ်ယောက် ဖြစ်တယ်လို့လည်း အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

လုရှော့ခ်က “ရက်ချ်ဖို့ဒ်ကို ကြည့်လိုက်မယ် ဆိုရင် သူ့ကို ကွင်းထဲမှာသာမက ကွင်းပြင်မှာလည်း အတုယူစရာ အများကြီး ရှိပြီး အဲဒါက တကယ် ကောင်းပါတယ်။ ကစားသမား တစ်ဦး အနေနဲ့ ဆိုရင် သူက အများကြီး တိုးတတ်လာပါပြီ။ ဒါပေမယ့် သူက အမြဲတမ်း သင်ယူချင်နေပါတယ်။ သူက အမြဲတမ်း ပို ကောင်းချင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ သူက ပွဲကစားတဲ့ အခါမှာ အချိန်တိုင်း ပို ကောင်းလာတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက လက်ရှိရာသီမှာ ရပ်တန့်လို့ မရပါဘူး။ သူ ယုံကြည်မှု ပြည့်နေတယ်။ သူက ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်တယ် ဆိုတာကို သိတယ်။ သူက အမြင့်မားဆုံး ပုံစံ ရရှိဖို့ သူ့ကိုယ်သူ တွန်းတင်နေတယ်။ သူကသာ ဆက်လက် ကြိုးစားနေမယ်၊ သူ့ကိုယ်သူ ဆက်တွန်းတင်နေမယ် ဆိုရင်တော့ သူက တစ်နေ့မှာ ဘလွန်းဒီအော်ဆု မရနိုင်စရာ အကြောင်း မရှိပါဘူး”လို့ အသင်း ဝက်ဆိုဒ်မှာ ပြောသွားပါတယ်။