ဘာစီလိုနာ နည်းပြ ဆက်တီယန်ကတော့ မနေ့က ကစားသွားခဲတဲ့ လာလီဂါ ပွဲစဉ်မှာ ဆီဗီလာအသင်းနဲ့ သရေကျပြီးနောက် ရီးရဲလ်အသင်းအနေနဲ့ လက်ကျန် လာလီဂါ ပွဲစဉ်တွေ အားလုံးကို အနိုင်ရရှိမှာ မဟုတ်ပါဘူးလို့ AS သတင်းမှာ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ရမှတ် (၆၅) မှတ် ရရှိထားပြီး တကယ်လို့ ရီးရဲလ်အသင်းက တနင်္ဂနွေည ဆိုဆီဒက်စ်အသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ အနိုင်ရမယ် ဆိုရင် ဘာစီလိုနာအသင်းနဲ့ ရမှတ် တူမှာပဲ ဖြစ်ပါတယ်။

 

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ ဆီဗီလာအသင်းကို အနိုင်မရခဲ့တာကြောင့် ရမှတ် (၂) မှတ် ဆုံးရှုံးခဲ့ပြီး သူ့ရဲ့ နောက် အဆင့် (၂) နေရာမှာ ရပ်တည်နေတဲ့ ရီးရဲလ်အသင်းက ဘာစီလိုနာအသင်းကို စပိန် လာလီဂါ အမှတ်ပေး ဇယား ပြိုင်ပွဲမှာ ဖိအားပေးဖို့ အခွင့်အရေး ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာ နောက်ခံလူ ပီကေးကတော့ ရီးရဲလ်အသင်းအနေနဲ့ လက်ကျန် လာလီဂါ ပွဲစဉ်မှာ ရမှတ် ဆုံးရှုံးဖို့ ခက်ခဲတယ်လို့ ပြောသွားခဲ့ပေမယ့်လည်း ဘာစီလိုနာ နည်းပြ ဆက်ဆီယန်က သဘောမတူဘဲ ရီးရဲလ်အသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေ အားလုံးကို မနိုင်ပါဘူးလို့ ပြောသွားပါတယ်။

Photo Credit: Goal

နည်းပြ ဆက်တီယန်က “ပီကေး ပြောတာက စိတ်ပျက်စရာ ကောင်းတဲ့ အရာလို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ပွဲအစ မိနစ် (၃၀) မှာ ကောင်းတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးပြီး ပြိုင်ဘက် ရီးရဲလ်အသင်းကို အခွင့်အရေးပေးလိုက်တယ်။ မနက်ဖြန်ကျရင်တော့ ပီကေးအနေနဲ့ အတွေးပြောင်းသွားပါလိမ့်မယ်။ ဘာလို့လဲဆိုရင် ရီးရဲလ်အသင်းက လက်ကျန် ပွဲစဉ် အားလုံးကို အနိုင်မရဘူး ဆိုတာ ကျွန်တော် သေချာပြောရဲပါတယ်။ ပြိုင်ဘက်အသင်းတွေမှာ ပြောစရာတွေ အမြဲတမ်း ရှိတယ်။ ခက်ခဲ့တဲ့ ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ရင်တောင် အကောင်းမြင်ရမယ်”လို့ ပြောပါတယ်။