MySport Myanmar

အာဆင်နယ် ရောင်းထုတ်ချင်နေတဲ့ ပေပေကို ဆီဗီလာအသင်းက စိတ်ဝင်စားနေ

စပိန်လာလီဂါ ထိပ်သီးကလပ် ဆီဗီလာအသင်းဟာ ဒီနှစ်နွေဈေးကွက်အတွင်းမှာ အာဆင်နယ်အသင်းက ရောင်းထုတ်သွားချင်နေတဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမား နီကိုလာပေပေကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ Diario de Sevilla ရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။

Photo Credit : Football London

အသက်(၂၇)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံကစားသမား ပေပေဟာ ၂၀၁၉ခုနှစ်ကမှ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းဆီ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်(၇၇)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို အသင်းရဲ့ biggest flop player လည်း ဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ကစားသမားသစ် (၄)ဦးထိ ခေါ်ယူထားပြီး နောက်ထပ် ကစားသမားသစ်တွေကို ထပ်မံခေါ်ယူချင်နေတဲ့အတွက် ပေပေအပါအဝင် ကစားသမား အများအပြားကို ရောင်းထုတ်နိုင်ဖို့ ကြိုးပမ်းနေရာမှာ ဘယ်အသင်းကမှ ပေပေကို ခေါ်ယူချင်နေတဲ့ စိတ်ဝင်စားမှုမျိုး မပြသသေးတာကြောင့် ရောင်းချဖို့ ခက်ခဲနေရတာ ဖြစ်ပါတယ်။

Photo Credit : Pain in Arsenal

ဒါပေမယ် လက်ရှိမှာ လာလီဂါကလပ် ဆီဗီလာအသင်းက ပေပေကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိလာခဲ့တယ်လို့ သတင်းထွက်လာခဲ့တာကြောင့် ဒါဟာ အာဆင်နယ်အတွက် သတင်းကောင်း ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ်ဘက်က သူတို့ရဲ့ flop player အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၂၁)သန်း ဈေးသတ်မှတ်ထားပေမယ့် ဆီဗီလာကတော့ ပေပေကို ပေါင်(၁၅)သန်း+အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းချင်နေပါတယ်။ အာဆင်နယ်အနေနဲ့ ဒီဈေးကွက်အတွင်း ကစားသမား ရောင်းချမှုကနေ ယူရို(၁၄)သန်းသာ ရရှိထားသလို ကစားသမားသစ် ခေါ်ယူမှုမှာတော့ ယူရို(၉၇)သန်းအထိ အသုံးပြုထားရတာကြောင့် ပေပေအပါအဝင် တော်ရဲရား ပါဘလိုမာရီနဲ့ ဂိုးသမားလေနိုတို့ကို ရောင်းထုတ်ပြီး နောက်ထပ် ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့အတွက် ငွေပြန်ရှာရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းဟာ လာကာဇက်ကို လိုင်ယွန်အသင်းဆီ free transfer နဲ့ လက်လွတ်ထားပြီး ကွင်းလယ်လူ ဂွန်ဒူဇီကို မာဆေးလ်နဲ့ နောက်ခံ မာဗရိုပါနော့စ်ကို စတုဂတ်အသင်းတွေဆီ ရောင်းထုတ်ထားနိုင်ခဲ့သလို လေနိုကိုလည်း ဖူလ်ဟမ်အသင်းဆီ ရောင်းချဖို့လည်း နီးစပ်နေပါတယ်။ ဒါ့အပြင် ပေပေကိုလည်း အသင်းကနေ ရောင်းထုတ်ချင်နေပြီး လက်ရှိမှာလည်း ပေပေကို ဆီဗီလာနဲ့ လီဂူးကလပ် လိုင်ယွန်ကပါ ခေါ်ယူချင်နေတာကြောင့် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ့် အသင်းကို ရောင်းချဖွယ် ရှိနေပါတယ်။

Exit mobile version