အခု နွေဈေးကွက်ထဲမှာ ကစားသမား ခေါ်ယူမှုတွေကို ရှယ် လုပ်ဆောင်နေတဲ့ ဆော်ဒီ ပရိုလိဂ် ကလပ်အသင်းတွေထဲကမှ နာမည်ကျော် ကလပ်အသင်း တစ်သင်းဖြစ်သော အယ်လ် ဟီလယ်အသင်းက ဖူလ်ဟမ်ရဲ့ ဆာဘီးယား တိုက်စစ်မှူး မီထရိုဗစ်ကို ခေါ်ယူသွားချင်နေရာ ဖူလ်ဟမ်ကလည်း သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို (၅၂)သန်းအထိ ဈေးသတ်မှတ်လိုက်ပါတယ်။

Photo Credit : Transfermarket

   အယ်လ် ဟီလယ်အသင်းက ဒီဈေးကွက်ထဲမှာ ချယ်လ်ဆီး နောက်ခံလူ ကူလီဘလီ ၊ ဝုလ်ဗ် ကွင်းလယ်လူ ရူဘင် နေးဗက်စ် နဲ့ လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ် ဆာဗစ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးနောက် မီလင်ကိုဗစ် ဆာဗစ်ရဲ့ လက်ရွေးစင် အသင်းဖော် မီထရိုဗစ်ကိုပါ ဆက်လက် ချိန်ရွယ်လာခဲ့ပါတယ်။ ဒီအချိန်မှာ မီထရိုဗစ်က အယ်လ် အာလီအသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့အတွက် ဖူလ်ဟမ်အသင်းအတွက်ကိုပါ ဆက်လက် မကစားပေးချင်တော့ကြောင်း ရင်းနှီးသူတွေကို ဖွင့်ဟထားတယ်လို့ သိရပါတယ်။

Photo Credit : Twitter

   ဒီလို အသင်းကနေ ထွက်ခွာချင်လာခဲ့သူ မီထရိုဗစ်ကိုလည်း ဖူလ်ဟမ်အသင်းက ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့ပြီး ကစားသမားအတွက် ယူရို (၅၂)သန်းအထိ ရရှိမယ်ဆိုရင်တော့ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ အယ်လ် ဟီလယ်အသင်းကလည်း ဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ပြောင်းရွှေ့ကြေးတွေ ဆက်တိုက် သုံးစွဲထားတဲ့ အသင်းတစ်သင်း ဖြစ်သလို လာမယ့် ရာသီမှာ ဆော်ဒီ အမှတ်ပေးလိဂ်ဖလား နဲ့ AFC ချန်ပီယံလိဂ်ဝင်ခွင့်တွေ ရရှိဖ်ို့အတွက် ကစားသမား ဖြည့်တင်းမှုတွေကို ဆက်လက် လုပ်ဆောင်ချင်နေပါတယ်။

   ဒါကြောင့်ပဲ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအားကောင်းလှတဲ့ မီထရိုဗစ်ကိုပါ ထပ်မံ ခေါ်ယူချင်နေခဲ့တာဖြစ်ပြီး ဖူလ်ဟမ် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးအတိုင်း အယ်လ် ဟီလယ်ဘက်က ကမ်းလှမ်းလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။