အီတလီ စီးရီးအေပြိုင်ပွဲရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ပီယာလိုဟာ လက်ရှိ စီးရီးအေပြိုင်ပွဲမှာ ရှိတဲ့ နည်းပြတွေအထဲမှာ ဆက်စီအကျဆုံး နည်းပြအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း အီတလီ သတင်းဌာန တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၄၁နှစ် အရွယ် အီတလီ လူမျိုး နည်းပြဖြစ်သူ အန်ဒီရီယာ ပီယာလိုဟာ ကစားသမား ဘဝမှာထဲက စတိုင်လ်ကျကျ နေတတ်သူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ တစ်ဦး ဖြစ်ပြီး နည်းပြဘဝကို ကူးပြောင်းလာချိန် မှာလည်း ဆက်စီအကျဆုံး အီတလီနည်းပြ အဖြစ် အီတလီ ဘောလုံးပရိသတ်တွေရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရပါတယ်။

Photo Credit:Express

အီတလီနိုင်ငံရဲ့ Dating Site တစ်ခု ဖြစ်တဲ့ Joyclub Site မှ ပြုလုပ်ခဲ့တဲ့ Survey တစ်ခုမှာ ပီယာလိုဟာ စီးရီးအေပြိုင်ပွဲရဲ့ ဆက်စီ အကျဆုံး နည်းပြအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း အီတလီ သတင်းဌာန ဖြစ်တဲ့ Football Italia သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပီယာလိုဟာ စီးရီးအေ ပြိုင်ပွဲရဲ့ ဆက်စီအကျဆုံး နည်းပြအဖြစ် ကက်ဂလီယာရီ နည်းပြဖြစ်သူ ဒီဖရန်စစ္စကို နဲ့ ဘီနီဗန်တို နည်းပြဖြစ်သူ အင်ဇာဂီတို့ကို ကျော်ဖြတ်ကာ သတ်မှတ်ခံခဲ့ရတာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီဖရန်စစ္စကိုနဲ့ အင်ဇာဂီတို့ရဲ့ နောက်မှာတော့ နာပိုလီနည်းပြ ဂတ်တူဆိုနဲ့ ရိုးမားနည်းပြ ဖွန်ဆီကာတို့ ရှိနေကြောင်း သိရပါ တယ်။

Photo Credit: Express

Joyclub က ပြုလုပ်ခဲ့တဲ့ Survey အရ အီတလီရဲ့ ဆက်စီအကျဆုံး နည်းပြအဖြစ် ပီယာလိုကို မဲပေးရွေးချယ်ခဲ့သူ ၂၃ ရာခိုင်နှုန်းရှိခဲ့ ကာ သူ့ရဲ့ အောက်မှာတော့ ကက်ဂလီယာရီ နည်းပြဖြစ်သူ ဒီဖရန်စစ္စကိုက ၁၅ရာခိုင်နှုန်းနဲ့ ဒုတိယ ဖြစ်ခဲ့ပါတယ်။ တတိယနေရာ ကိုတော့ ဘီနီဗန်တိုနည်းပြ ဖြစ်သူ အင်ဇာဂီက မဲပေးရွေးချယ်မှု ၁၄ ရာခိုင်နှုန်းနဲ့ အတူ ရပ်တည် နိုင်ခဲ့ပါတယ်။ အဆိုပါ စာရင်းရဲ့ စတုတ္ထနေရာမှာ ရှိနေသူ က နာပိုလီနည်းပြ ဖြစ်သူ ဂတ်တူဆို ဖြစ်ပြီး ၁၀.၁၇ ရာခိုင်နှုန်း ရခဲ့ကာ ဖွန်ဆီကာ ကတော့ ၇.၂ ရာခိုင်နှုန်းနဲ့ ပဉ္စမနေရာမှာ ရပ်တည်သွားခဲ့ပါတယ်။ ဆဌမမြောက် နေရာမှာ ရှိနေသူ ကတော့ အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီ ဖြစ်ပြီး ကွန်တီဟာ မဲပေးရွေးချယ်မှုရဲ့ ၆.၃၆ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။