ဒီနေ့ သောကြာနေ့ညမှာ ပရီးမီးယားလိဂ်ဘက်က စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ရင်ခုန်စရာပွဲကောင်း ရှိခဲ့သလို စပိန်လာလီဂါဘက်မှာလည်း ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတို့ရဲ့လာလီဂါပွဲစဉ်(၃၀) ပွဲကောင်းပွဲစဉ်ကလည်း အတော်လေးကို ကြည့်ကောင်းခဲ့ပြီး ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ပဲ ဂိုးမရှိသရေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဆီဗီလာအသင်းဘက်မှာတော့ လုခ်ဒီဂျောင် တောရက်စ် ဖာနန်ဒို ဂျော်ဒန် အိုကမ်ပို့စ် ရယ်ဂီလွန် ကားလို့စ် နားဗက်စ်တို့လို အသင်းရဲ့ အဓိက ကစားသမားတွေ ပါဝင်လာခဲ့ပြီး ဘာစီလိုနာကလည်း မက်ဆီ ဆွာရက်ဇ် ဘရေ့ဝိတ် ဘူးစကတ်စ် ဗီဒယ် ရာကီတစ် ဆယ်မီဒို လွန်းဂ်လတ် ပီကေး အယ်ဘာနဲ့ စတီဂန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အများစုကို ဘာစီလိုနာအသင်းက ဖိအားပေးကစားထားနိုင်ခဲ့ပြီး ဂိုးဝင်နိုင်လောက်တဲ့ မက်ဆီရဲ့ဖရီးကစ်ကန်ချက်ကို ဆီဗီလာကစားသမား ရှင်းထုတ်နိုင်ခဲ့သလို ရာကီတစ်ရဲ့ဧရိယာအပြင်က ကန်ချက်မှာလည်း ဂိုးဘေးက ထွက်သွားခဲ့လို့ ဘာစီလိုနာတို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်ဆီဗီလာက ဘာစီလိုနာဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး အပိုင်ကန်သွင်းချက် (၂)ကြိမ်လောက်ထိ ဘာစီဂိုးသမားစတီဂျန် ကာကွယ်နိုင်ခဲ့လို့သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ အနိုင်ရလဒ်တစ်ခု မဖြစ်မနေဖော်ဆောင်သွားဖို့ လိုအပ်နေတဲ့ ဘာစီလိုနာအသင်းဟာ (၇၅)မိနစ်လောက်မှာပဲ ဂရစ်ဇ်မန်းကိုပါထည့်သွင်းပြီး တိုက်စစ်ကို မြင့်တင့်ခဲ့ပေမယ့် ဆီဗီလာခံစစ်က ဘာစီတိုက်စစ်ကို ဟန့်တားကစားနိုင်ခဲ့တာကြောင့် တရစပ်ဖိအားပေးခဲ့ပေမယ့် သွင်းဂိုးမသွင်းယူနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်သွားခဲ့ရပါတယ်။