ဘာစီလိုနာအသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ကိုပါဒယ်ရေး ကွာတာ ဖိုင်နယ် ပွဲစဉ်မှာ ဘီဘာအိုအသင်းကို နာကျင်အချိန်ပိုက ဘတ်စကွက်ရဲ့ ကိုယ့်ဂိုးကို သွင်းဂိုးကြောင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘီဘာအိုအသင်းကို (၁-ဝ) နဲ့ အရေးနိမ့်ခဲ့ပြီး တစ်ဖက်က သူ့ရဲ့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းကလည်း ရီးရဲလ် ဆိုစီဒက်အသင်းကို (၄-၃) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်သင်းစလုံးက ကိုပါဒယ်ရေး ဆုဖလားနဲ့ လွဲချော်သွားခဲ့ကြပြီ ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာ နောက်ခံလူ ပီကေးဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲကစားချိန် (၇၈) မိနစ်မှာ ညာဘက်ပေါင်ခြံ ဒဏ်ရာရရှိခဲ့တာကြောင့် သယ်ထုတ်ခံရပြီး နည်းပြ ဆက်တီယန်က ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ ဘီဘာအိုအသင်းကို ကိုယ့်ဂိုးကိုယ် သွင်းဂိုးကြောင့် (၁-ဝ) နဲ့ အရေးနိမ့်ခဲ့ပေမဲ့လည်း အရှုံးရလဒ်က လွဲရင် အကုန်လုံး ကောင်းမွန်ခဲ့ပါတယ်လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Photo Credit: Marca

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဘာစီလိုနာ နည်းပြ ဆက်တီယန်က “အရှုံးရလဒ်က လွဲရင် အကုန်လုံး ကောင်းမွန်ခဲ့ပါတယ်။ ပြိုင်ပွဲက အထုတ်ခံရလိုက်လို့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ တိုးတတ်စရာ လိုအပ်တဲ့ အပိုင်းတွေမှာ တိုးတတ်လာခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်။ ဒီပွဲစဉ်ရဲ့ ရလဒ်ထက်စာရင် ဒီပွဲစဉ်ကနေ အခြား အရာတွေကို အများကြီး ပိုပြီး သင်ယူမိပါတယ်။ ပီကေးရဲ့ ဒဏ်ရာ မပြင်းထန်ဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။