မွန်ချီဆိုတဲ့ ပုဂ္ဂိုလ်ကို ဘောလုံးအားကစား ဝါသနာရှင်တွေ သတိထားကြမိမယ်ထင်ပါတယ်။ ဆီဗီလာအသင်းရဲ့ ဂိုးသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ မွန်ချီက ကစားသမားဘဝကနေ အနားယူပြီးနောက်မှာ သူရဲ့ ဆီဗီလာအသင်းမှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွှက်လာခဲ့ပါတယ်။ ဘောလုံးသမားဘဝမှာ သိပ်ပြီးမထူးချွန်ခဲ့တဲ့ မွန်ချီက အားကစားဒါရိုက်တာရာထူးကို ရယူလိုက်ပြီးတဲ့နောက်မှာတော့ သူရဲ့ အရည်အချင်း အစစ်အမှန်တွေကို ထုတ်ဖော်ပြသလာနိုင်ခဲ့ကာ ဆီဗီလာအသင်းအတွက် လူသိနည်းတဲ့ ကစားသမားတွေကို ခေါ်ယူပေးခဲ့ပြီး ဒီကစားသမားတွေက ကြယ်ပွင့်ကစားသမားတွေဖြစ်လာကာ အသင်းအတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Headline

၂၀၀၀ပြည့်နှစ်လောက်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ မွန်ချီဟာ ဆီဗီလာအသင်းမှာ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွှက်ရင်း အယ်ဘာရိုမော်ရီနို ဂျီဆပ်နာဗက်စ် ဆာဂျီယိုရာမို့စ် အန်တိုနီယိုရီယက်စ် လူငယ်အသင်းကနေ စီနီယာအသင်းဆီ ခေါ်ဆောင်ပေးနိုင်ခဲ့သလို အက်ဒရီယာနို ဒန်နီအဲဗက်စ် ဘတစ္စတာ ဖာဇီယို ကီတာနဲ့ ရာကီတစ်တို့လို ကစားသမားကောင်းတွေကိုလည်း အသင်းဆီ ခေါ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီကစားသမားတွေကို စျေးပေါပေါနဲ့ ခေါ်ယူပြီး အသင်းကနေ ပြန်လည်ရောင်းထုတ်ရမှာ ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၂၀၀)လောက်အထိ အမြတ်အစွန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Goal.com

အသက်(၅၁)နှစ်အရွှယ်ရှိ စပိန်ဂိုးသမားဟောင်းမွန်ချီက ၂၀၁၆ခုနှစ်မှာတော့ ဆီဗီလာကနေ ထွက်ခွာဖို့ ဟန်ပြင်ခဲ့ပေမယ့်လည်း အသင်းက ခွင့်မပြုခဲ့ပေမယ့် နောက်တစ်နှစ်မှာတော့ မွန်ချီကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ရပါတယ်။ မွန်ချီဟာ ဆီဗီလာကနေ မထွက်ခွာခင် အသင်းကို လာလီဂါမှာ အသင်းကြီးတစ်သင်းဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ သူတာဝန်ယူခဲ့တဲ့ ၁၆နှစ်တာ ကာလအတွင်း ဆီဗီလာက ဖလားပေါင်း(၁၁)လုံးကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ရိုးမားအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွှက်ခဲ့သေးပြီး ၂၀၁၉ခုနှစ် မတ်လမှာပဲ အသင်းဟောင်း ဆီဗီလာကို အားကစားဒါရိုက်တာရာထူးနဲ့ပဲ ပြန်လည်ရောက်လာခဲ့ကာ အသင်းကို စပိန်လာလီဂါရဲ့ စျေးကွက်အကောင်းဆုံးအသင်းဖြစ်လာအောင် စွမ်းဆောင်ပေးနေလျက်ရှိပါတယ်။