အသင်းရဲ့ ဘယ်ခြမ်းခံစစ်ကစားသမား အော်ဂတ်စတိန်ဆန်ကို အက်စတွန်ဗီလာအသင်းဆီ အငှားချထားခဲ့ပြီးနောက် ဆီဗီလာအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘယ်နောက်ခံလူ ဆာဂျီယိုရယ်ဂီလွန်ကို တော့တင်ဟမ်ဟော့စပါးအသင်းကနေ ပြန်လည် ခေါ်ယူသွားချင်နေပြီး အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Sergio Reguilon could be on his way back to Spain this summer

Photo Credit : TEAMtalk

အသက်(၂၅)နှစ်အရွယ်ရှိ စပိန် ဘယ်ခြမ်း ခံစစ်ကစားသမား ရယ်ဂီလွန်ဟာ တောင်ကိုရီးယားနိုင်ငံမှာ ရာသီကြို ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားနေတဲ့ စပါးအသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခြင်း မရှိတဲ့အပြင် စပါးနည်းပြ အန်တိုနီယိုကွန်တီရဲ့ plan ထဲမှာ မပါဝင်ပဲ နွေဈေးကွက်ထဲ အသင်းရဲ့ အရောင်းစာရင်းမှာသာ ပါဝင်လို့နေရပါတယ်။ စပါးအသင်းက ဒီနွေထဲမှာ အင်တာမီလန်အသင်းကနေ အိုင်ဗန်ပါရီဆစ်ကို ခေါ်ယူထားခဲ့တာကြောင့် ပါရီဆစ်က left-back အပြင် left-wing ဘယ်ခြမ်းကိုပါ လိုက်ပါကစားနိုင်တာဖြစ်လို့ ကွန်တီက အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ရယ်ဂီလွန်ထက် ပါရီဆစ်ကိုသာ နေရာပိုပေးဖွယ် ရှိနေသလို left-wing နေရာမှာ ပါရီဆစ်နဲ့ ဆက်ဆီနွန်တို့ကိုသာ နေရာပေးသွားဖွယ် ရှိနေပါတယ်။

Report: Real Madrid considering buying back Tottenham defender Sergio  Reguilon

Photo Credit : Harry Hotspur

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ရယ်ဂီလွန်ကို သူရဲ့အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဆီဗီလာအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ခေါ်ယူသွားချင်နေပြီး ဗီလာအသင်းဆီ ပြောင်းရွှေ့သွားတဲ့ အော်ဂတ်စတိန်ဆန်ရဲ့ နေရာမှာ အစားထိုးသွားချင်နေပါတယ်။ စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတုန်းက ဆီဗီလာအသင်းမှာ အငှားနဲ့ ပါဝင်ကစားခဲ့ဖူးပြီး ခြေစွမ်းအတော်လေး ပြသနိုင်ခဲ့သလို အသင်းနဲ့လည်း ယူရိုပါလိဂ်ဆုဖလားကြီးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အခုလည်း ဆီဗီလာအသင်းဟာ ရယ်ဂီလွန်ကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ချင်နေပေမယ့် ရယ်ဂီလွန်ကို သူတို့တစ်သင်းတည်းသာ စိတ်ဝင်စားနေတာမဟုတ်ပဲ ဘာစီလိုနာအသင်းကလည်း ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးနဲ့ ညှိနှိုင်းမှု အဆင်မပြေခဲ့ရင် အလွန်ဆိုအစား ရယ်ဂီလွန်ကို အငှားနဲ့ ကမ်းလှမ်းသွားဖို့လည်း ရှိနေပါတယ်။ စပါးအသင်းက ဈေးကွက်ထဲမှာ ဘာစီလိုနာ နောက်ခံလူ လွန်ဂလတ်ကို အငှားနဲ့ ခေါ်ယူထားခဲ့တာကြောင့် တကယ်လို့ ဘာစီလိုနာဘက်ကနေသာ ရယ်ဂီလွန်ကို အငှားနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း လက်ခံသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ရီးယဲလ်ကစားသမားဟောင်းဖြစ်တဲ့ ရယ်ဂီလွန်ကတော့ ရီးယဲလ်ရဲ့ ခါးသီးပြိုင်ဘက် ဘာစီလိုနာထက် အသင်းဟောင်း ဆီဗီလာအသင်းဆီကိုသာ ပြောင်းရွှေ့ဖို့ ပိုမို ဆန္ဒရှိနိုင်ပါတယ်။