ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆုဖလား ရနိုင်တဲ့ စီမံကိန်း မရှိဘူးလို့ တွေးပြီး ဘာစီလိုနာအသင်းကနေ ထွက်သွားနိုင်ချေ ရှိတယ်လို့ အခိုင်အမာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘုတ်အဖွဲ့ဝင် (၆) ယောက် ထွက်သွားပြီးနောက် ဘာစီလိုနာအသင်းမှာ မပြေလည်မှု နဲ့ တင်းမားမှုတွေ မြင့်တတ်လာခဲ့ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီအနေနဲ့ လက်ရှိ ရာသီပြီးသွားရင် အသင်းကနေ ထွက်သွားနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit: Gettyimage

တိုက်စစ်မှူး မက်ဆီဟာ ကစားသမားဘဝကို ဘာစီလိုနာအသင်း တစ်သင်းတည်းမှာပဲ ကစားပြီး ကစားသမားဘဝကို ကုန်ုဆုံးသွားဖွယ် ရှိပေမဲ့လည်း ဘာစီလိုနာအသင်းမှာ ဆုဖလား ရရှိနိုင်တဲ့ စီမံကိန်း မရှိဘူး ဆိုရင်တော့ ဘာစီလိုနာအသင်းကနေ ထွက်သွားနိုင်ချေ ရှိနေပြီပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နည်းပြချုပ် ဆက်တီယန်ကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆုဖလား ရရှိနိုင်တဲ့ စီမံကိန်း မရှိဘူးလို့ တွေးပြီး အသင်းကနေ ထွက်သွားနိုင်ဖွယ် ရှိပေမဲ့လည်း ဘာစီလိုနာအသင်းမှာ ဆုဖလား ရရှိနိုင်တဲ့ စီမံကိန်း အမြဲတမ်း ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Gettyimage

ဘာစီလိုနာ နည်းပြ ဆက်တီယန်က “မက်ဆီက ဘာစီလိုနာအသင်းဆီမှာ ဆုဖလား ရရှိနိုင်တဲ့ စီမံကန်း မရှိဘူးလို့ တွေးမိပြီး အသင်းကနေ ထွက်သွားနိုင်ချေ ရှိပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းမှာက ဆုဖလား ရရှိနိုင်တဲ့ စီမံကိန်း အမြဲ ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။ နည်းပြ ဆက်တီယန်ဟာ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါ လက်ကျန်ပွဲစဉ်တွေ ဆက်လက် မကစားတော့ဘဲ လာလီဂါ ဆုဖလား ရရှိနိုင်ပါသလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ဒီကိစ္စက အတော် ရှုပ်ထွေးပါတယ်။ အခြေအနေကလည်း မရှင်းလင်းသေးပါဘူး။ ကျွန်တော်အနေနဲ့တော့ အိမ်မှာ နေရတာပဲ ကြိုက်ပါတယ်။ တကယ်လို့ ဒီအတိုင်းသာ အဆုံးသတ်သွားရမယ်ဆိုရင်တော့ ဒီအတိုင်းပဲ ထားရမှာပါ။ ဒါပေမဲ့ ကျွန်တော် ချန်ပီယံအသင်းလို့ ခံစားရမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။