ဘာစီလုိနာအသင္းကေတာ့ သူတုိ႔အသင္းအတြက္ ေအာင္ျမင္မႈေတြ ရယူေပးႏုိင္ျခင္းမရွိတဲ႔ နည္းျပဗယ္ဗာဒီကုိ အသင္းနည္းျပရာထူးကေန ထုတ္ပယ္ခဲ႔ၿပီးေနာက္ အခ်ိန္တုိေလးအတြင္းမွာပဲ ဘက္တစ္အသင္းရဲ႕နည္းျပေဟာင္း ကီကီဆက္တီယန္နဲ႔ အစားထုိးခန္႔အပ္ျဖစ္ခဲ႔ပါတယ္။ နည္းျပသစ္ဆက္တီယန္ကေတာ့ လာမယ့္ ဂရန္နာဒါအသင္းနဲ႔ စပိန္လာလီဂါၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္အေနနဲ႔ စတင္ကုိင္တြယ္ရေတာ့မွာျဖစ္ၿပီး လက္ရွိမွာေတာ့ အသင္းနဲ႔ ေလ့က်င့္ခန္းအစီအစဥ္ေတြအျပင္ သတင္းစာရွင္းလင္းပြဲေတြ လုပ္ေဆာင္လ်က္ရွိေနပါတယ္။

Photo Credit :90xtra

အသက္၆၁ႏွစ္အရႊယ္ရွိ ဝါရင့္စပိန္လူမ်ိဳး နည္းျပႀကီးဆက္တီယန္ဟာ စပိန္ကလပ္အသင္းမ်ားစြာကုိ ကုိင္တြယ္ခဲ႔ေပမယ့္လည္း ထိပ္တန္းကလပ္အသင္းႀကီးေတြကိုေတာ့ ကုိင္တြယ္ခဲ႔ဖူးျခင္းမရွိသလုိ ဆုဖလားေအာင္ျမင္မႈေတြလည္း မရွိသေလာက္နည္းပါးခဲ႔သူျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ကုိ ဘာစီလုိနာအသင္းကေန ယုံယုံၾကည္ၾကည္နဲ႔ နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ႔သလုိ ဆက္တီယန္ကလည္း ဘာစီလုိနာကုိ ပုံံစံေကာင္းတစ္ခုရရွိေအာင္ လုပ္ေဆာင္ေပးမယ္လုိ႔ ကတိစကားဆုိခဲ့ပါတယ္။ ဒါ့အျပင္ ဆက္တီယန္ဟာ လက္ရွိမွာ ဖြင့္လွစ္ဆဲျဖစ္ေနတဲ႔ ေဆာင္းရာသီေစ်းကြက္နဲ႔ ပတ္သက္ၿပီးေတာ့ကုိလည္း သူရဲ႕ျပင္ဆင္ခ်က္ေတြကို ရွင္းလင္းေျပာဆုိခဲ႔ပါေသးတယ္။

Photo Credit : Goal.com

ဆက္တီယန္က အခုေဆာင္းေစ်းကြက္အတြင္းမွာ သူ႔အသင္းက ဘယ္ကစားသမားကုိမွ ေရာင္းထုတ္သြားမွာမဟုတ္ဘူးလုိ႔ ေျပာဆုိသြားခဲ႔တဲ႔အတြက္ အသင္းကေန ထြက္ခြာမယ္လုိ႔ သတင္းထြက္ေနၾကတဲ႔ ဒမ္ဘီလီ ၊ ဗီဒယ္ ၊ ရာကီတစ္ ၊ အမ္တီတီတုိ႔အေနနဲ႔ ဒီေစ်းကြက္မွာ အသင္းကေန ထြက္ခြာရဖုိ႔ကေတာ့ အေျခအေနအလြန္နည္းပါးသြားခဲ႔ပါတယ္။ ဒါေပမယ့္ ဒူးဒဏ္ရာ ခြဲစိတ္မႈေၾကာင့္ ၄လေလာက္အထိ အနားယူရေတာ့မယ့္ အသင္းရဲ႕ဝါရင့္တုိက္စစ္မွဴးႀကီး လူးဝစ္ဆြာရက္ဇ္ေနရာအတြက္ေတာ့ ကစားသမားအင္အားျဖည့္တင္းမႈက ျဖစ္လာႏုိင္ေျခရွိေနတယ္လုိ႔ အရိပ္အျမြက္ေျပာဆုိသြားခဲ႔ပါတယ္။ လက္ရွိမွာ ဆက္တီယန္က ဂရစ္ဇ္မန္းကုိ အေထာင္တုိက္စစ္မွာ သုံးလာႏုိင္ေပမယ့္လည္း အန္ဆုဖာတီ ကားလက္စ္ပီရက္ဇ္တုိ႔လုိ လူငယ္ကစားသမားေလးေတြထက္ အေတြ႕အႀကံဳရွိ တုိက္စစ္မွဴးတစ္ဦးကုိသာ ေရတုိစီမံကိန္းအေနနဲ႔ ေခၚေဆာင္သြားခ်င္တာေၾကာင့္ အငွားကမ္းလွမ္းမႈတစ္ခုခုကုိ လုပ္ေဆာင္လာႏုိင္ပါတယ္။ ဒါေတြအားလုံးထက္ ပုိစိတ္ဝင္စားစရာေကာင္းတာကေတာ့ ၿပီးခဲ႔တဲ႔ ပထမအေက်ာ့မွာ ဂုိးျပတ္အေရးနိမ့္ထားခဲ႔တဲ့ ဂရန္နာဒါနဲ႔ပြဲမွာ ဆက္တီယန္က သူ႔အသင္းအတြက္ ကလဲ႔စားေခ်ၿပီး ပြဲဦးထြက္ႏုိင္ပြဲယူႏုိင္မလားဆုိတာပါပဲ။

