MySport Myanmar

တန်းဆင်းခဲ့ရမယ်ဆိုရင် ထိပ်သီး ကစားသမား(၇)ဦးထိကို စွန့်လွတ်ရနိုင်တဲ့ အဲဗာတန်

မာဆေးဆိုက်ဒါဘီပွဲမှာ မြို့ခံအသင်း လီဗာပူးလ်ကို အရေးနိမ့်ခဲ့ရတဲ့ အဲဗာတန်အသင်း သူတို့ရဲ့ တန်းဆင်းဇုန်ပြိုင်ဘက် ဘန်လေကလည်း ဝုလ်ဗ်ကို အနို်င်ယူခဲ့လို့ တန်းဆင်းဇုန်ထဲထိကို ရောက်ရှိသွားခဲ့ရသလို အဲဗာတန်အနေနဲ့ လက်ကျန်ပွဲတွေမှာသာ ရလဒ်တွေ ဆက်တိုက်ဆိုးရွှားနေဦးမယ်ဆိုရင် ပရီးမီးယားလိဂ်ကနေပါ တန်းဆင်းသွားရတော့မယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တကယ်လို့ ပရီးမီးယားလိဂ်ကနေသာ တန်းဆင်းသွားရမယ်ဆိုရင် အဲဗာတန်အသင်းအနေနဲ့ အသင်းရဲ့ ထိပ်တန်းကစားသမား (၇)ဦးထိပါ လက်လွတ်ရဖွယ် ရှိလာနိုင်ပါတယ်။

Photo Credit : Daily Mail

ဖရန့်လမ်းပတ်ရဲ့ အဲဗာတန်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပွဲပေါင်း (၃၂)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး လက်ကျန်ပွဲစဉ်(၆)ပွဲထိ ကျန်ရှိနေသေးသလို တန်းဆင်းဇုန်က ပြိုင်ဘက်အသင်းတွေထက် တစ်ပွဲလျော့နေတဲ့ အခြေအနေကြောင့် အခြားအသင်းတွေထက် အခွင့်အရေး ပိုများနေတယ်လို့ ထင်ရနိုင်ပေမယ့်လည်း လက်ကျန်(၃)ပွဲမှာ ချယ်လ်ဆီး လက်စတာ အာဆင်နယ်တို့လို အသင်းတွေအပြင် တန်းဆင်းဇုန်ပြိုင်ဘက် ဝက်ဖို့ဒ်နဲ့ပါ ရင်ဆိုင်ရဦးမှာဖြစ်တာကြောင့် တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ တကယ်လို့ အဲဗာတန်သာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ်ဆိုရင် ပစ်ဖို့ဒ် ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင် ယယ်ရီမီနာ အီဝိုဘီ ဂေါ်ဒွန်နဲ့ အလီတို့လို ကစားသမားတွေကို လက်လွတ်သွားရနိုင်ပါတယ်။

Photo Credit : The Sun

အဲဗာတန်အသင်းဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့်လည်း ရလဒ်ပိုင်း မတည်ငြိမ်မှုတွေကြောင့် ၁၉၅၁ခုနှစ်နောက်ပိုင်း တန်းဆင်းရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အပြင် တန်းဆင်းသွားရမယ်ဆိုရင်လည်း အသင်းရဲ့ နှစ်အနည်းငယ်အတွင်း ဘဏ္ဍာရေး အရှုံးပေါ်ထားမှုက ပိုဆိုးရွှားလာနိုင်တဲ့အတွက် အသင်းရဲ့ big name players တချို့ကို ရောင်းထုတ်ရနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အဲဗာတန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား(၃)ဦးဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်ကစာသမား ရစ်ချာလီဆန် အင်္ဂလန်တိုက်စစ်မှူး ကဲလ်ဗတ်လီဝင်နဲ့ လူငယ်တိုက်စစ်ကစားသမားလေး အန်တိုနီဂေါ်ဒွန်တို့ကို ပရီးမီးယားလိ် ထိပ်သီးကလပ်အသင်းတွေနဲ့အပြိုင် ဥရောပ အင်အားကြီး ကလပ်အသင်းတွေကလည်း စိတ်ဝင်စားလို့နေပါတယ်။ အဲဗာတန်အသင်းသာ တန်းဆင်းရမယ်ဆိုရင် ဒီကစားသမားတွေအပြင် ဂိုးသမားပစ်ဖို့ဒ် နောက်ခံလူမီနာ တောင်ပံကစားသမားအီဝိုဘီနဲ့ ကွင်းလယ်လူအလီတို့ကိုလည်း အသင်းကနေ လက်လွတ်သွားရနိုင်ဖို့ အခြေအနေများနေရပါတယ်။

Exit mobile version