ယူကရိန်းထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ရှက်တာဒိုးနက်အသင်းဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းရဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား နီရက်ဇ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒေးဗစ် နီရက်ဇ်ဟာ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ လူငယ်ကြယ်ပွင့်တွေထဲက တဦး ဖြစ်ပြီး ဥရောပ ထိပ်သီးအသင်း အများစုက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်ဖူးကြပါတယ်။

Photo Credit: Team Talk

နီရက်ဇ်ဟာ ပင်ကိုယ်ခြေစွမ်း ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ဘရာဇီးလ်သား ပီသစွာ စည်းကမ်းပိုင်း အားနည်းသူ ဖြစ်ပြီး အေဂျက်နည်းပြ တန်ဟက်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေသူပါ။

လက်ရှိမှာတော့ ဘရာဇီးလ်သားတွေနဲ့ အကျိုးပေးလေ့ ရှိသလို ဘရာဇီးလ်သား အများစု ကစားနေတဲ့ ရှက်တာဒိုးနက်အသင်းက နီရက်ဇ်ကို ခေါ်ယူဖို့ တရားဝင် ကြိုးစားနေပြီး နီရက်ဇ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားသလို အေဂျက်အသင်းနဲ့ နီရက်ဇ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုကလည်း သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Team Talk

အေဂျက်အသင်း ကတော့ နီရက်ဇ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင် အလိုရှိနေပြီး နီရက်ဇ်ကို ရောင်းချပြီးပါက စပါးအသင်း ကနေ ထွက်ခွာခွင့် ရရှိထားတဲ့ နယ်သာလန် လက်ရွေးစင် တောင်ပံ ကစားသမား ဘာ့ချ်ဝင့်ကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ စီစဉ်ထားပါတယ်။