ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အရင်က ကစားခဲ့တဲ့ ပုံစံအတိုင်း ဆက်ကစားမယ် ဆိုရင် ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ မဖြစ်နိုင်ဘူးလို့ ပြောသွားခဲ့ပေမယ့်လည်း ဘာစီလိုနာ နည်းပြ ဆက်တီယန်က ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလား (၄) ကြိမ် ရရှိခဲ့ပြီး ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ ဘာစီလိုနာအသင်းကို နည်းပြတာ (၁) နှစ် မပြည့်သေးပေမယ့်လည်း ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်တယ်လို့ အခိုင်အမာ ဆိုပါတယ်။

Photo Credit: Goal

Sport သတင်းမှာ မက်ဆီက “ကျွန်တော် အသင်းအပေါ်မှာ ဘယ်တုန်းကမှ သံသယ မရှိဘူး။ ကျွန်တော် သံသယ မရှိပါဘူး။ ဖလားတွေ အားလုံးကို ကျွန်တော်တို့ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရင်က ကစားခဲ့သလိုမျိုး ကစားလို့ မရပါဘူး။ အခုတော့ လူတိုင်းက သူတို့မှာ ကိုယ်ပိုင် အမြင် ရှိလာကြတယ်။ သူတို့ အားလုံးက အလွန် လေးစားစရာ ကောင်းကြပါတယ်။ ကျွန်တော် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နှစ်တိုင်း ကစားခွင့်ရတာက အလွန် ကံကောင်းတဲ့ အချက်ပါ။ အရင်က ကစားခဲ့တဲ့ ပုံစံအတိုင်း ဆက်ကစားသွားမယ် ဆိုရင် ချန်ပီယံလိဂ် ဆုဖလားကို ရရှိဖို့ မဖြစ်နိုင်ဘူး ဆိုတာကို ကျွန်တော် ကိုယ်တိုင် သိပါတယ်”လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ နည်းပြ ဆက်တီယန်ဟာ တိုက်စစ်မှူး မက်ဆီ ပြောသွားခဲ့တာကို ပြန်ချေပသွားခဲ့ပြီး သူက “မက်ဆီ ပြောခဲ့တာက ကြီးမားတဲ့ ငြင်းခုံမှုကို ဖန်တီးတယ်လို့ ကျွန်တော် မြင်တယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်ပါတယ်။ ကျွန်တော်တို့ အချို့အရာကို တိုးတတ်အောင် လုပ်ရဦးမယ်။ ဒါပေမယ့် သံသယ မရှိတာက လက်ရှိအသင်းက ချန်ပီယံလိဂ် ဆုဖလား ရရှိနိုင်ဖို့ အရည်အချင်း ရှိတယ်လို့ ဆိုတာပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလားကို ရရှိနိုင်တယ်။ ကျွန်တော်တို့ ချန်ပီယံလိင်္ဂ ဆုဖလားကို ရရှိနိုင်မယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်ကြပါတယ်။ သေချာတာပေါ့။ ကျွန်တော်တို့ ရနိုင်ပါတယ်”လို့ ပြောကြားသွားပါတယ်။