(Unicode)

စျေးကွက်မပိတ်ခင် ဘာတွေလုပ်ဆောင်မလဲဆိုတာ ချပြလိုက်တဲ့ ဘာစီလိုနာနည်းပြသစ်

ဘာစီလိုနာအသင်းကတော့ သူတို့အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးနိုင်ခြင်းမရှိတဲ့ နည်းပြဗယ်ဗာဒီကို အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အချိန်တိုလေးအတွင်းမှာပဲ ဘက်တစ်အသင်းရဲ့နည်းပြဟောင်း ကီကီဆက်တီယန်နဲ့ အစားထိုးခန့်အပ်ဖြစ်ခဲ့ပါတယ်။ နည်းပြသစ်ဆက်တီယန်ကတော့ လာမယ့် ဂရန်နာဒါအသင်းနဲ့ စပိန်လာလီဂါပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အနေနဲ့ စတင်ကိုင်တွယ်ရတော့မှာဖြစ်ပြီး လက်ရှိမှာတော့ အသင်းနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေအပြင် သတင်းစာရှင်းလင်းပွဲတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။

Photo Credit :90xtra

အသက်၆၁နှစ်အရွှယ်ရှိ ဝါရင့်စပိန်လူမျိုး နည်းပြကြီးဆက်တီယန်ဟာ စပိန်ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ပေမယ့်လည်း ထိပ်တန်းကလပ်အသင်းကြီးတွေကိုတော့ ကိုင်တွယ်ခဲ့ဖူးခြင်းမရှိသလို ဆုဖလားအောင်မြင်မှုတွေလည်း မရှိသလောက်နည်းပါးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘာစီလိုနာအသင်းကနေ ယုံယုံကြည်ကြည်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သလို ဆက်တီယန်ကလည်း ဘာစီလိုနာကို ပုံံစံကောင်းတစ်ခုရရှိအောင် လုပ်ဆောင်ပေးမယ်လို့ ကတိစကားဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆက်တီယန်ဟာ လက်ရှိမှာ ဖွင့်လှစ်ဆဲဖြစ်နေတဲ့ ဆောင်းရာသီစျေးကွက်နဲ့ ပတ်သက်ပြီးတော့ကိုလည်း သူရဲ့ပြင်ဆင်ချက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။

Photo Credit : Goal.com

ဆက်တီယန်က အခုဆောင်းစျေးကွက်အတွင်းမှာ သူ့အသင်းက ဘယ်ကစားသမားကိုမှ ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ ပြောဆိုသွားခဲ့တဲ့အတွက် အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေကြတဲ့ ဒမ်ဘီလီ ၊ ဗီဒယ် ၊ ရာကီတစ် ၊ အမ်တီတီတို့အနေနဲ့ ဒီစျေးကွက်မှာ အသင်းကနေ ထွက်ခွာရဖို့ကတော့ အခြေအနေအလွန်နည်းပါးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် ၄လလောက်အထိ အနားယူရတော့မယ့် အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်နေရာအတွက်တော့ ကစားသမားအင်အားဖြည့်တင်းမှုက ဖြစ်လာနိုင်ခြေရှိနေတယ်လို့ အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ ဆက်တီယန်က ဂရစ်ဇ်မန်းကို အထောင်တိုက်စစ်မှာ သုံးလာနိုင်ပေမယ့်လည်း အန်ဆုဖာတီ ကားလက်စ်ပီရက်ဇ်တို့လို လူငယ်ကစားသမားလေးတွေထက် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ဦးကိုသာ ရေတိုစီမံကိန်းအနေနဲ့ ခေါ်ဆောင်သွားချင်တာကြောင့် အငှားကမ်းလှမ်းမှုတစ်ခုခုကို လုပ်ဆောင်လာနိုင်ပါတယ်။ ဒါတွေအားလုံးထက် ပိုစိတ်ဝင်စားစရာကောင်းတာကတော့ ပြီးခဲ့တဲ့ ပထမအကျော့မှာ ဂိုးပြတ်အရေးနိမ့်ထားခဲ့တဲ့ ဂရန်နာဒါနဲ့ပွဲမှာ ဆက်တီယန်က သူ့အသင်းအတွက် ကလဲ့စားချေပြီး ပွဲဦးထွက်နိုင်ပွဲယူနိုင်မလားဆိုတာပါပဲ။